【 ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် အင်္ဂါ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ယခုရက်ပိုင်းအတွင်း ငွေကံတွေကောင်းနေတတ်ပေမယ့် ဘာသာရေးတွဲလုပ်ဖို့ လိုပါတယ်။ဘုရားဖူးခရီးကောင်းများ ကြုံရတတ်တဲ့ အချိန်ပါ။ဒီရက်တွေမှာ မိတ်ကောင်းဆွေကောင်းတွေ ရတတ်ပါတယ်။စပ်တူကိစ္စတွေ စာချုပ်နဲ့လုပ်ရတဲ့ လုပ်ငန်းတွေ အောင်မြင်မှုရပါလိမ့်မယ်။ကိုယ့်အောက်က ဝန်ထမ်းကိစ္စတွေမှာ ပြဿနာရှိတတ်သလို ကြား ၃ ကြား ဝင်တတ်သူတွေ ပြဿနာရှင်းရတတ်ပါတယ်။သတိထားပါ။ဘာကိစ္စမဆို အထစ်အငေါ့ အနှောက်အယှက်များနေရင် မနက်စောစော ဘုရားကိုသောက် တော်ရေချမ်းကပ်ပါ။လုပ်ငန်းခွင်အတွင်း စိတ်ပန်းကိုယ်ပန်းဖြစ်တတ်ပါတယ်။ကျန်းမာရေးကောင်းပေမယ့် လေထိုးလေအောင့်စတဲ့ လေရောဂါတွေ၊ ဒူးနာခါးနာ စတဲ့ရောဂါတွေ ဖြစ်တတ်ပါတယ်။ပညာသင်နေတဲ့သူ တွေ ပညာရည်မှန်းချက်ပြည့်စုံပါမယ်။အိမ်ထောင်ရှင်များ၊ ချစ်သူတွေကတော့ အဆင်မပြေဖြစ်တတ်ပေမယ့် ပြန်ပြေလည်ကာ ပိုချစ်သွားပါလိမ့်မယ်။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားစေတီများတွင် ရှင်သီဝလီဂါထာ ပုတီး ၃ ပတ်စိပ်ကာ အိမ်တွင် ဇော်စိမ်း၊ ဇော်ကျားပန်းကို စပါယ်ပန်းနှင့်ရောထိုးပေးပါ။
 
ပြည်ပထွက်ခွာလိုသူများ ။ ။ ကိုယ်သွားလိုသော အရပ်မျက်နှာထောင့်ရှိ ဘုန်းကြီးကျောင်းသို့သွားကာ နေရာထိုင်ခင်းလှူပေးပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ ဘုရားစေတီများရှိ အင်္ဂါထောင့်တွင် ကိုယ်လျှောက်ထားသည့်အလုပ်ကို အာရုံပြုကာ မေတ္တာသုတ် သက်စေ့ရွတ်ဆိုပူဇော်ပါ။
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အချစ်ရေးအဆင်မပြေပါက တနင်္လာနံသတ္တဝါများကို ကိုယ့်လက်နှင့်ကိုင်ကာ အစာကျွေးပေးပါ။
 
လူမှုရေးအတိုက်အခံများသူများ ။ ။ လမ်းထဲတွင် နံနက်စောစော အမှိုက်များရှင်းလင်းပေးခြင်း၊ လမ်းပေါ်ရှိခဲများကို ဖယ်ပေးခြင်းက အကောင်းဆုံးဖြစ်သည်။
 
ကျန်းမာရေးမကောင်းသူများ ။ ။ လမ်းနှင့် ချောင်းအကူးများတွင် တံတားထိုးပေးပါ။
 
ထီကံကောင်းလိုသူများ ။ ။ ယခုတစ်ပတ် သင့်အိမ်ရှေ့ရောက်လာသည့် ထီလှည်းဆိုင်မှ ၃ ဂဏန်းများ များပါသည့် ထီကိုရှာထိုးပေးပါ။
 
( Zawgyi )
 
ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ အဂၤါ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ယခုရက္ပိုင္းအတြင္း ေငြကံေတြေကာင္းေနတတ္ေပမယ့္ ဘာသာေရးတြဲလုပ္ဖို႔ လိုပါတယ္။ဘုရားဖူးခရီးေကာင္းမ်ား ႀကဳံရတတ္တဲ့ အခ်ိန္ပါ။ဒီရက္ေတြမွာ မိတ္ေကာင္းေဆြေကာင္းေတြ ရတတ္ပါတယ္။စပ္တူကိစၥေတြ စာခ်ဳပ္နဲ႔လုပ္ရတဲ့ လုပ္ငန္းေတြ ေအာင္ျမင္မႈရပါလိမ့္မယ္။ကိုယ့္ေအာက္က ဝန္ထမ္းကိစၥေတြမွာ ျပႆနာရွိတတ္သလို ၾကား ၃ ၾကား ဝင္တတ္သူေတြ ျပႆနာရွင္းရတတ္ပါတယ္။သတိထားပါ။ဘာကိစၥမဆို အထစ္အေငါ့ အေႏွာက္အယွက္မ်ားေနရင္ မနက္ေစာေစာ ဘုရားကိုေသာက္ ေတာ္ေရခ်မ္းကပ္ပါ။လုပ္ငန္းခြင္အတြင္း စိတ္ပန္းကိုယ္ပန္းျဖစ္တတ္ပါတယ္။က်န္းမာေရးေကာင္းေပမယ့္ ေလထိုးေလေအာင့္စတဲ့ ေလေရာဂါေတြ၊ ဒူးနာခါးနာ စတဲ့ေရာဂါေတြ ျဖစ္တတ္ပါတယ္။ပညာသင္ေနတဲ့သူ ေတြ ပညာရည္မွန္းခ်က္ျပည့္စုံပါမယ္။အိမ္ေထာင္ရွင္မ်ား၊ ခ်စ္သူေတြကေတာ့ အဆင္မေျပျဖစ္တတ္ေပမယ့္ ျပန္ေျပလည္ကာ ပိုခ်စ္သြားပါလိမ့္မယ္။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားေစတီမ်ားတြင္ ရွင္သီဝလီဂါထာ ပုတီး ၃ ပတ္စိပ္ကာ အိမ္တြင္ ေဇာ္စိမ္း၊ ေဇာ္က်ားပန္းကို စပါယ္ပန္းႏွင့္ေရာထိုးေပးပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ ကိုယ္သြားလိုေသာ အရပ္မ်က္ႏွာေထာင့္ရွိ ဘုန္းႀကီးေက်ာင္းသို႔သြားကာ ေနရာထိုင္ခင္းလႉေပးပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ ဘုရားေစတီမ်ားရွိ အဂၤါေထာင့္တြင္ ကိုယ္ေလွ်ာက္ထားသည့္အလုပ္ကို အာ႐ုံျပဳကာ ေမတၱာသုတ္ သက္ေစ့႐ြတ္ဆိုပူေဇာ္ပါ။
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ အခ်စ္ေရးအဆင္မေျပပါက တနလၤာနံသတၱဝါမ်ားကို ကိုယ့္လက္ႏွင့္ကိုင္ကာ အစာေကြၽးေပးပါ။
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ လမ္းထဲတြင္ နံနက္ေစာေစာ အမႈိက္မ်ားရွင္းလင္းေပးျခင္း၊ လမ္းေပၚရွိခဲမ်ားကို ဖယ္ေပးျခင္းက အေကာင္းဆုံးျဖစ္သည္။
 
က်န္းမာေရးမေကာင္းသူမ်ား ။ ။ လမ္းႏွင့္ ေခ်ာင္းအကူးမ်ားတြင္ တံတားထိုးေပးပါ။
 
ထီကံေကာင္းလိုသူမ်ား ။ ။ ယခုတစ္ပတ္ သင့္အိမ္ေရွ႕ေရာက္လာသည့္ ထီလွည္းဆိုင္မွ ၃ ဂဏန္းမ်ား မ်ားပါသည့္ ထီကိုရွာထိုးေပးပါ။