【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီအချိန်က သင့်အတွက် လမ်းသွားရင်း တောင် ပိုက်ဆံကောက်ရတတ်တဲ့ ကာလအချိန်အခါဖြစ်လို့ ထီ၊ အမွေ စတာတွေ မျှော်လင့်လို့ရပါတယ်။သင့်ကံက ဒီရက်ပိုင်းအတွင်း ငွေကြေးကံကောင်းတဲ့ကာလပါ။ယခု 
တစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် တနင်္လာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။အခုချိန်မှာ အလုပ်အကိုင်လည်း အောင်မြင်မှုရရှိတတ်တဲ့အခါဖြစ်နေလို့ လုပ်ငန်းသစ်အတွက် တိုးချဲ့လုပ်ကိုင်သင့်တဲ့ကာလဖြစ်သလိုလူမျိုးခြားနဲ့ စပ်တူလုပ်ရတဲ့အလုပ်တောင် အောင်မြင်မယ့်ကာလ ဖြစ်နေပါတယ်။သင်ကဝန်ထမ်းဆိုရင် ပင်ပန်းသလောက် အကျိုးခံစားရမယ့် အချိန်ကာလပါ။ပညာရေးကိစ္စမှာ အတတ်ပညာသင်သူတွေ အောင်မြင်မှုရှိနေတဲ့ အချိန်အခါပါ။ကျန်းမာရေးကတော့ လေထိုးလေအောင့်နဲ့ နှလုံးနှင့်ပတ်သက်တဲ့ရောဂါတွေ ဖြစ်တတ်ပါတယ်။အိမ်ထောင်သည်တွေ အဆင်မပြေသလိုလိုနဲ့ ပြေလည်မှာဖြစ်သလိုချစ်သူရှာမယ့် ငယ်ရွယ်သူတွေကတော့ အဆင်ပြေပြီးမှ လွဲတတ်ပါတယ်။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ပန်းအိုးတွင် ကံ့ကော်ပန်းထိုးကာ ရှင်သီဝလိဂါထာဖြင့် ရွတ်ဖတ်ပူဇော်ပါ။
 
ပြည်ပထွက်ခွာလိုသူများ ။     ။ အလုပ်ကိစ္စသွားတိုင်း တဟိ့ံ တဟိ့ ံ ဂါထာကို သက်စေ့ရွတ်ဖတ်ပူဇော်ပေးပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ အိမ်အနီးရှိ ဘုရားစေတီသို့ နံနက်စောစောပဋ္ဌာန်းဒေသနာဖြင့် ရွတ်ဖတ်ပူဇော်ပါ။
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ဒီရက်ပိုင်း စိတ်ချင်းအဆင်မပြေဖြစ်နေသည့် အိမ်ထောင်ဘက်များ မိုးလင်းတိုင်းမှန်ကြည့်ပြီးမှ စကားပြောပါ။
 
လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုန်းကြီးကျောင်းသို့သွားကာ ကုဋီဆေးကြောပေးပါ။ရေဖြည့်ပေးပါ။
 
ကျန်းမာရေးမကောင်းသူများ ။     ။ ရေသတ္တဝါများထားသည့်ကန်သို့ ရေခွက်ဖြင့် ရေသက်စေ့ဖြည့်ပေးပါ။
 
ထီကံကောင်းလိုသူများ ။     ။ စက်ဘီးနှင့်ရောင်းသည့် ထီဆိုင်တွင် ၂/၅ ဂဏန်းပါသော ထီကိုရွေးထိုးပါ။
 
( Zawgyi )
 
ဒီအခ်ိန္က သင့္အတြက္ လမ္းသြားရင္း ေတာင္ ပိုက္ဆံေကာက္ရတတ္တဲ့ ကာလအခ်ိန္အခါျဖစ္လို႔ ထီ၊ အေမြ စတာေတြ ေမွ်ာ္လင့္လို႔ရပါတယ္။သင့္ကံက ဒီရက္ပိုင္းအတြင္း ေငြေၾကးကံေကာင္းတဲ့ကာလပါ။ယခု 
တစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ တနလၤာ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။အခုခ်ိန္မွာ အလုပ္အကိုင္လည္း ေအာင္ျမင္မႈရရွိတတ္တဲ့အခါျဖစ္ေနလို႔ လုပ္ငန္းသစ္အတြက္ တိုးခ်ဲ႕လုပ္ကိုင္သင့္တဲ့ကာလျဖစ္သလိုလူမ်ိဳးျခားနဲ႔ စပ္တူလုပ္ရတဲ့အလုပ္ေတာင္ ေအာင္ျမင္မယ့္ကာလ ျဖစ္ေနပါတယ္။သင္ကဝန္ထမ္းဆိုရင္ ပင္ပန္းသေလာက္ အက်ိဳးခံစားရမယ့္ အခ်ိန္ကာလပါ။ပညာေရးကိစၥမွာ အတတ္ပညာသင္သူေတြ ေအာင္ျမင္မႈရွိေနတဲ့ အခ်ိန္အခါပါ။က်န္းမာေရးကေတာ့ ေလထိုးေလေအာင့္နဲ႔ ႏွလုံးႏွင့္ပတ္သက္တဲ့ေရာဂါေတြ ျဖစ္တတ္ပါတယ္။အိမ္ေထာင္သည္ေတြ အဆင္မေျပသလိုလိုနဲ႔ ေျပလည္မွာျဖစ္သလိုခ်စ္သူရွာမယ့္ ငယ္႐ြယ္သူေတြကေတာ့ အဆင္ေျပၿပီးမွ လြဲတတ္ပါတယ္။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ပန္းအိုးတြင္ ကံ့ေကာ္ပန္းထိုးကာ ရွင္သီဝလိဂါထာျဖင့္ ႐ြတ္ဖတ္ပူေဇာ္ပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား ။     ။ အလုပ္ကိစၥသြားတိုင္း တဟိ့ံ တဟိ့ ံ ဂါထာကို သက္ေစ့႐ြတ္ဖတ္ပူေဇာ္ေပးပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ အိမ္အနီးရွိ ဘုရားေစတီသို႔ နံနက္ေစာေစာပ႒ာန္းေဒသနာျဖင့္ ႐ြတ္ဖတ္ပူေဇာ္ပါ။
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ဒီရက္ပိုင္း စိတ္ခ်င္းအဆင္မေျပျဖစ္ေနသည့္ အိမ္ေထာင္ဘက္မ်ား မိုးလင္းတိုင္းမွန္ၾကည့္ၿပီးမွ စကားေျပာပါ။
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုန္းႀကီးေက်ာင္းသို႔သြားကာ ကုဋီေဆးေၾကာေပးပါ။ေရျဖည့္ေပးပါ။
 
က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေရသတၱဝါမ်ားထားသည့္ကန္သို႔ ေရခြက္ျဖင့္ ေရသက္ေစ့ျဖည့္ေပးပါ။
 
ထီကံေကာင္းလိုသူမ်ား ။     ။ စက္ဘီးႏွင့္ေရာင္းသည့္ ထီဆိုင္တြင္ ၂/၅ ဂဏန္းပါေသာ ထီကိုေ႐ြးထိုးပါ။