【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုကာလအတွင်း ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် တိုင်ပင်မယ်ဆိုရင် သောကြာ သားသမီးတွေကို တိုင်ပင်တာ အကောင်းဆုံးပါဘဲ။ဒီကာလက ဘာသာရေးနဲ့လုပ်နေရင် ကံတရားကအကျိုးပေးတတ်တဲ့အတွက် စွဲစွဲမြဲမြဲလုပ်သင့်ပါတယ်။အိမ်ကို ရွှေငွေရတနာ၊ တပည့်လက်သားအသစ်တွေ ဝင်လာရင် လုပ်ငန်းသစ်၊ နေရာသစ် စတာတွေ အစပြုလုပ်သင့်ပါတယ်။တခြားလုပ်ငန်းတွေအနေနဲ့ စပ်တူရှယ်ယာကိစ္စတွေ လုပ်လို့ကောင်းသလို ငွေကံကောင်းနေတဲ့အချိန်ကာလမို့ ထီလည်းထိုးသင့်ပါတယ်။သတိထားရမှာက ကိုယ့်ရဲ့ကံက အတက်ဘက်ရောက်နေပေမယ့်  ကိုယ့်အောင်မြင်မှုကို မလိုလားသူတွေရဲ့ အတိုက်အခိုက်ရှိပါတယ်။ဒီထဲမှာ မထင်မှတ်ထားတဲ့ ရင်းနှီးသူတွေလည်း ပါနေတတ်ပါတယ်။မိသားစုအတွင်း အလှူအတန်းလုပ်ရတာတွေ ကြုံရတတ်ပါတယ်။ပြည်တွင်း ပြည်ပခရီးတွေ မထင်မှတ်ဘဲ ခရီးကောင်းတွေ၊ ဘုရားဖူးခရီးတွေ သွားရကိန်းရှိပါတယ်။ဒီရက်ပိုင်း ဝမ်း၊ ဆီး၊ အာရုံကြော ရောဂါတွေဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။ပညာရေးကတော့ ရည်မှန်းချက်ပြည့်စုံပါမယ်။
အိမ်ထောင်ရှင်များ စိတ်ကသိကအောင့်ဖြစ်စရာ တွေ့တတ်ပါတယ်။ငယ်ရွယ်သူများ မထင်မှတ်ဘဲ ပျော်ရွှင်စရာကြုံရပါလိမ့်မယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ နံနက်နေမတက်မီ ဒိဝါတပတိဂါထာကို ကိုးခေါက်တိတိ ယုံယုံကြည်ကြည် တစ်ပတ်လုံးရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ နံနက်စောစော တန်းဆွမ်းကြွလာသည့် သံဃာတော်များကို ဆွမ်းထလောင်းပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ရွှေတိဂုံဘုရား အောင်မြေတွင် အဓိဋ္ဌာန်ပြုပါ။ဘုရားအား အောင်သပြေ ၉ ညွှန့် ကပ်လှူကာ ဆုတောင်းပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်တွင် ကြည့်မှန် အဟောင်းများရှိပါက လွှတ်ပစ်ပါ။ချစ်သူနှင့်တွေ့ရန်သွားသည့်အခါတိုင်း ရေမွှေးဆွတ်သွားပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ စေတီရင်ပြင်များတွင် မေတ္တာသုတ်ရွတ်ဆို၍ သန့်ရှင်းရေးလုပ်ကာ ဆီမီးပူဇော်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ နံနက်ဘက်ထကာ အိမ်ရှေ့လမ်းကို သန့်ရှင်းပေးပြီး ခို၊ စာကလေးများအတွက် အစာကျွေးပါ။

ထီကံကောင်းလိုသူများ ။     ။ ထီဆိုင်တွင် ၃ အစ ၆ အဆုံး ဂဏန်းများများပါသည့် ထီလက်မှတ်ကို ရွေးထိုးပါ။
( Zawgyi )
ယခုကာလအတြင္း ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ တိုင္ပင္မယ္ဆိုရင္ ေသာၾကာ သားသမီးေတြကို တိုင္ပင္တာ အေကာင္းဆုံးပါဘဲ။ဒီကာလက ဘာသာေရးနဲ႔လုပ္ေနရင္ ကံတရားကအက်ိဳးေပးတတ္တဲ့အတြက္ စြဲစြဲၿမဲၿမဲလုပ္သင့္ပါတယ္။အိမ္ကို ေ႐ႊေငြရတနာ၊ တပည့္လက္သားအသစ္ေတြ ဝင္လာရင္ လုပ္ငန္းသစ္၊ ေနရာသစ္ စတာေတြ အစျပဳလုပ္သင့္ပါတယ္။တျခားလုပ္ငန္းေတြအေနနဲ႔ စပ္တူရွယ္ယာကိစၥေတြ လုပ္လို႔ေကာင္းသလို ေငြကံေကာင္းေနတဲ့အခ်ိန္ကာလမို႔ ထီလည္းထိုးသင့္ပါတယ္။သတိထားရမွာက ကိုယ့္ရဲ႕ကံက အတက္ဘက္ေရာက္ေနေပမယ့္  ကိုယ့္ေအာင္ျမင္မႈကို မလိုလားသူေတြရဲ႕ အတိုက္အခိုက္ရွိပါတယ္။ဒီထဲမွာ မထင္မွတ္ထားတဲ့ ရင္းႏွီးသူေတြလည္း ပါေနတတ္ပါတယ္။မိသားစုအတြင္း အလႉအတန္းလုပ္ရတာေတြ ႀကဳံရတတ္ပါတယ္။ျပည္တြင္း ျပည္ပခရီးေတြ မထင္မွတ္ဘဲ ခရီးေကာင္းေတြ၊ ဘုရားဖူးခရီးေတြ သြားရကိန္းရွိပါတယ္။ဒီရက္ပိုင္း ဝမ္း၊ ဆီး၊ အာ႐ုံေၾကာ ေရာဂါေတြျဖစ္တတ္လို႔ ဂ႐ုစိုက္သင့္ပါတယ္။ပညာေရးကေတာ့ ရည္မွန္းခ်က္ျပည့္စုံပါမယ္။
အိမ္ေထာင္ရွင္မ်ား စိတ္ကသိကေအာင့္ျဖစ္စရာ ေတြ႕တတ္ပါတယ္။ငယ္႐ြယ္သူမ်ား မထင္မွတ္ဘဲ ေပ်ာ္႐ႊင္စရာႀကဳံရပါလိမ့္မယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ နံနက္ေနမတက္မီ ဒိဝါတပတိဂါထာကို ကိုးေခါက္တိတိ ယုံယုံၾကည္ၾကည္ တစ္ပတ္လုံး႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ နံနက္ေစာေစာ တန္းဆြမ္းႂကြလာသည့္ သံဃာေတာ္မ်ားကို ဆြမ္းထေလာင္းပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေ႐ႊတိဂုံဘုရား ေအာင္ေျမတြင္ အဓိ႒ာန္ျပဳပါ။ဘုရားအား ေအာင္သေျပ ၉ ၫႊန္႔ ကပ္လႉကာ ဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္တြင္ ၾကည့္မွန္ အေဟာင္းမ်ားရွိပါက လႊတ္ပစ္ပါ။ခ်စ္သူႏွင့္ေတြ႕ရန္သြားသည့္အခါတိုင္း ေရေမႊးဆြတ္သြားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ေစတီရင္ျပင္မ်ားတြင္ ေမတၱာသုတ္႐ြတ္ဆို၍ သန႔္ရွင္းေရးလုပ္ကာ ဆီမီးပူေဇာ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ နံနက္ဘက္ထကာ အိမ္ေရွ႕လမ္းကို သန႔္ရွင္းေပးၿပီး ခို၊ စာကေလးမ်ားအတြက္ အစာေကြၽးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ထီဆိုင္တြင္ ၃ အစ ၆ အဆုံး ဂဏန္းမ်ားမ်ားပါသည့္ ထီလက္မွတ္ကို ေ႐ြးထိုးပါ။