【 ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် စနေ သားသမီးတွေနဲ့  တိုင်ပင်ဆောင်ရွက်ပါ။ယခုရက်ပိုင်းအတွင်း အဘက်ဘက်က ကံတွေပွင့်လန်းနေတတ်ပါတယ်။အလုပ်အကိုင်တွေ ဒီရက်ပိုင်းတိုးချဲ့သင့်ပါတယ်။ငွေကံကောင်းနေတတ်ပါတယ်။
ကိုယ့်အောင်မြင်မှုအရာရာကို မလိုလားသူတွေရဲ့ အတိုက်အခိုက်ရှိပါတယ်။မိသားစုအတွင်း အလှူအတန်းလုပ်ရတာတွေ ကြုံရတတ်ပါတယ်။ဒီရက်ပိုင်းအတွင်း မိတ်ဆွေကောင်းများရဲ့ အကူအညီများရတတ်ပါတယ်။ကွဲကွာနေသူများပြန်ဆုံခြင်း၊ ရပ်ဝေးကမိတ်ဆွေများနဲ့ ပြန်ဆုံရတတ်ပါတယ်။ငွေရေးကြေးရေးကိစ္စတွေ၊ နေရာသစ်၊ လုပ်ငန်းသစ်၊ အိမ်သစ်ကိစ္စတွေ စလုပ်လို့ကောင်းပါတယ်။လူမျိုးခြားနဲ့ စပ်တူလုပ်ရတဲ့အလုပ်တွေ၊ စာချုပ်စာတမ်းအလုပ်တွေ အိမ်၊ ခြံမြေကိစ္စတွေ ကောင်းပါတယ်။ဒီကာလမှာ အပြောမတတ်လို့ ဆွေမျိုးကြား ပြဿနာကြီးကြီးမားမားတက်တတ်ပါတယ်။ယခုရက်ပိုင်း ခရီးသွားလုပ်ငန်းတွေ အခက်အခဲရှိတတ်ပါတယ်။ပညာရေးကကောင်းပါတယ်။လုပ်ငန်းခွင်မှာ ရာထူးဖြေသူတို့ ယခုရက်ပိုင်းအောင်စာရင်းထွက်ရင် လိုအင်ဆန္ဒပြည့်ပြီလို့ မှတ်လိုက်ပါ။ကျန်းမာရေးမှာ အိပ်ရေးပျက်တာတွေကြောင့် အာရုံကြောထိခိုက်နိုင်ပါတယ်။ခရီးထွက်တာတွေ၊ ဘုရားဖူးသွားရတာတွေက သင့်အတွက်ကောင်းပါတယ်။အိမ်ထောင်ရှင်များ ခဏတာခွဲခွာရကိန်းရှိပါတယ်။သမီးရည်းစားများကတော့ အကြပ်အတည်းကြုံရတဲ့ကာလပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား စနေနံပန်းများလှူကာ ဒိဝါတပတိဂါထာကို နံနက် ၉ နာရီမထိုးမီ ၉ ခေါက်ရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ မွေးနေ့မွေးရက်တွင် သင့်အိမ်နှင့် အနီးဆုံးစေတီရှိ စနေထောင့်အရပ်တွင် အဓိဋ္ဌာန်ပုတီးစိပ်ပြီး လိုရာဆုတောင်းပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ လျှောက်ထားသည့်အလုပ်ကို စာရွက်တစ်ရွက်ဖြင့်ရေးပြီး ခေါင်းအုံးအောက်ထားအိပ်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်တွင် အိမ်ထောင်ဘက်နှစ်ဦး၏ နေ့သင့်နံသင့်ပန်းကို ပန်းအိုးတစ်အိုးဖြင့်သပ်သပ်ထိုးကာ ဘုရားပူဇော်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ယခုတစ်ပတ်လုံး ဘုရားအားရေသပ္ပါယ်ခြင်း၊ စေတီရင်ပြင်များတွင် အမှိုက်များကောက်ခြင်းများ ပြုလုပ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ စေတီများတွင် ညောင်ထောက်ပေးခြင်း၊ ပန်းခြောက်များရှင်းပေးခြင်း ပြုလုပ်ပေးပါ။

ထီကံကောင်းလိုသူများ ။     ။ ထီဆိုင်တွင် စနေနံအက္ခရာဖြင့် ၆/၈ ဂဏန်းများများပါသော ထီကိုထိုးပါ။
( Zawgyi )
ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ စေန သားသမီးေတြနဲ႔  တိုင္ပင္ေဆာင္႐ြက္ပါ။ယခုရက္ပိုင္းအတြင္း အဘက္ဘက္က ကံေတြပြင့္လန္းေနတတ္ပါတယ္။အလုပ္အကိုင္ေတြ ဒီရက္ပိုင္းတိုးခ်ဲ႕သင့္ပါတယ္။ေငြကံေကာင္းေနတတ္ပါတယ္။
ကိုယ့္ေအာင္ျမင္မႈအရာရာကို မလိုလားသူေတြရဲ႕ အတိုက္အခိုက္ရွိပါတယ္။မိသားစုအတြင္း အလႉအတန္းလုပ္ရတာေတြ ႀကဳံရတတ္ပါတယ္။ဒီရက္ပိုင္းအတြင္း မိတ္ေဆြေကာင္းမ်ားရဲ႕ အကူအညီမ်ားရတတ္ပါတယ္။ကြဲကြာေနသူမ်ားျပန္ဆုံျခင္း၊ ရပ္ေဝးကမိတ္ေဆြမ်ားနဲ႔ ျပန္ဆုံရတတ္ပါတယ္။ေငြေရးေၾကးေရးကိစၥေတြ၊ ေနရာသစ္၊ လုပ္ငန္းသစ္၊ အိမ္သစ္ကိစၥေတြ စလုပ္လို႔ေကာင္းပါတယ္။လူမ်ိဳးျခားနဲ႔ စပ္တူလုပ္ရတဲ့အလုပ္ေတြ၊ စာခ်ဳပ္စာတမ္းအလုပ္ေတြ အိမ္၊ ၿခံေျမကိစၥေတြ ေကာင္းပါတယ္။ဒီကာလမွာ အေျပာမတတ္လို႔ ေဆြမ်ိဳးၾကား ျပႆနာႀကီးႀကီးမားမားတက္တတ္ပါတယ္။ယခုရက္ပိုင္း ခရီးသြားလုပ္ငန္းေတြ အခက္အခဲရွိတတ္ပါတယ္။ပညာေရးကေကာင္းပါတယ္။လုပ္ငန္းခြင္မွာ ရာထူးေျဖသူတို႔ ယခုရက္ပိုင္းေအာင္စာရင္းထြက္ရင္ လိုအင္ဆႏၵျပည့္ၿပီလို႔ မွတ္လိုက္ပါ။က်န္းမာေရးမွာ အိပ္ေရးပ်က္တာေတြေၾကာင့္ အာ႐ုံေၾကာထိခိုက္ႏိုင္ပါတယ္။ခရီးထြက္တာေတြ၊ ဘုရားဖူးသြားရတာေတြက သင့္အတြက္ေကာင္းပါတယ္။အိမ္ေထာင္ရွင္မ်ား ခဏတာခြဲခြာရကိန္းရွိပါတယ္။သမီးရည္းစားမ်ားကေတာ့ အၾကပ္အတည္းႀကဳံရတဲ့ကာလပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား စေနနံပန္းမ်ားလႉကာ ဒိဝါတပတိဂါထာကို နံနက္ ၉ နာရီမထိုးမီ ၉ ေခါက္႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ေမြးေန႔ေမြးရက္တြင္ သင့္အိမ္ႏွင့္ အနီးဆုံးေစတီရွိ စေနေထာင့္အရပ္တြင္ အဓိ႒ာန္ပုတီးစိပ္ၿပီး လိုရာဆုေတာင္းပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေလွ်ာက္ထားသည့္အလုပ္ကို စာ႐ြက္တစ္႐ြက္ျဖင့္ေရးၿပီး ေခါင္းအုံးေအာက္ထားအိပ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္တြင္ အိမ္ေထာင္ဘက္ႏွစ္ဦး၏ ေန႔သင့္နံသင့္ပန္းကို ပန္းအိုးတစ္အိုးျဖင့္သပ္သပ္ထိုးကာ ဘုရားပူေဇာ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ယခုတစ္ပတ္လုံး ဘုရားအားေရသပၸါယ္ျခင္း၊ ေစတီရင္ျပင္မ်ားတြင္ အမႈိက္မ်ားေကာက္ျခင္းမ်ား ျပဳလုပ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေစတီမ်ားတြင္ ေညာင္ေထာက္ေပးျခင္း၊ ပန္းေျခာက္မ်ားရွင္းေပးျခင္း ျပဳလုပ္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ထီဆိုင္တြင္ စေနနံအကၡရာျဖင့္ ၆/၈ ဂဏန္းမ်ားမ်ားပါေသာ ထီကိုထိုးပါ။