【 ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီကာလက သင်အလုပ်ထဲမှာ ရာထူးတိုးနေရာ ဖြေထားခဲ့ရင်တော့ ဒါမှမဟုတ် ရာထူးတိုး စာရင်းထုတ်ဖို့ရှိနေရင် သင့်နာမည်ပါဖို့ သေချာသလောက်ဖြစ်နေတဲ့ ကာလပါ။ဒီတစ်ပတ် ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် အင်္ဂါ သားသမီးတွေကို တိုင်ပင်တာ အကောင်းဆုံးပါဘဲ။ဒီရက်ပိုင်း သူများကိုအာမခံပေးတာ၊ ပစ္စည်းငှားပေးတာ၊ ငွေချေးတာ ရှောင်ရမယ့်ကာလပါ။အခန့်မသင့်ရင် သူများပြဿနာ ကိုယ့်ပြဿနာ ဖြစ်တတ်ပါတယ်။သူတစ်ပါးကိစ္စ ဝင်အာမခံတတ်သူများ ဒီရက်ပိုင်း အမှုအခင်းမြင်ပါတယ်။အလုပ်နဲ့ ပတ်သက်ပြီး ခရီးထွက်စရာပေါ်ရင် မရှောင်ပါနဲ့။လိုက်သွားပါ။သင့်အတွက် အခွင့်အလမ်း ပေါ်လာပါလိမ့်မယ်။ကောင်းတတ်ပါတယ်။မိသားစုအတွင်း စိတ်ရှုပ်စရာတွေ ဖြစ်တတ်သလို စကားရှုပ်လို့ စိတ်ဝမ်းကွဲစရာတွေ ဖြစ်တတ်လို့  စကားအပြောအဆို ဆင်ခြင်သင့်ပါတယ်။ကျန်းမာရေးမှာ ဝမ်းမကောင်းတာတွေ၊ အစာစားတာမမှန်လို့ အစာအိမ်ရောဂါ ဖြစ်တတ်ပါတယ်။ပညာရေးကတော့ ဒီတစ်ပတ် အကောင်းဆုံးနေရာမှာ ရှိနေပါတယ်။အိမ်ထောင်ရှင် ချစ်သူတွေအတွက် တစ်ခါတရံကလွဲရင်  စိတ်ချမ်းသာစရာ အချိန်ကာလပါ။  

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား အင်္ဂါနံ သစ်သီး၊ ပန်းတို့ဖြင့် ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ တဟိ့  ံတဟိ့  ံ ဘုရားရှိခိုးဂါထာကို အဓိဋ္ဌာန်ဖြင့် သက်စေ့ရွတ်ပါလေ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ နေအိမ်အရပ်မှ အင်္ဂါနံအရပ်ရှိ ဘုရားစေတီတွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ခို၊ ကျီး၊ ခွေး စသည်တို့ကို အစာကျွေးပါ။ချစ်သူနှင့်တွေ့လျှင် အတိုက်အခံ မပြောပါနှင့်။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီများတွင် မွေးနေ့ဂြိုလ်ခွင်မှ စတင်ကာ ဂြိုလ်နံရှစ်ခွင်ပြည့်အောင် မေတ္တာသုတ်ဆိုကာ ရေသပ္ပါယ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ငါးလိပ် စသည့် ရေသတ္တဝါများကို မွေးနေ့တွင် အစာကျွေးပါ။  

ထီကံကောင်းလိုသူများ ။     ။ လမ်းသွားရင်းတွေ့သည့် ထီဆိုင်တွင်  ၃ ဂဏန်းများများပါသည့် ထီနံပါတ်ကို ရှာထိုးပါ။

( Zawgyi )

ဒီကာလက သင္အလုပ္ထဲမွာ ရာထူးတိုးေနရာ ေျဖထားခဲ့ရင္ေတာ့ ဒါမွမဟုတ္ ရာထူးတိုး စာရင္းထုတ္ဖို႔ရွိေနရင္ သင့္နာမည္ပါဖို႔ ေသခ်ာသေလာက္ျဖစ္ေနတဲ့ ကာလပါ။ဒီတစ္ပတ္ ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ အဂၤါ သားသမီးေတြကို တိုင္ပင္တာ အေကာင္းဆုံးပါဘဲ။ဒီရက္ပိုင္း သူမ်ားကိုအာမခံေပးတာ၊ ပစၥည္းငွားေပးတာ၊ ေငြေခ်းတာ ေရွာင္ရမယ့္ကာလပါ။အခန႔္မသင့္ရင္ သူမ်ားျပႆနာ ကိုယ့္ျပႆနာ ျဖစ္တတ္ပါတယ္။သူတစ္ပါးကိစၥ ဝင္အာမခံတတ္သူမ်ား ဒီရက္ပိုင္း အမႈအခင္းျမင္ပါတယ္။အလုပ္နဲ႔ ပတ္သက္ၿပီး ခရီးထြက္စရာေပၚရင္ မေရွာင္ပါနဲ႔။လိုက္သြားပါ။သင့္အတြက္ အခြင့္အလမ္း ေပၚလာပါလိမ့္မယ္။ေကာင္းတတ္ပါတယ္။မိသားစုအတြင္း စိတ္ရႈပ္စရာေတြ ျဖစ္တတ္သလို စကားရႈပ္လို႔ စိတ္ဝမ္းကြဲစရာေတြ ျဖစ္တတ္လို႔  စကားအေျပာအဆို ဆင္ျခင္သင့္ပါတယ္။က်န္းမာေရးမွာ ဝမ္းမေကာင္းတာေတြ၊ အစာစားတာမမွန္လို႔ အစာအိမ္ေရာဂါ ျဖစ္တတ္ပါတယ္။ပညာေရးကေတာ့ ဒီတစ္ပတ္ အေကာင္းဆုံးေနရာမွာ ရွိေနပါတယ္။အိမ္ေထာင္ရွင္ ခ်စ္သူေတြအတြက္ တစ္ခါတရံကလြဲရင္  စိတ္ခ်မ္းသာစရာ အခ်ိန္ကာလပါ။  

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားရွင္အား အဂၤါနံ သစ္သီး၊ ပန္းတို႔ျဖင့္ ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ တဟိ့  ံတဟိ့  ံ ဘုရားရွိခိုးဂါထာကို အဓိ႒ာန္ျဖင့္ သက္ေစ့႐ြတ္ပါေလ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေနအိမ္အရပ္မွ အဂၤါနံအရပ္ရွိ ဘုရားေစတီတြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို ႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ခို၊ က်ီး၊ ေခြး စသည္တို႔ကို အစာေကြၽးပါ။ခ်စ္သူႏွင့္ေတြ႕လွ်င္ အတိုက္အခံ မေျပာပါႏွင့္။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီမ်ားတြင္ ေမြးေန႔ၿဂိဳလ္ခြင္မွ စတင္ကာ ၿဂိဳလ္နံရွစ္ခြင္ျပည့္ေအာင္ ေမတၱာသုတ္ဆိုကာ ေရသပၸါယ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ငါးလိပ္ စသည့္ ေရသတၱဝါမ်ားကို ေမြးေန႔တြင္ အစာေကြၽးပါ။  

ထီကံေကာင္းလိုသူမ်ား ။     ။ လမ္းသြားရင္းေတြ႕သည့္ ထီဆိုင္တြင္  ၃ ဂဏန္းမ်ားမ်ားပါသည့္ ထီနံပါတ္ကို ရွာထိုးပါ။