【 ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

အလုပ်နဲ့ပတ်သက်ရင်တော့ အထူးအောင်မြင်နေတဲ့ အချိန်ကာလ အပိုင်းအခြားထဲ ရောက်နေပါတယ်။ကိုယ်ပိုင်လုပ်ငန်းနဲ့ လုပ်ငန်းခွင်အတွင်း မထင်လောက်အောင် အောင်မြင်တိုးတက်နေတဲ့အတွက် အတိုက်အခိုက်များပြီး အနှောင့်အယှက်တွေ ရှိပေမယ့် နောက်ဆုံးမှာ သင်ဘဲ  အောင်မြင်မှုရလာပါလိမ့်မယ်။ဒီကာလအတွင်း မိဘဆရာသမားတို့ထံမှ အကူအညီကောင်း အကြံဉာဏ်ကောင်း ရတတ်သလို ဆုံးပြီထင်တဲ့ ငွေ၊ စက်ပစ္စည်းနဲ့ အခွင့်အရေးတွေ ပြန်ရတတ်တဲ့ အချိန်ကာလပါ။ငွေရွှင်သလို မိတ်ဟောင်းဆွေဟောင်းတွေ ပြန်တွေ့ရတတ်ပါတယ်။ယခင်ပြဿနာဟောင်းလဲ ရင်ဆိုင်ရတတ်ပါတယ်။ကျောက်မျက်ကုန်သည်တွေ၊ ကားဝယ်ရောင်းတွေ၊  အွန်လိုင်းရောင်းဝယ်သူတွေ အဆင်ပြေမယ့် အချိန်ကာလပါ။ကျန်းမာရေးကတော့ ရောဂါဟောင်းတွေ ပြန်ဖြစ်တတ်ပါတယ်။ပညာရေးကတော့ အထစ်အငေါ့ ရှိပါတယ်။အိမ်ထောင်ရှင်တွေ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ကြုံရတတ်သလို ချစ်သူတွေအတွက်ကတော့ ဆုံးဖြတ်စရာတွေများလို့ တွေဝေရမယ့်ကာလထဲ ရောက်နေပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ခုနှစ်ရက်တိတိ ကြာဇံကြော်ဖြင့် ကပ်လှူပေးပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ ကိုယ်သွားမည့် နိုင်ငံ၏ နေ့နံသင့်ပန်းကို ဘုရားရှင်အား ကပ်လှူပူဇော်ပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ ။     ။ အောင်သပြေ ၉ ညွှန့်ဖြင့် အင်္ဂါနံ ဘွဲ့အမည်ပါ စေတီတွင် နံနက်ကိုးနာရီတိတိ ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်ထဲရှိ စနေနံပစ္စည်းအဟောင်းများက သင့်ကို အခက်အခဲဖြစ်စေခဲ့တာပါ။

လူမှုရေးအတိုက်အခံများသူများ ။      ။ သမ္ဗုဒ္ဓေဂါထာက သင့်ကို အကာကွယ်ပေးပါလိမ့်မယ်။သင်သတိရတိုင်း ရွတ်ဆိုပေးပါ။  

ကျန်းမာရေးမကောင်းသူများ ။     ။ လမ်းထဲရှိ ကျန်းမာရေးမကောင်းသည့် သက်ကြီးရွယ်အိုများကို ဆေးဝါးဓာတ်စာ လှူဒါန်းပေးပါ။

ထီကံကောင်းလိုသူများ ။     ။ တနင်္လာနံထီဆိုင်တွင် ၂ အစ ၆ အဆုံး ဂဏန်းပါ ထီလက်မှတ်ကို ရွေးထိုးပါ။

( Zawgyi )

အလုပ္နဲ႔ပတ္သက္ရင္ေတာ့ အထူးေအာင္ျမင္ေနတဲ့ အခ်ိန္ကာလ အပိုင္းအျခားထဲ ေရာက္ေနပါတယ္။ကိုယ္ပိုင္လုပ္ငန္းနဲ႔ လုပ္ငန္းခြင္အတြင္း မထင္ေလာက္ေအာင္ ေအာင္ျမင္တိုးတက္ေနတဲ့အတြက္ အတိုက္အခိုက္မ်ားၿပီး အေႏွာင့္အယွက္ေတြ ရွိေပမယ့္ ေနာက္ဆုံးမွာ သင္ဘဲ  ေအာင္ျမင္မႈရလာပါလိမ့္မယ္။ဒီကာလအတြင္း မိဘဆရာသမားတို႔ထံမွ အကူအညီေကာင္း အႀကံဉာဏ္ေကာင္း ရတတ္သလို ဆုံးၿပီထင္တဲ့ ေငြ၊ စက္ပစၥည္းနဲ႔ အခြင့္အေရးေတြ ျပန္ရတတ္တဲ့ အခ်ိန္ကာလပါ။ေငြ႐ႊင္သလို မိတ္ေဟာင္းေဆြေဟာင္းေတြ ျပန္ေတြ႕ရတတ္ပါတယ္။ယခင္ျပႆနာေဟာင္းလဲ ရင္ဆိုင္ရတတ္ပါတယ္။ေက်ာက္မ်က္ကုန္သည္ေတြ၊ ကားဝယ္ေရာင္းေတြ၊  အြန္လိုင္းေရာင္းဝယ္သူေတြ အဆင္ေျပမယ့္ အခ်ိန္ကာလပါ။က်န္းမာေရးကေတာ့ ေရာဂါေဟာင္းေတြ ျပန္ျဖစ္တတ္ပါတယ္။ပညာေရးကေတာ့ အထစ္အေငါ့ ရွိပါတယ္။အိမ္ေထာင္ရွင္ေတြ စိတ္အေႏွာင့္အယွက္ျဖစ္စရာေတြ ႀကဳံရတတ္သလို ခ်စ္သူေတြအတြက္ကေတာ့ ဆုံးျဖတ္စရာေတြမ်ားလို႔ ေတြေဝရမယ့္ကာလထဲ ေရာက္ေနပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ခုႏွစ္ရက္တိတိ ၾကာဇံေၾကာ္ျဖင့္ ကပ္လႉေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ကိုယ္သြားမည့္ ႏိုင္ငံ၏ ေန႔နံသင့္ပန္းကို ဘုရားရွင္အား ကပ္လႉပူေဇာ္ေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေအာင္သေျပ ၉ ၫႊန႔္ျဖင့္ အဂၤါနံ ဘြဲ႕အမည္ပါ ေစတီတြင္ နံနက္ကိုးနာရီတိတိ ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္ထဲရွိ စေနနံပစၥည္းအေဟာင္းမ်ားက သင့္ကို အခက္အခဲျဖစ္ေစခဲ့တာပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။      ။ သမၺဳေဒၶဂါထာက သင့္ကို အကာကြယ္ေပးပါလိမ့္မယ္။သင္သတိရတိုင္း ႐ြတ္ဆိုေပးပါ။  

က်န္းမာေရးမေကာင္းသူမ်ား ။     ။ လမ္းထဲရွိ က်န္းမာေရးမေကာင္းသည့္ သက္ႀကီး႐ြယ္အိုမ်ားကို ေဆးဝါးဓာတ္စာ လႉဒါန္းေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ တနလၤာနံထီဆိုင္တြင္ ၂ အစ ၆ အဆုံး ဂဏန္းပါ ထီလက္မွတ္ကို ေ႐ြးထိုးပါ။