【 ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

အပြိုင်အဆိုင်ကြားက တိုးတက်မှုတွေရတတ်တဲ့ကာလဖြစ်သလို မိဘဆရာသမားတို့ထံမှ အကူအညီကောင်း အကြံဉာဏ်ကောင်းရတတ်လို့ အတိုက်အခိုက်တွေကို အောင်မြင်ပါလိမ့်မယ်။ဒီတစ်ပတ် ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် တနင်္ဂနွေ သားသမီးတွေကို တိုင်ပင်တာ သင့်အတွက်အကောင်းဆုံးပါဘဲ။မထင်မှတ်ဘဲ အပြိုင်အဆိုင်တွေဖြစ်လာပြီး အောင်မြင်မှု သင်ရလာပါလိမ့်မယ်။ကိုယ်ပိုင်လုပ်ငန်းလုပ်သူတွေ အတိုက်အခံရှိပေမယ့် သူ့ဘာသာပြေလည်သွားပါလိမ့်မယ်။ဘုရားတရားလုပ်တာကလွဲပြီး ဘယ်အရာမှ သင့်ကိုစိတ်ချမ်းသာစေမှာ မဟုတ်ပါဘူး။မိသားစုအတွင်း မောင်နှမအချင်းချင်း ဆက်ဆံရေးကောင်းနေတတ်ပါတယ်။ဝန်ထမ်းတွေ အကျိုးလိုပြီးကြိုးစားရင် ထင်သလိုရလဒ် မထွက်တတ်ပါဘူး။အလုပ်နဲ့ပတ်သက်ပြီး ခရီးထွက်ရင်ကောင်းတတ်ပါတယ်။ဒီကာလမှာ လုပ်ငန်းသစ်တိုးချဲ့တာ၊ တာဝန်အသစ်ယူတာတွေ ကောင်းပါတယ်။ကျန်းမာရေးကတော့ ဗိုက်နဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။အထူးသဖြင့် မတည့်တဲ့အစာတွေကြောင့် အစာမှားတတ်ပါတယ်။
ပညာရေးကတော့ အထစ်အငေါ့ရှိပါတယ်။အိမ်ထောင်ရှင်ချစ်သူတွေအတွက် ဘေးစကားယုံတတ်တာရှောင်ပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ခုနှစ်ရက်တိတိ အုန်းဖူး၊ အုန်းညွှန့်တို့ဖြင့် ပူဇော်ပါ။အုန်းဆွမ်းကပ်ပေးပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ ကိုယ်သွားမည့် နိုင်ငံ၏ နေ့နံသင့်ပန်းကို ဘုရားရှင်အား ကပ်လှူပူဇော်ပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ အောင်သပြေ ၉ ညွှန့်ဖြင့် အောင်အမည်ပါ စေတီတွင် နံနက်ကိုးနာရီတိတိ ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်ထဲရှိ စနေနံပစ္စည်းအဟောင်းများက သင့်ကို အခက်အခဲဖြစ်စေခဲ့တာပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ သမ္ဗုဒ္ဓေဂါထာက သင့်ကို အကာကွယ်ပေးပါလိမ့်မယ်။သင်သတိရတိုင်း ရွတ်ဆိုပေးပါ။  

ကျန်းမာရေးမကောင်းသူများ ။     ။  ရေသတ္တဝါများကို အစာကျွေးပါ။

ထီကံကောင်းလိုသူများ ။     ။ ထီဆိုင်မှာ ၇ ဂဏန်းကိုရှောင်ပြီး ထိုးပါ။

( Zawgyi )

အၿပိဳင္အဆိုင္ၾကားက တိုးတက္မႈေတြရတတ္တဲ့ကာလျဖစ္သလို မိဘဆရာသမားတို႔ထံမွ အကူအညီေကာင္း အႀကံဉာဏ္ေကာင္းရတတ္လို႔ အတိုက္အခိုက္ေတြကို ေအာင္ျမင္ပါလိမ့္မယ္။ဒီတစ္ပတ္ ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ တနဂၤေႏြ သားသမီးေတြကို တိုင္ပင္တာ သင့္အတြက္အေကာင္းဆုံးပါဘဲ။မထင္မွတ္ဘဲ အၿပိဳင္အဆိုင္ေတြျဖစ္လာၿပီး ေအာင္ျမင္မႈ သင္ရလာပါလိမ့္မယ္။ကိုယ္ပိုင္လုပ္ငန္းလုပ္သူေတြ အတိုက္အခံရွိေပမယ့္ သူ႔ဘာသာေျပလည္သြားပါလိမ့္မယ္။ဘုရားတရားလုပ္တာကလြဲၿပီး ဘယ္အရာမွ သင့္ကိုစိတ္ခ်မ္းသာေစမွာ မဟုတ္ပါဘူး။မိသားစုအတြင္း ေမာင္ႏွမအခ်င္းခ်င္း ဆက္ဆံေရးေကာင္းေနတတ္ပါတယ္။ဝန္ထမ္းေတြ အက်ိဳးလိုၿပီးႀကိဳးစားရင္ ထင္သလိုရလဒ္ မထြက္တတ္ပါဘူး။အလုပ္နဲ႔ပတ္သက္ၿပီး ခရီးထြက္ရင္ေကာင္းတတ္ပါတယ္။ဒီကာလမွာ လုပ္ငန္းသစ္တိုးခ်ဲ႕တာ၊ တာဝန္အသစ္ယူတာေတြ ေကာင္းပါတယ္။က်န္းမာေရးကေတာ့ ဗိုက္နဲ႔ပတ္သက္တဲ့ ေရာဂါေတြ ျဖစ္တတ္ပါတယ္။အထူးသျဖင့္ မတည့္တဲ့အစာေတြေၾကာင့္ အစာမွားတတ္ပါတယ္။
ပညာေရးကေတာ့ အထစ္အေငါ့ရွိပါတယ္။အိမ္ေထာင္ရွင္ခ်စ္သူေတြအတြက္ ေဘးစကားယုံတတ္တာေရွာင္ပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ခုႏွစ္ရက္တိတိ အုန္းဖူး၊ အုန္းၫႊန္႔တို႔ျဖင့္ ပူေဇာ္ပါ။အုန္းဆြမ္းကပ္ေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ကိုယ္သြားမည့္ ႏိုင္ငံ၏ ေန႔နံသင့္ပန္းကို ဘုရားရွင္အား ကပ္လႉပူေဇာ္ေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေအာင္သေျပ ၉ ၫႊန္႔ျဖင့္ ေအာင္အမည္ပါ ေစတီတြင္ နံနက္ကိုးနာရီတိတိ ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္ထဲရွိ စေနနံပစၥည္းအေဟာင္းမ်ားက သင့္ကို အခက္အခဲျဖစ္ေစခဲ့တာပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ သမၺဳေဒၶဂါထာက သင့္ကို အကာကြယ္ေပးပါလိမ့္မယ္။သင္သတိရတိုင္း ႐ြတ္ဆိုေပးပါ။  

က်န္းမာေရးမေကာင္းသူမ်ား ။     ။  ေရသတၱဝါမ်ားကို အစာေကြၽးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ထီဆိုင္မွာ ၇ ဂဏန္းကိုေရွာင္ၿပီး ထိုးပါ။