【 ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်
ဒီရက်ပိုင်း စိတ်မတင်မကျကိစ္စတွေ ဆုံးဖြတ်ရခက်တဲ့ကိစ္စတွေနဲ့ အလွဲလွဲအချော်ချော် ဖြစ်နေတတ်ပါတယ်။ငွေကြေးကိစ အပါအဝင် တခြားကိစ္စတွေမှာ တေ့လွဲနေတာတွေ ဖြစ်တတ်ပါတယ်။ယခုရက်ပိုင်းအတွင်း ဗုဒ္ဓဟူး သားသမီးတွေနဲ့ တိုင်ပင်တာက သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စတွေမှာ အောင်မြင်နိုင်ပါတယ်။ယခုကာလအတွင်း ဘာမဆို စိတ်ရှည်ရှည်ထားသင့်တဲ့ ကာလဖြစ်နေပြီး ဒီကာလမှာ မထင်မှတ်ဘဲ ပြည်တွင်းခရီးစဉ်တွေ နိုင်ငံခြားခရီးစဉ်တွေ သွားရတတ်ပါတယ်။ဒီရက်ပိုင်းအတွင်း လုပ်ငန်းချဲ့တာ၊ စပ်တူရှယ်ယာလုပ်ငန်းတွေ စာချုပ်ချုပ်တာတွေ ကောင်းပါတယ်။လူရင်းတွေ ရင်းနှီးရသူတွေကြောင့် စိတ်ရှုပ်ရတတ်ပါတယ်။ပညာရေးကတော့ သင်တက်ချင်တဲ့ သင်တန်းတွေ ကျောင်းတွေ တက်ဖို့ ဒီကာလမှာ အခွင့်အရေးပေါ်တတ်ပါတယ်။ကျန်းမာရေးမှာ အစာအိမ်၊ ဆီး ဒုက္ခပေးနေတတ်ပါသေးတယ်။အိမ်ထောင်ရှင်များအတွက်ကတော့ ယခုကာလက အဆင်မပြေဖြစ်တတ်တဲ့ အချိန်ကာလပါ။သမီးရည်းစားများအတွက်ကတော့ ဆုံးဖြတ်ရခက်တဲ့ အချိန်ကာလတစ်ခုကို ရောက်နေပါတယ်။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ယခုတစ်ပတ်လုံး ရွှေထမင်းကပ်လှူကာ ရှင်သီဝလိဂါထာကို နေမထွက်မီ ၉ ခေါက် ရွတ်ဆိုပူဇော်ပါ။
ပြည်ပထွက်ခွာလိုသူများ ။     ။ အိမ်ရှေ့သို့ ဆွမ်းဆန်အလှူခံကြွလာသည့် သီလရှင်ဆရာလေးများအား ထီး/ဖိနပ် တစ်ခုခုဒါနပြုပေးပါ။
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ နေအိမ်အနီး ဘုရားစေတီများ၏ ဗုဒ္ဓဟူးထောင့်သို့ သွားကာ အဓိဋ္ဌာန်ပုတီးစိပ်ပါ။
( Zawgyi )
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ယခုရက်ပိုင်းအတွင်း အနက်ရောင် ဝတ်ဆင်ခြင်းကို ရှောင်ပါ။
လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီ ရင်ပြင်များတွင် အမှိုက်များ ရှင်းလင်းပေးခြင်းက သင့်အတွက် အကောင်းဆုံးဖြစ်ပါတယ်။
ကျန်းမာရေးမကောင်းသူများ ။     ။ ဘုရားတွင် ရွှေသင်္ကန်းကပ်လှူခြင်း၊ လမ်းထဲတွင် သက်ကြီးရွယ်အိုများကို ဆေးဝါးဓာတ်စာ အလှူဒါနပြုခြင်းများ ပြုလုပ်ပေးပါ။
ထီကံကောင်းလိုသူများ ။     ။ ဗုဒ္ဓဟူးနံ အမည်ဖြင့်စသော ထီဆိုင်တွင် ၄/၆/၈ ဂဏန်းများများပါသော ထီကို ထိုးပါ။