【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်း စိတ်ပျက်စရာ အနှောင့်အယှက်တွေ ပေါ်တတ်ပါတယ်။အလုပ်အတွင်း၊ မိသားစုအတွင်း ပြဿနာတွေတစ်ခုပြီး တစ်ခု ဖြေရှင်းနေရတတ်သလို တချို့အရင်းအချာလို့ ကိုယ်သတ်မှတ်ထားတဲ့သူတွေက ကိုယ့်ကိုအမြင်မကြည်တာတွေလည်း ယခုအချိန်မှာကြုံရတတ်ပါတယ်။ဒီတစ်ပတ် သင့်ကို ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် အကောင်းဆုံးအကြံပေးနိုင်တာက တနင်္ဂနွေ သားသမီးတွေပါ။ကံညံ့ပေမယ့် အလုပ်အကိုင်တွေ ရာထူးတိုးတာတွေ၊ အလုပ်လျှောက်တာတွေ အောင်မြင်မှုရမယ့်ကာလပါ။အိမ်ခြံမြေလုပ်ငန်းရှင်တွေ၊ စာချုပ်စာတမ်းနဲ့လုပ်ရတဲ့ အလုပ်တွေ မကောင်းသေးပါဘူး။အထူးသဖြင့် ကြေငြာသမားတွေ ဘ၀ပျက်တတ်တဲ့ကာလပါ။ဘာကိုမှကြိုမလုပ်ပါနှင့်။ဒီကာလ ငွေဝင်ကောင်းနေသူထဲ ရာသီကုန်လုပ်ကိုင်သူတွေ ပါနေပါတယ်။ရွှေဝင်တာထက် ရွေထွက် ငွေထွက်လည်း များနေတတ်တဲ့ အချိန်ကာလပါ။ဒီကာလအတွင်း စပ်တူကိစ္စတွေ၊ အစုရှယ်ယာလုပ်ငန်းတွေ အကျိုးမပေးတတ်ပါဘူး။ပြည်တွင်း ပြည်ပ ခရီးတွေထွက်ဖို့ အကြောင်းပေါ်လာတတ်ပေမယ် အနားကပ်မှ ပျက်တတ်ပါတယ်။ကျန်းမာရေးက ကောင်းနေပေမယ့် ညဘက်အိပ်မရတာတွေ ဖြစ်တတ်ပါတယ်။ပညာရေးကတော့ အဖျားရှူးကိန်းရှိနေပါတယ်။အိမ်ထောင်သည်တွေ ချစ်သူတွေ မကြာခဏ စကားပြောတာ အဆင်မပြေဖြစ်တတ်ပြီး စိတ်ကုန်သလိုဖြစ်တတ်လို့ အလွယ်မဆုံးဖြတ်သင့်ပါဘူး။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ယခုတစ်ပတ်လုံး အောင်သပြေပန်းကပ်လှူကာ ရှင်သီဝလီဂါထာကို သက်စေ့ရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ ဘုရားရှေ့တွင် ကိုးရက်တိတိ တဟိ့ ံ တဟိ့ ံ ဂါထာ သက်စေ့ရွတ်ဆိုပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားရှိ တနင်္ဂနွေထောင့်တွင် ဂုဏ်တော်ပုတီးစိပ်ပြီး လိုရာဆုတောင်းပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်ထဲရှိ ဘူးလွတ်၊ ကတ်ထူးစက္ကူဗူး အလွတ်တွေကို ဖယ်ရှားပါ။သွားတိုက်ဆေးဗူးအလွတ်တောင် မထားပါနဲ့။

လူမှုရေးအတိုက်အခံများသူများ ။     ။ အရဟံ အစချီ ဂါထာအား ရွတ်ဆိုပါ။ဘုရားတွင် ရေသပ္ပါယ်ခြင်း၊ စေတီရင်ပြင်များတွင် အမှိုက်များကောက်ခြင်းအား ပြုလုပ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ရေသတ္တဝါများကို မကြာခဏ ဘေးမဲ့လွှတ်ပါ။

ထီကံကောင်းလိုသူများ ။     ။ လမ်းတွင်တွေ့သည့် တွန်းလှည်း ထီဆိုင်မှ ၁/၆ ဂဏန်းများပါသော ထီကိုရွေးထိုးပါ။

( Zawgyi )

ဒီရက္ပိုင္းအတြင္း စိတ္ပ်က္စရာ အေႏွာင့္အယွက္ေတြ ေပၚတတ္ပါတယ္။အလုပ္အတြင္း၊ မိသားစုအတြင္း ျပႆနာေတြတစ္ခုၿပီး တစ္ခု ေျဖရွင္းေနရတတ္သလို တခ်ိဳ႕အရင္းအခ်ာလို႔ ကိုယ္သတ္မွတ္ထားတဲ့သူေတြက ကိုယ့္ကိုအျမင္မၾကည္တာေတြလည္း ယခုအခ်ိန္မွာႀကဳံရတတ္ပါတယ္။ဒီတစ္ပတ္ သင့္ကို ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ အေကာင္းဆုံးအႀကံေပးႏိုင္တာက တနဂၤေႏြ သားသမီးေတြပါ။ကံညံ့ေပမယ့္ အလုပ္အကိုင္ေတြ ရာထူးတိုးတာေတြ၊ အလုပ္ေလွ်ာက္တာေတြ ေအာင္ျမင္မႈရမယ့္ကာလပါ။အိမ္ၿခံေျမလုပ္ငန္းရွင္ေတြ၊ စာခ်ဳပ္စာတမ္းနဲ႔လုပ္ရတဲ့ အလုပ္ေတြ မေကာင္းေသးပါဘူး။အထူးသျဖင့္ ေၾကျငာသမားေတြ ဘ၀ပ်က္တတ္တဲ့ကာလပါ။ဘာကိုမွႀကိဳမလုပ္ပါႏွင့္။ဒီကာလ ေငြဝင္ေကာင္းေနသူထဲ ရာသီကုန္လုပ္ကိုင္သူေတြ ပါေနပါတယ္။ေ႐ႊဝင္တာထက္ ေ႐ြထြက္ ေငြထြက္လည္း မ်ားေနတတ္တဲ့ အခ်ိန္ကာလပါ။ဒီကာလအတြင္း စပ္တူကိစၥေတြ၊ အစုရွယ္ယာလုပ္ငန္းေတြ အက်ိဳးမေပးတတ္ပါဘူး။ျပည္တြင္း ျပည္ပ ခရီးေတြထြက္ဖို႔ အေၾကာင္းေပၚလာတတ္ေပမယ္ အနားကပ္မွ ပ်က္တတ္ပါတယ္။က်န္းမာေရးက ေကာင္းေနေပမယ့္ ညဘက္အိပ္မရတာေတြ ျဖစ္တတ္ပါတယ္။ပညာေရးကေတာ့ အဖ်ားရႉးကိန္းရွိေနပါတယ္။အိမ္ေထာင္သည္ေတြ ခ်စ္သူေတြ မၾကာခဏ စကားေျပာတာ အဆင္မေျပျဖစ္တတ္ၿပီး စိတ္ကုန္သလိုျဖစ္တတ္လို႔ အလြယ္မဆုံးျဖတ္သင့္ပါဘူး။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ယခုတစ္ပတ္လုံး ေအာင္သေျပပန္းကပ္လႉကာ ရွင္သီဝလီဂါထာကို သက္ေစ့႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ဘုရားေရွ႕တြင္ ကိုးရက္တိတိ တဟိ့ ံ တဟိ့ ံ ဂါထာ သက္ေစ့႐ြတ္ဆိုေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားရွိ တနဂၤေႏြေထာင့္တြင္ ဂုဏ္ေတာ္ပုတီးစိပ္ၿပီး လိုရာဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္ထဲရွိ ဘူးလြတ္၊ ကတ္ထူးစကၠဴဗူး အလြတ္ေတြကို ဖယ္ရွားပါ။သြားတိုက္ေဆးဗူးအလြတ္ေတာင္ မထားပါနဲ႔။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ အရဟံ အစခ်ီ ဂါထာအား ႐ြတ္ဆိုပါ။ဘုရားတြင္ ေရသပၸါယ္ျခင္း၊ ေစတီရင္ျပင္မ်ားတြင္ အမႈိက္မ်ားေကာက္ျခင္းအား ျပဳလုပ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေရသတၱဝါမ်ားကို မၾကာခဏ ေဘးမဲ့လႊတ္ပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ လမ္းတြင္ေတြ႕သည့္ တြန္းလွည္း ထီဆိုင္မွ ၁/၆ ဂဏန္းမ်ားပါေသာ ထီကိုေ႐ြးထိုးပါ။