【 ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

အဖက်ဖက်က ကံဇာတာပွင့်လန်းနေပါလိမ့်မယ်။ကံတရားက အကျိုးပေးတဲ့ဘက်ရောက်နေတဲ့အတွက် လုပ်ငန်းသစ်၊ နေရာသစ် စတာတွေ အစပြုလုပ်တာကောင်းပါတယ်။ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် ကြာသပတေး သားသမီးတွေကို တိုင်ပင်တာအကောင်းဆုံးပါဘဲ။
စပ်တူကိစ္စတွေကတော့ မလုပ်ပါနဲ့ဦး။အနုပညာရှင်တွေ၊ အနုပညာလုပ်ငန်းတွေ၊ ကားအရောင်းအဝယ်သမားတွေ အလုပ်များပြီး အကျိုးဖြစ်ထွန်းမယ့်အချိန်အခါပါ။ဒါပေမယ့် အတိုက်အခိုက်တွေများလို့ အရင်းအခြာတွေကတောင် သင့်ကိုတမျိုးမြင်တတ်တဲ့အချိန်ပါ။ဒီကာလမှာ ငွေရွှင်တတ် ရွှေနဲ့အဖိုးတန်ပစ္စည်းတွေ ဝင်တတ်ပါတယ်။ဒီကာလမှာ အချေးအငှားမလုပ်သင့်ပါ။မငြင်းသာတဲ့ အရင်းအခြာဖြစ်နေရင် အပြတ်သာပေးလိုက်ပါ။ဘာကိစ္စဖြစ်ဖြစ် ဘယ်သူ့ကိုမှ အာမခံမပေးတာ သင့်အတွက်အကောင်းဆုံးပါ။ခရီးထွက်ဖို့စီစဉ်ထားသူတွေ မရေမရာဖြစ်တတ်ပါတယ်။
ကျန်းမာရေးကတော့ အစားအသောက်ကြောင့်ဖြစ်တတ်တာပဲရှိပါတယ်။ပညာရေးကတော့ တစ်ပြိုင်နက်ဘာမှမစီစဉ်ပါနဲ့။တစ်ခုပြီးမှ တစ်ခုသာ လုပ်သင့်ပါတယ်။အိမ်ထောင်ရှင်များ အကျီစားသန်လို့  စကားများတတ်ပေမယ့် ချစ်သူသမီးရည်းစားတွေ သတင်းကောင်းတွေကြောင့် ပျော်ရွှင်ရမယ့်အချိန်အခါပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ကြာသပတေးနံ မာလကာ၊ ပန်းသီး စသည်တို့ဖြင့် ကပ်လှူပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ မိမိသွားလိုသည့်အရပ်မှ ခွေးများအား မနက်ဖက်တွင် အစာကျွေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားတွင် ကြာသပတေးထောင့်၌ ပန်းပေါင်းစုံကပ်လှူကာ ဓမ္မစကြာရွတ်ဖတ်ပူဇော်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အင်္ဂါနံပစ္စည်းအဟောင်းအပျက်များ အိပ်ခန်းထဲရှိနေလျှင် အခန်းထဲမထားပါနှင့်။တခြားထားပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီများတွင် ဂြိုလ်နံဘုရားများကို ရေသပ္ပါယ်ပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ကျောင်းကန်စေတီများရှိ ဗောဓိညောင်ကို ညောင်ထောက်ပေးပါ။ လမ်းခင်းတံတားထိုးပေးပါ။

ထီကံကောင်းလိုသူများ ။     ။ ကြာသပတေးနာမည်ပါ ထီဆိုင်တွင် ၅ ပူး၊  ၆ ပူး ဂဏန်းများပါသည့် ထီထိုးပါ။
( Zawgyi )
အဖက္ဖက္က ကံဇာတာပြင့္လန္းေနပါလိမ့္မယ္။ကံတရားက အက်ိဳးေပးတဲ့ဘက္ေရာက္ေနတဲ့အတြက္ လုပ္ငန္းသစ္၊ ေနရာသစ္ စတာေတြ အစျပဳလုပ္တာေကာင္းပါတယ္။ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ ၾကာသပေတး သားသမီးေတြကို တိုင္ပင္တာအေကာင္းဆုံးပါဘဲ။
စပ္တူကိစၥေတြကေတာ့ မလုပ္ပါနဲ႔ဦး။အႏုပညာရွင္ေတြ၊ အႏုပညာလုပ္ငန္းေတြ၊ ကားအေရာင္းအဝယ္သမားေတြ အလုပ္မ်ားၿပီး အက်ိဳးျဖစ္ထြန္းမယ့္အခ်ိန္အခါပါ။ဒါေပမယ့္ အတိုက္အခိုက္ေတြမ်ားလို႔ အရင္းအျခာေတြကေတာင္ သင့္ကိုတမ်ိဳးျမင္တတ္တဲ့အခ်ိန္ပါ။ဒီကာလမွာ ေငြ႐ႊင္တတ္ ေ႐ႊနဲ႔အဖိုးတန္ပစၥည္းေတြ ဝင္တတ္ပါတယ္။ဒီကာလမွာ အေခ်းအငွားမလုပ္သင့္ပါ။မျငင္းသာတဲ့ အရင္းအျခာျဖစ္ေနရင္ အျပတ္သာေပးလိုက္ပါ။ဘာကိစၥျဖစ္ျဖစ္ ဘယ္သူ႔ကိုမွ အာမခံမေပးတာ သင့္အတြက္အေကာင္းဆုံးပါ။ခရီးထြက္ဖို႔စီစဥ္ထားသူေတြ မေရမရာျဖစ္တတ္ပါတယ္။
က်န္းမာေရးကေတာ့ အစားအေသာက္ေၾကာင့္ျဖစ္တတ္တာပဲရွိပါတယ္။ပညာေရးကေတာ့ တစ္ၿပိဳင္နက္ဘာမွမစီစဥ္ပါနဲ႔။တစ္ခုၿပီးမွ တစ္ခုသာ လုပ္သင့္ပါတယ္။အိမ္ေထာင္ရွင္မ်ား အက်ီစားသန္လို႔  စကားမ်ားတတ္ေပမယ့္ ခ်စ္သူသမီးရည္းစားေတြ သတင္းေကာင္းေတြေၾကာင့္ ေပ်ာ္႐ႊင္ရမယ့္အခ်ိန္အခါပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ၾကာသပေတးနံ မာလကာ၊ ပန္းသီး စသည္တို႔ျဖင့္ ကပ္လႉပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ မိမိသြားလိုသည့္အရပ္မွ ေခြးမ်ားအား မနက္ဖက္တြင္ အစာေကြၽးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားတြင္ ၾကာသပေတးေထာင့္၌ ပန္းေပါင္းစုံကပ္လႉကာ ဓမၼစၾကာ႐ြတ္ဖတ္ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အဂၤါနံပစၥည္းအေဟာင္းအပ်က္မ်ား အိပ္ခန္းထဲရွိေနလွ်င္ အခန္းထဲမထားပါႏွင့္။တျခားထားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီမ်ားတြင္ ၿဂိဳလ္နံဘုရားမ်ားကို ေရသပၸါယ္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေက်ာင္းကန္ေစတီမ်ားရွိ ေဗာဓိေညာင္ကို ေညာင္ေထာက္ေပးပါ။ လမ္းခင္းတံတားထိုးေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ၾကာသပေတးနာမည္ပါ ထီဆိုင္တြင္ ၅ ပူး၊  ၆ ပူး ဂဏန္းမ်ားပါသည့္ ထီထိုးပါ။