【 ဗေဒင် 】 သောကြာသားသမီးများအတွက်ယခုတစ်ပတ် ဆောင် ရန်/ရှောင်ရန်
ဒီတစ်ပတ် ပညာရေး၊လူမှုရေး၊ စီးပွားရေးအတွက် တနင်္ဂနွေ သားသမီးတွေကို တိုင်ပင်တာ သင့်အတွက် အကောင်းဆုံးပါဘဲ။ မထင်မှတ်ဘဲ အပြိုင်အဆိုင်တွေဖြစ်လာပြီး အောင်မြင်မှု သင်ရလာ ပါလိမ့်မယ်။  အလုပ်ထဲမှာ အထစ်အငေါ့တွေ ရှိပေမယ့် သူဘာသာ
ပြေလည်သွားပါလိမ့်မယ်။အလုပ်နဲ့ပတ်သက်ပြီးခရီးထွက်ရင်ကောင်း
တတ်ပါတယ်။မိဘဆရာသမားတို့ထံမှအကူအညီကောင်းအကြံ
ဉာဏ် ကောင်းရတတ်ပါတယ်။စက်ပစ္စည်းရောင်းဝယ်သူတွေ၊လုပ်
ကိုင်သူတွေ သတိထားသင့်ပြီးသစ်သီးနဲ့လယ်ယာထွက်ကုန် ရောင်း ဝယ်သူတွေ အဆင်ပြေတဲ့ကာလပါ။ ကျန်းမာရေးကတော့ ဗိုက်နဲ့ ပတ်သက်တဲ့ရောဂါတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် မတည့်တဲ့ အစာတွေကြောင့် အစာမှားတတ်ပါတယ်။ ပညာရေးကတော့ အထစ်အငေါ့ရှိပါတယ်။လိုချင်ရာကိုဇွဲမလျော့မှ ဖြစ်ပါလိမ့်မယ်။ဒီရက်ပိုင်းအိမ်ထောင်ရှင်တွေငယ်ရွယ်သူချစ်သူတွေ ဘေးစကားယုံတတ်တာ ကို ရှောင်ပါ။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ဘုရားအားခုနှစ်ရက်
တိတိ အုန်းဖူး၊အုန်းညွှန်တို့ဖြင့် ပူဇော်ပါ။ အုန်းဆွမ်းကပ်ပေးပါ။
ပြည်ပထွက်ခွာလိုသူများ။    ။ ကိုယ်သွားမည် နိုင်ငံ၏နေနံ သင့် ပန်း ကို ဘုရားရှင်အား ကပ်လှူပးဇော်ပေးပါ။
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ အောင်သပြေ ၉ ညွှန်ဖြင့်
အောင်အမည်ပါ စေတီတွင် နံနက် ကိုးနာရီတိတိ  ပူဇော်ပေးပါ။
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။ အိမ်ထဲရှိ စနေနံ
ပစ္စည်းအဟောင်းများက သင့်ကို အခက်အခဲဖြစ်စေခဲ့တာပါ။
လူမှုရေးအတိုက်အခံများသူများ။    ။ သမ္ဗုဒ္ဓေ ဂါထာက သင့်ကို အကာကွယ်ပေးပါလိမ့်မယ်။သင် သတိရတိုင်း ရွတ်ဆိုပေးပါ။  
ကျန်းမာရေးမကောင်းသူများ ။  ။  ရေသတ္တဝါများကို အစာကျွေးပါ။
ထီကံကောင်းလိုသူများ ။  ။ ဒီတစ်ပတ်အတွင်း ထီဆိုင်မှာ ၇ မပါတဲ့ ဂဏန်းကို ရှောင်ပြီး ထိုးပါ။
( Zawgyi )