【 ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ကံတရားက အကျိုးပေးတဲ့ဘက်ရောက်နေတဲ့အတွက် အဖက်ဖက်က ကံဇာတာပွင့်လန်းနေပါလိမ့်မယ်။လုပ်ငန်းသစ်၊ နေရာသစ် စတာတွေ အစပြုလုပ်တာကောင်းပါတယ်။ဒီကာလမှာ ပညာရေး၊ လူမှုရေး၊ စီးပွား ရေးအတွက် ကြာသပတေး သားသမီးတွေနဲ့ တိုင်ပင်ဆောင်ရွက်တာအကောင်းဆုံးပါဘဲ။စက်ပစ္စည်းအသစ်တွေ ဝင်တတ်သလို အင်္ဂါနံလုပ်ငန်းတွေဖြစ်တဲ့ စက်ပစ္စည်း၊ စာအုပ်၊ ဆေးဝါး၊ ဆောက်လုပ်ရေး စတဲ့လုပ်ငန်းသမားတွေ အခြေအနေကောင်းပါတယ်။နိုင်ငံရပ်ခြားကိစ္စ၊ လူမျိုးခြား ဘာသာခြားတွေနှင့် ဆက်သွယ်လုပ်ကိုင်ရသောကိစ္စတွေမှာ အထူးအကျိုးဖြစ်တဲ့အချိန်ပါ။ဒီကာလမှာ ငွေအပါအဝင် တခြားဘာကိုမှ အခြားသူအား အာမခံပေးခြင်းရှောင်ပါ။ကျန်းမာရေးကတော့ အစားအသောက်ကြောင့် ဖြစ်တတ်တာပဲရှိပါတယ်။ပညာရေးကတော့ တစ်ပြိုင်နက် ဘာမှမစီစဉ်ပါနဲ့။တစ်ခုပြီးမှ တစ်ခုသာ လုပ်သင့်ပါတယ်။အိမ်ထောင်ရှင်များ အကျီစားသန်လို့ စကားများတတ်ပေမယ့် ချစ်သူတွေအတွက်ကတော့ အသစ်တွေ့ကိန်းရှိလို့ သတိထားဆင်ခြင်ပါ။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားအား ယခုတစ်ပတ်လုံး ကြာသပတေးနံ မာလကာ၊ ပန်းသီးတို့ဖြင့် သစ်သီးဆွမ်းကပ်လှူပူဇော်ပါ။
 
ပြည်ပထွက်ခွာလိုသူများ ။ ။ မိမိသွားလိုသည့် အရပ်ထောင့်ရှိ ခွေးများအား မနက်ဖက်တွင် အစာကျွေးပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ ဘုရားစေတီရှိ ကြာသပတေးထောင့်တွင် ပန်းပေါင်းစုံကပ်လှူကာ ဓမ္မစကြာရွတ်ဖတ်ပူ ဇော်ပါ။
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ မိမိနေအိမ်အတွင်း အင်္ဂါနံ ပစ္စည်းအဟောင်းအပျက်များရှိပါက အိမ်ဝင်းပြင်ပရောက်အောင် လွှင့်ပစ်ပေးပါ။
 
လူမှုရေးအတိုက်အခံများသူများ ။ ။ ဘုရားစေတီများသို့သွားကာ မိမိဂြိုလ်နံဘုရားကို ရေသက်စေ့သပ္ပါယ်ပေးပါ။
 
ကျန်းမာရေးမကောင်းသူများ ။ ။ ဘုရားကျောင်းစေတီဝင်းအတွင်းရှိ ဗောဓိညောင်အား ညောင်ထောက်ပေးပါ။လမ်းများတွင် တံတားထိုးပေးပါ။
 
ထီကံကောင်းလိုသူများ ။ ။ ကြာသပတေးနာမည်ပါ ထီဆိုင်တွင် ၅/၆ ဂဏန်းများများပါသည့် ထီထိုးလိုက်ပါ။
 
( Zawgyi )
 
ကံတရားက အက်ိဳးေပးတဲ့ဘက္ေရာက္ေနတဲ့အတြက္ အဖက္ဖက္က ကံဇာတာပြင့္လန္းေနပါလိမ့္မယ္။လုပ္ငန္းသစ္၊ ေနရာသစ္ စတာေတြ အစျပဳလုပ္တာေကာင္းပါတယ္။ဒီကာလမွာ ပညာေရး၊ လူမႈေရး၊ စီးပြား ေရးအတြက္ ၾကာသပေတး သားသမီးေတြနဲ႔ တိုင္ပင္ေဆာင္႐ြက္တာအေကာင္းဆုံးပါဘဲ။စက္ပစၥည္းအသစ္ေတြ ဝင္တတ္သလို အဂၤါနံလုပ္ငန္းေတြျဖစ္တဲ့ စက္ပစၥည္း၊ စာအုပ္၊ ေဆးဝါး၊ ေဆာက္လုပ္ေရး စတဲ့လုပ္ငန္းသမားေတြ အေျခအေနေကာင္းပါတယ္။ႏိုင္ငံရပ္ျခားကိစၥ၊ လူမ်ိဳးျခား ဘာသာျခားေတြႏွင့္ ဆက္သြယ္လုပ္ကိုင္ရေသာကိစၥေတြမွာ အထူးအက်ိဳးျဖစ္တဲ့အခ်ိန္ပါ။ဒီကာလမွာ ေငြအပါအဝင္ တျခားဘာကိုမွ အျခားသူအား အာမခံေပးျခင္းေရွာင္ပါ။က်န္းမာေရးကေတာ့ အစားအေသာက္ေၾကာင့္ ျဖစ္တတ္တာပဲရွိပါတယ္။ပညာေရးကေတာ့ တစ္ၿပိဳင္နက္ ဘာမွမစီစဥ္ပါနဲ႔။တစ္ခုၿပီးမွ တစ္ခုသာ လုပ္သင့္ပါတယ္။အိမ္ေထာင္ရွင္မ်ား အက်ီစားသန္လို႔ စကားမ်ားတတ္ေပမယ့္ ခ်စ္သူေတြအတြက္ကေတာ့ အသစ္ေတြ႕ကိန္းရွိလို႔ သတိထားဆင္ျခင္ပါ။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားအား ယခုတစ္ပတ္လုံး ၾကာသပေတးနံ မာလကာ၊ ပန္းသီးတို႔ျဖင့္ သစ္သီးဆြမ္းကပ္လႉပူေဇာ္ပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ မိမိသြားလိုသည့္ အရပ္ေထာင့္ရွိ ေခြးမ်ားအား မနက္ဖက္တြင္ အစာေကြၽးပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ ဘုရားေစတီရွိ ၾကာသပေတးေထာင့္တြင္ ပန္းေပါင္းစုံကပ္လႉကာ ဓမၼစၾကာ႐ြတ္ဖတ္ပူ ေဇာ္ပါ။
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ မိမိေနအိမ္အတြင္း အဂၤါနံ ပစၥည္းအေဟာင္းအပ်က္မ်ားရွိပါက အိမ္ဝင္းျပင္ပေရာက္ေအာင္ လႊင့္ပစ္ေပးပါ။
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ဘုရားေစတီမ်ားသို႔သြားကာ မိမိၿဂိဳလ္နံဘုရားကို ေရသက္ေစ့သပၸါယ္ေပးပါ။
 
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ဘုရားေက်ာင္းေစတီဝင္းအတြင္းရွိ ေဗာဓိေညာင္အား ေညာင္ေထာက္ေပးပါ။လမ္းမ်ားတြင္ တံတားထိုးေပးပါ။
 
ထီကံေကာင္းလိုသူမ်ား ။ ။ ၾကာသပေတးနာမည္ပါ ထီဆိုင္တြင္ ၅/၆ ဂဏန္းမ်ားမ်ားပါသည့္ ထီထိုးလိုက္ပါ။