【 ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီတစ်ပတ်အတွင်း သင့်စိတ်ကူးထဲကရှိသမျှ အလုပ်အကိုင်တွေကို အကောင်အထည်ဖော်နိုင်တော့မယ့် အချိန်အခါပါ။ဒီအတွက် အပြိုင်အဆိုင်၊ အနှောင့်အယှက်များပေမယ့် အဆင်ပြေသွားပါလိမ့်မယ်။သင့်အတွက် ဒီတစ်ပတ်မှာ ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် အကောင်းဆုံးအကြံပေးနိုင်တာက စနေ သားသမီးတွေပါ။နိုင်ငံခြားရပ်ခြား၊ လူမျိုးခြားက အကျိုးပေးကိန်းရှိပါတယ်။လူမျိုးခြားနဲ့ နိုင်ငံရပ်ခြားမှ အကူအညီရတတ်ပါတယ်။စပ်တူကိစ္စတွေ အကျိုးမပေးတတ်ပါဘူး။မထင်မှတ်ဘဲ ခရီးကောင်းတွေ၊ ဘုရားဖူးခရီးတွေ သွားရကိန်း ရှိပါတယ်။ငွေဝင်ကောင်းပေမယ့် ငွေထွက်များတာ၊ လုပ်ငန်းတွေထဲ ငွေမြုပ်နေတာတွေကြောင့် ငွေကျပ်တဲ့အချိန်အခါပါ။ကျန်းမာရေးက ကောင်းပါတယ်။ဒါပေမယ့် အအေးပတ်တာ၊ အဆစ်အမြစ်ရောင်တာလေးတွေ ဖြစ်တတ်ပါတယ်။ပညာရေးကတော့ ဝီရိယစိုက်ထုတ်မှ လိုရာရောက်မယ့် အချိန်ပါ။အိမ်ထောင်ရှင်တွေ အိမ်ထောင်ဘက်နဲ့ တကျက်ကျက် စကားများနေတတ်သလို ချစ်သူများကြားမှာတော့ အထီးကျန်နေရတတ်တဲ့ အချိန်ကာလပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား ယခုတစ်ပတ်လုံး နှင်းဆီပန်း ၉ ပွင့် ကပ်လှူကာ နံနက်နေမထွက်မီ ရှင်သီဝလိဂါထာ ၉ ခေါက် ရွတ်ဆိုပေးပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ လမ်းထဲ တန်းဆွမ်းကြွသည့် သံဃာတော်ကို ထီး/ဖိနပ် ကပ်လှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားစေတီ၏ စနေနံထောင့်တွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို မေတ္တာသုတ်ရွတ်ပြီးမှ ရွက်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်ထောင်ဘက်နှစ်ဦး၏ နေ့သင့်နံသင့် ပန်းကို ပန်းအိုးတစ်အိုးဖြင့် သပ်သပ်ထိုးကာ ဘုရားပူဇော်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ နံနက်တိုင်း မေတ္တာသုတ်ကို ရွတ်ဖတ်ပူဇော်၍ အိမ်ရှေ့လမ်းမအား လှည်းကျင်းပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ စေတီများနှင့် ဘုန်ကြီးကျောင်းများရှိ ဗောဓိညောင်ပင်များတွင် ညောင်ထောက်ပေးပါ။ရေသက်စေ့လောင်းပါ။

ထီကံကောင်းလိုသူများ ။     ။ သောကြာနေ့တွင် ထီဆိုင်တစ်ခုမှ ၉/၆ ဂဏန်းများများပါသော ထီကို ထိုးပေးပါ။
( Zawgyi )
ဒီတစ္ပတ္အတြင္း သင့္စိတ္ကူးထဲကရွိသမွ် အလုပ္အကိုင္ေတြကို အေကာင္အထည္ေဖာ္ႏိုင္ေတာ့မယ့္ အခ်ိန္အခါပါ။ဒီအတြက္ အၿပိဳင္အဆိုင္၊ အေႏွာင့္အယွက္မ်ားေပမယ့္ အဆင္ေျပသြားပါလိမ့္မယ္။သင့္အတြက္ ဒီတစ္ပတ္မွာ ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ အေကာင္းဆုံးအႀကံေပးႏိုင္တာက စေန သားသမီးေတြပါ။ႏိုင္ငံျခားရပ္ျခား၊ လူမ်ိဳးျခားက အက်ိဳးေပးကိန္းရွိပါတယ္။လူမ်ိဳးျခားနဲ႔ ႏိုင္ငံရပ္ျခားမွ အကူအညီရတတ္ပါတယ္။စပ္တူကိစၥေတြ အက်ိဳးမေပးတတ္ပါဘူး။မထင္မွတ္ဘဲ ခရီးေကာင္းေတြ၊ ဘုရားဖူးခရီးေတြ သြားရကိန္း ရွိပါတယ္။ေငြဝင္ေကာင္းေပမယ့္ ေငြထြက္မ်ားတာ၊ လုပ္ငန္းေတြထဲ ေငြျမဳပ္ေနတာေတြေၾကာင့္ ေငြက်ပ္တဲ့အခ်ိန္အခါပါ။က်န္းမာေရးက ေကာင္းပါတယ္။ဒါေပမယ့္ အေအးပတ္တာ၊ အဆစ္အျမစ္ေရာင္တာေလးေတြ ျဖစ္တတ္ပါတယ္။ပညာေရးကေတာ့ ဝီရိယစိုက္ထုတ္မွ လိုရာေရာက္မယ့္ အခ်ိန္ပါ။အိမ္ေထာင္ရွင္ေတြ အိမ္ေထာင္ဘက္နဲ႔ တက်က္က်က္ စကားမ်ားေနတတ္သလို ခ်စ္သူမ်ားၾကားမွာေတာ့ အထီးက်န္ေနရတတ္တဲ့ အခ်ိန္ကာလပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားရွင္အား ယခုတစ္ပတ္လုံး ႏွင္းဆီပန္း ၉ ပြင့္ ကပ္လႉကာ နံနက္ေနမထြက္မီ ရွင္သီဝလိဂါထာ ၉ ေခါက္ ႐ြတ္ဆိုေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ လမ္းထဲ တန္းဆြမ္းႂကြသည့္ သံဃာေတာ္ကို ထီး/ဖိနပ္ ကပ္လႉေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားေစတီ၏ စေနနံေထာင့္တြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို ေမတၱာသုတ္႐ြတ္ၿပီးမွ ႐ြက္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္ေထာင္ဘက္ႏွစ္ဦး၏ ေန႔သင့္နံသင့္ ပန္းကို ပန္းအိုးတစ္အိုးျဖင့္ သပ္သပ္ထိုးကာ ဘုရားပူေဇာ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ နံနက္တိုင္း ေမတၱာသုတ္ကို ႐ြတ္ဖတ္ပူေဇာ္၍ အိမ္ေရွ႕လမ္းမအား လွည္းက်င္းေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေစတီမ်ားႏွင့္ ဘုန္ႀကီးေက်ာင္းမ်ားရွိ ေဗာဓိေညာင္ပင္မ်ားတြင္ ေညာင္ေထာက္ေပးပါ။ေရသက္ေစ့ေလာင္းပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ေသာၾကာေန႔တြင္ ထီဆိုင္တစ္ခုမွ ၉/၆ ဂဏန္းမ်ားမ်ားပါေသာ ထီကို ထိုးေပးပါ။