【 ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်အတွင်း လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် အင်္ဂါ သားသမီးများနှင့်  တိုင်ပင်ဆောင်ရွက်ပါ။ငွေကိစ္စ အရောင်းအဝယ်ကိစ္စတွေမှာ အထစ်အငေါ့လေးတွေ ဒီရက်ပိုင်းမှာ ရှိနေတတ်ပါတယ်။အရောင်းအဝယ်သမားတွေ အဆင်မချောဖြစ်တတ်လို့  အလောတကြီးမလုပ်ဘဲ အေးအေးဆေးဆေး ခေါင်းသုံးလုပ်သင့်ပါတယ်။
စပ်တူလုပ်တဲ့ကိစ္စတွေ ဒီအချိန်စလုပ်တာ အကောင်းဆုံးပါ။ရပ်ခြားက လူမျိုးခြားအကူအညီ မထင်မှတ်ထားဘဲ ရတတ်ပါတယ်။လက်အောက်ငယ်သားကြောင့် စိတ်ရှုပ်တတ်ရတတ်သလို လူရင်းက သစ္စာဖောက်တတ်ပါတယ်။သင့်မှာ စိတ်ဒွိဟဖြစ်စရာတွေ ရှိပါတယ်။ဘယ်အရာမဆို ခေါင်းအေးအေးထားပြီးမှ ဆုံးဖြတ်သင့်ပါတယ်။ပညာရေးကတော့ ကံကောင်းနေတတ်ပြီး လိုရာရောက်စေပါလိမ့်မယ်။ကျန်းမာရေးကတော့ ခြေထောက်၊ ဗိုက်မကောင်းတာတွေ၊ လေအောင့်တာတွေ၊ ခါးနာတာတွေ ဖြစ်တတ်ပါတယ်။အိမ်ထောင်ရှင်များ ပျော်ရွှင်စရာတွေ ဆိုက်ရောက်လာပါလိမ့်ပေမယ့် ချစ်သူများအကြား ကြားလူဝင်ကိန်းရှိပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ပန်းအိုးတွင် စိန်ပန်းကိုထိုးကာ ရှင်သီဝလိဂါထာဖြင့် ရွတ်ဖတ်ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ အလုပ်ကိစ္စသွားတိုင်း တဟိ့တဟိ့ဂါထာကို သက်စေ့ရွတ်ဖတ် ပူဇော်ပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ အိမ်အနီးရှိ ဘုရားစေတီသို့ နံနက်စောစော ပဋ္ဌာန်းဒေသနာဖြင့် ရွတ်ဖတ်ပူဇော်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ဒီရက်ပိုင်း စိတ်ချင်းအဆင်မပြေဖြစ်နေသည့်  အိမ်ထောက်ဘက်များ မိုးလင်းတိုင်း မှန်ကြည့်ပြီးမှ စကားပြောပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုန်ကြီးကျောင်းသို့သွားကာ ကုဋီဆေးကြောပေးပါ။ရေဖြည့်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ မကောင်းတဲ့ကံတွေ ပယ်စေဖို့ ဘုရားကို ရေသပ္ပယ်ပေးတာ ကောင်းပါလိမ့်မယ်။

ထီကံကောင်းလိုသူများ ။     ။ စက်ဘီးနှင့်ရောင်းသည့် ထီဆိုင်တွင် ၃/၆/၉ ဂဏန်းတွေကို များများပါအောင်ထိုးပါ။
( Zawgyi )
ဒီရက္အတြင္း လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ အဂၤါ သားသမီးမ်ားႏွင့္  တိုင္ပင္ေဆာင္႐ြက္ပါ။ေငြကိစၥ အေရာင္းအဝယ္ကိစၥေတြမွာ အထစ္အေငါ့ေလးေတြ ဒီရက္ပိုင္းမွာ ရွိေနတတ္ပါတယ္။အေရာင္းအဝယ္သမားေတြ အဆင္မေခ်ာျဖစ္တတ္လို႔  အေလာတႀကီးမလုပ္ဘဲ ေအးေအးေဆးေဆး ေခါင္းသုံးလုပ္သင့္ပါတယ္။
စပ္တူလုပ္တဲ့ကိစၥေတြ ဒီအခ်ိန္စလုပ္တာ အေကာင္းဆုံးပါ။ရပ္ျခားက လူမ်ိဳးျခားအကူအညီ မထင္မွတ္ထားဘဲ ရတတ္ပါတယ္။လက္ေအာက္ငယ္သားေၾကာင့္ စိတ္ရႈပ္တတ္ရတတ္သလို လူရင္းက သစၥာေဖာက္တတ္ပါတယ္။သင့္မွာ စိတ္ဒြိဟျဖစ္စရာေတြ ရွိပါတယ္။ဘယ္အရာမဆို ေခါင္းေအးေအးထားၿပီးမွ ဆုံးျဖတ္သင့္ပါတယ္။ပညာေရးကေတာ့ ကံေကာင္းေနတတ္ၿပီး လိုရာေရာက္ေစပါလိမ့္မယ္။က်န္းမာေရးကေတာ့ ေျခေထာက္၊ ဗိုက္မေကာင္းတာေတြ၊ ေလေအာင့္တာေတြ၊ ခါးနာတာေတြ ျဖစ္တတ္ပါတယ္။အိမ္ေထာင္ရွင္မ်ား ေပ်ာ္႐ႊင္စရာေတြ ဆိုက္ေရာက္လာပါလိမ့္ေပမယ့္ ခ်စ္သူမ်ားအၾကား ၾကားလူဝင္ကိန္းရွိပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ပန္းအိုးတြင္ စိန္ပန္းကိုထိုးကာ ရွင္သီဝလိဂါထာျဖင့္ ႐ြတ္ဖတ္ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ အလုပ္ကိစၥသြားတိုင္း တဟိ့တဟိ့ဂါထာကို သက္ေစ့႐ြတ္ဖတ္ ပူေဇာ္ေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ အိမ္အနီးရွိ ဘုရားေစတီသို႔ နံနက္ေစာေစာ ပ႒ာန္းေဒသနာျဖင့္ ႐ြတ္ဖတ္ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ဒီရက္ပိုင္း စိတ္ခ်င္းအဆင္မေျပျဖစ္ေနသည့္  အိမ္ေထာက္ဘက္မ်ား မိုးလင္းတိုင္း မွန္ၾကည့္ၿပီးမွ စကားေျပာပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုန္ႀကီးေက်ာင္းသို႔သြားကာ ကုဋီေဆးေၾကာေပးပါ။ေရျဖည့္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ မေကာင္းတဲ့ကံေတြ ပယ္ေစဖို႔ ဘုရားကို ေရသပၸယ္ေပးတာ ေကာင္းပါလိမ့္မယ္။

ထီကံေကာင္းလိုသူမ်ား ။     ။ စက္ဘီးႏွင့္ေရာင္းသည့္ ထီဆိုင္တြင္ ၃/၆/၉ ဂဏန္းေတြကို မ်ားမ်ားပါေအာင္ထိုးပါ။