【 ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်အတွင်း လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် တနင်္လာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်သင့်ပါတယ်။ငွေကိစ္စ၊ အရောင်းအဝယ်ကိစ္စတွေမှာ အထစ်အငေါ့လေးတွေ၊ စိတ်ဒွိဟဖြစ်စရာတွေ ရှိပါတယ်။အရောင်းအဝယ်သမားတွေ အဆင်မချောဖြစ်တတ်လို့ အလောတကြီး မလုပ်သင့်ပါဘူး။စပ်တူလုပ်တဲ့ကိစ္စတွေ ဒီအချိန်စလုပ်တာ အကောင်းဆုံးပါ။အဝေးရပ်ခြားက လူမျိုးခြားအကူအညီ မထင်မှတ်ထားဘဲ ရတတ်ပါတယ်။လက်အောက်ငယ်သားကြောင့် စိတ်ရှုပ်တတ်ရတတ်သလို လူရင်းက သစ္စာဖောက်တတ်ပါတယ်။အိမ်ခြံမြေ၊ အမွေနဲ့ စာချုပ်စာတမ်းကိစ္စတွေ၊ အစုရှယ်ယာအလုပ်တွေ မကောင်းတတ်ပါဘူး။ငွေရေးကြေးရေး အလိမ်အညာမိတတ်ပါတယ်။
ကား၊ ခရီးသွားလုပ်ငန်း၊ ကျောက်မျက်လုပ်ငန်းလုပ်သူတွေ အလုပ်အကိုင်ကောင်းပါတယ်။ပညာရေးကတော့ ကံကောင်းနေတတ်ပြီး လိုရာရောက်စေပါလိမ့်မယ်။ကျန်းမာရေးကတော့ ခြေထောက်၊ ဗိုက်မကောင်းတာတွေ၊ လေအောင့်တာတွေ၊ ခါးနာတာတွေ ဖြစ်တတ်ပါတယ်။အိမ်ထောင်ရှင်များ ပျော်ရွှင်စရာတွေ ဆိုက်ရောက်လာပါလိမ့်ပေမယ့် ချစ်သူများကတော့ ကြားလူကြောင့် ပျက်ကိန်းရှိပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ယခုတစ်ပတ်အတွင်း ကံ့ကော်ပန်းနှင့် ငွေပန်းကို တွဲပူဇော်ကာ ရှင်သီဝလိဂါထာကို နံနက်စောစောတိုင်း ရွတ်ဖတ်ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ ပြည်ပအလုပ်ကိစ္စအတွက် သွားတိုင်းတဟိ့ံတဟိ့ ံ ဂါထာကို သက်စေ့ရွတ်ဖတ်ပြီးမှ သွားသင့်ပါတယ်။အချိန်မရလျှင် ၉ ခေါက်တိတိ ရွတ်ဖတ်ပူဇော်ပြီးမှ သွားပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ နေအိမ်ဘုရားနှင့် အိမ်အနီးရှိ ဘုရားစေတီတစ်ခုခုတွင်သို့ နံနက်စောစော ပဋ္ဌာန်းဒေသနာ သွားရောက်ရွတ်ဖတ်ပူဇော်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ဒီရက်ပိုင်း စိတ်ချင်းအဆင်မပြေဖြစ်နေသည့် အိမ်ထောင်ဘက်များ၊ ချစ်သူများ မိုးလင်းတိုင်းမှန်ကို စတိကြည့်ပြီးမှ စကားပြောပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုန်ကြီးကျောင်းသို့သွားကာ ကုဋီဆေးကြောပေးပါ။ရေဖြည့်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ရေသတ္တဝါများထားသည့်ကန်သို့ ရေဖြည့်ပေးပါ။

ထီကံကောင်းလိုသူများ ။     ။ စက်ဘီးနှင့်ရောင်းသည့် ထီဆိုင်တွင် ၂/၆/၉  ဂဏန်းကို များများပါအောင်ထိုးပါ။၇/၉ ဂဏန်း အပူးရလျှင် ကောင်းသည်။

( Zawgyi )

ဒီရက္အတြင္း လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ တနလၤာ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္သင့္ပါတယ္။ေငြကိစၥ၊ အေရာင္းအဝယ္ကိစၥေတြမွာ အထစ္အေငါ့ေလးေတြ၊ စိတ္ဒြိဟျဖစ္စရာေတြ ရွိပါတယ္။အေရာင္းအဝယ္သမားေတြ အဆင္မေခ်ာျဖစ္တတ္လို႔ အေလာတႀကီး မလုပ္သင့္ပါဘူး။စပ္တူလုပ္တဲ့ကိစၥေတြ ဒီအခ်ိန္စလုပ္တာ အေကာင္းဆုံးပါ။အေဝးရပ္ျခားက လူမ်ိဳးျခားအကူအညီ မထင္မွတ္ထားဘဲ ရတတ္ပါတယ္။လက္ေအာက္ငယ္သားေၾကာင့္ စိတ္ရႈပ္တတ္ရတတ္သလို လူရင္းက သစၥာေဖာက္တတ္ပါတယ္။အိမ္ၿခံေျမ၊ အေမြနဲ႔ စာခ်ဳပ္စာတမ္းကိစၥေတြ၊ အစုရွယ္ယာအလုပ္ေတြ မေကာင္းတတ္ပါဘူး။ေငြေရးေၾကးေရး အလိမ္အညာမိတတ္ပါတယ္။
ကား၊ ခရီးသြားလုပ္ငန္း၊ ေက်ာက္မ်က္လုပ္ငန္းလုပ္သူေတြ အလုပ္အကိုင္ေကာင္းပါတယ္။ပညာေရးကေတာ့ ကံေကာင္းေနတတ္ၿပီး လိုရာေရာက္ေစပါလိမ့္မယ္။က်န္းမာေရးကေတာ့ ေျခေထာက္၊ ဗိုက္မေကာင္းတာေတြ၊ ေလေအာင့္တာေတြ၊ ခါးနာတာေတြ ျဖစ္တတ္ပါတယ္။အိမ္ေထာင္ရွင္မ်ား ေပ်ာ္႐ႊင္စရာေတြ ဆိုက္ေရာက္လာပါလိမ့္ေပမယ့္ ခ်စ္သူမ်ားကေတာ့ ၾကားလူေၾကာင့္ ပ်က္ကိန္းရွိပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ယခုတစ္ပတ္အတြင္း ကံ့ေကာ္ပန္းႏွင့္ ေငြပန္းကို တြဲပူေဇာ္ကာ ရွင္သီဝလိဂါထာကို နံနက္ေစာေစာတိုင္း ႐ြတ္ဖတ္ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ျပည္ပအလုပ္ကိစၥအတြက္ သြားတိုင္းတဟိ့ံတဟိ့ ံ ဂါထာကို သက္ေစ့႐ြတ္ဖတ္ၿပီးမွ သြားသင့္ပါတယ္။အခ်ိန္မရလွ်င္ ၉ ေခါက္တိတိ ႐ြတ္ဖတ္ပူေဇာ္ၿပီးမွ သြားပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေနအိမ္ဘုရားႏွင့္ အိမ္အနီးရွိ ဘုရားေစတီတစ္ခုခုတြင္သို႔ နံနက္ေစာေစာ ပ႒ာန္းေဒသနာ သြားေရာက္႐ြတ္ဖတ္ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ဒီရက္ပိုင္း စိတ္ခ်င္းအဆင္မေျပျဖစ္ေနသည့္ အိမ္ေထာင္ဘက္မ်ား၊ ခ်စ္သူမ်ား မိုးလင္းတိုင္းမွန္ကို စတိၾကည့္ၿပီးမွ စကားေျပာပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုန္ႀကီးေက်ာင္းသို႔သြားကာ ကုဋီေဆးေၾကာေပးပါ။ေရျဖည့္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေရသတၱဝါမ်ားထားသည့္ကန္သို႔ ေရျဖည့္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ စက္ဘီးႏွင့္ေရာင္းသည့္ ထီဆိုင္တြင္ ၂/၆/၉  ဂဏန္းကို မ်ားမ်ားပါေအာင္ထိုးပါ။၇/၉ ဂဏန္း အပူးရလွ်င္ ေကာင္းသည္။