【 ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီတစ်ပတ် ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် စနေ သားသမီးတွေကို တိုင်ပင်တာ အကောင်းဆုံးပါဘဲ။သူတစ်ပါးကိစ္စ ဝင်အာမခံတတ်သူများ အမှုအခင်းမြင်ပါတယ်။အထူးသဖြင့် ငွေကြေး၊ ကား စသည့်ကိစ္စများမှာ ဝင်အာမခံခြင်းရှောင်ပါ။အကြံအစည်အောင်မည်။ရည်မှန်းချက်သစ်များ လက်တွေ့အကောင်အထည်ဖော်ကိန်းကြုံမည်။အရာရာပေါ်တွင် လက်တွေ့ကျကျ သွက်လက်စွာ သုံးသပ်ဆောင်ရွက်ပါ။လူမျိုးကွဲ လူမျိုးခြားများနှင့်ပတ်သက်၍ ကောင်းသောအကျိုးဆက်များရမည်။အကြီးအကဲများထံမှ အထောက်အကူများရမည်။အလုပ်မရှိသူများ အလုပ်ရမည်။လုပ်ငန်းရှိသူတိုးတက်မည်။ဒီနေ့မှာ သောကြာ သားသမီးတွေအနေနဲ့ လုပ်ငန်းတိုးချဲ့ဖို့ အခက်အခဲတစ်ချို့ ကြုံနေရမယ့် အချိန်ပါပဲ။ပိုင်ဆိုင်ထားတဲ့ ငွေကြေးတွေကို စနစ်တကျသုံးတတ်ဖို့ အရေးကြီးသလို အလျင်စလိုဆုံးဖြတ်မှုတွေကြောင့် ဆုံးရှုံးမှုတွေကြုံနိုင်လို့ သတိပြုသင့်ပါတယ်။ပညာရေးနဲ့ပတ်သက်ပြီး နာမည်ကျော်ကြားနိုင်ပြီး လူမျိုးခြားနှင့်ဆက်ဆံရေး အောင်မြင်နိုင်ပါတယ်။
ခရီးသွားရကိန်းလည်းရှိပြီး ကောင်းသောခရီးသွားလာခြင်း ဖြစ်လာပါလိမ့်မယ်။ကျန်းမာရေးကတော့ မတည့်တဲ့အစာတွေကြောင့် အစားမှားတတ်ပါတယ်။ဒီရက်ပိုင်း သင့်မှာ စိတ်ဖိစီးမှုတွေဖြစ်ပေါ်နေရင် ဒေါသမဖြစ်ဘဲ တရားထိုင်ပေးပါ။ဒါက ကုသိုလ်လည်းရ အခက်အခဲလည်းပြေလည်မယ့် ယတြာပါ။အိမ်ထောင်ရှင် ချစ်သူတွေအတွက် စကားများများပြောတာရှောင်ပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား သစ်သီးဆွမ်း ဆက်ကပ်ကာ မေတ္တာသုတ် ရွတ်ဖတ်ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ ထီးသင်္ကန်း ငွေကြေးကို ရဟန်းသံဃာတွေကို စိတ်မကွက်ဘဲ ကပ်လှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ နေအိမ်အရပ်မှ စနေထောင့်အရပ်ရှိ ဘုရားစေတီတွင် သန့်ရှင်းရေးလုပ်ပြီး ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ခို၊ ကျီး၊ ခွေး စသည်တို့ကို အစာကျွေးပါ။ချစ်သူနှင့်တွေ့ရန်  စနေနံအသုံးအဆောင်များကို ဆောင်သွားပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီများတွင် မွေးနေ့ဂြိုလ်ခွင်မှ စတင်ကာ ဂြိုလ်နံရှစ်ခွင်ပြည့်အောင် ရေသပ္ပါယ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ လေဖြတ်ထားသည့် ကျန်းမာရေးမကောင်းသူများကို ဆေးဝါးလှူပါ။  

ထီကံကောင်းလိုသူများ ။     ။ သင့်လမ်းထိပ် ထီဆိုင်တွင် ကလေးငယ်ရွေးပေးသည့် ထီကိုထိုးလိုက်ပါ။

( Zawgyi )

ဒီတစ္ပတ္ ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ စေန သားသမီးေတြကို တိုင္ပင္တာ အေကာင္းဆုံးပါဘဲ။သူတစ္ပါးကိစၥ ဝင္အာမခံတတ္သူမ်ား အမႈအခင္းျမင္ပါတယ္။အထူးသျဖင့္ ေငြေၾကး၊ ကား စသည့္ကိစၥမ်ားမွာ ဝင္အာမခံျခင္းေရွာင္ပါ။အႀကံအစည္ေအာင္မည္။ရည္မွန္းခ်က္သစ္မ်ား လက္ေတြ႕အေကာင္အထည္ေဖာ္ကိန္းႀကဳံမည္။အရာရာေပၚတြင္ လက္ေတြ႕က်က် သြက္လက္စြာ သုံးသပ္ေဆာင္႐ြက္ပါ။လူမ်ိဳးကြဲ လူမ်ိဳးျခားမ်ားႏွင့္ပတ္သက္၍ ေကာင္းေသာအက်ိဳးဆက္မ်ားရမည္။အႀကီးအကဲမ်ားထံမွ အေထာက္အကူမ်ားရမည္။အလုပ္မရွိသူမ်ား အလုပ္ရမည္။လုပ္ငန္းရွိသူတိုးတက္မည္။ဒီေန႔မွာ ေသာၾကာ သားသမီးေတြအေနနဲ႔ လုပ္ငန္းတိုးခ်ဲ႕ဖို႔ အခက္အခဲတစ္ခ်ိဳ႕ ႀကဳံေနရမယ့္ အခ်ိန္ပါပဲ။ပိုင္ဆိုင္ထားတဲ့ ေငြေၾကးေတြကို စနစ္တက်သုံးတတ္ဖို႔ အေရးႀကီးသလို အလ်င္စလိုဆုံးျဖတ္မႈေတြေၾကာင့္ ဆုံးရႈံးမႈေတြႀကဳံႏိုင္လို႔ သတိျပဳသင့္ပါတယ္။ပညာေရးနဲ႔ပတ္သက္ၿပီး နာမည္ေက်ာ္ၾကားႏိုင္ၿပီး လူမ်ိဳးျခားႏွင့္ဆက္ဆံေရး ေအာင္ျမင္ႏိုင္ပါတယ္။
ခရီးသြားရကိန္းလည္းရွိၿပီး ေကာင္းေသာခရီးသြားလာျခင္း ျဖစ္လာပါလိမ့္မယ္။က်န္းမာေရးကေတာ့ မတည့္တဲ့အစာေတြေၾကာင့္ အစားမွားတတ္ပါတယ္။ဒီရက္ပိုင္း သင့္မွာ စိတ္ဖိစီးမႈေတြျဖစ္ေပၚေနရင္ ေဒါသမျဖစ္ဘဲ တရားထိုင္ေပးပါ။ဒါက ကုသိုလ္လည္းရ အခက္အခဲလည္းေျပလည္မယ့္ ယၾတာပါ။အိမ္ေထာင္ရွင္ ခ်စ္သူေတြအတြက္ စကားမ်ားမ်ားေျပာတာေရွာင္ပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားရွင္အား သစ္သီးဆြမ္း ဆက္ကပ္ကာ ေမတၱာသုတ္ ႐ြတ္ဖတ္ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ထီးသကၤန္း ေငြေၾကးကို ရဟန္းသံဃာေတြကို စိတ္မကြက္ဘဲ ကပ္လႉေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေနအိမ္အရပ္မွ စေနေထာင့္အရပ္ရွိ ဘုရားေစတီတြင္ သန႔္ရွင္းေရးလုပ္ၿပီး ပ႒ာန္းႏွင့္ ဓမၼစၾကာကို ႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ခို၊ က်ီး၊ ေခြး စသည္တို႔ကို အစာေကြၽးပါ။ခ်စ္သူႏွင့္ေတြ႕ရန္  စေနနံအသုံးအေဆာင္မ်ားကို ေဆာင္သြားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီမ်ားတြင္ ေမြးေန႔ၿဂိဳလ္ခြင္မွ စတင္ကာ ၿဂိဳလ္နံရွစ္ခြင္ျပည့္ေအာင္ ေရသပၸါယ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေလျဖတ္ထားသည့္ က်န္းမာေရးမေကာင္းသူမ်ားကို ေဆးဝါးလႉပါ။  

ထီကံေကာင္းလိုသူမ်ား ။     ။ သင့္လမ္းထိပ္ ထီဆိုင္တြင္ ကေလးငယ္ေ႐ြးေပးသည့္ ထီကိုထိုးလိုက္ပါ။