【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်း မိတ်ဆွေကောင်းများရဲ့ အကူအညီများ ရတတ်ပါတယ်။ကွဲကွာနေသူများပြန်ဆုံခြင်း၊ ရပ်ဝေးက မိတ်ဆွေများနဲ့ ပြန်ဆုံရတတ်ပါတယ်။ယခုရက်ပိုင်းအတွင်း သင်ဘာလုပ်လုပ် စနေ သားသမီးတွေနဲ့ တိုင်ပင်တာက အောင်မြင်နိုင်ပါတယ်။ပြည်တွင်း ပြည်ပ ခရီးသွားဖို့ စီစဉ်ထားတာတွေ အောင်မြင်တတ်ပါတယ်။ဒီကာလမှာ ငွေရေးကြေးရေးကိစ္စတွေ၊ နေရာသစ်၊ လုပ်ငန်းသစ်၊ အိမ်သစ် ကိစ္စတွေ စလုပ်လို့ကောင်းတဲ့ ကာလပါ။လူမျိုးခြားနဲ့ စပ်တူလုပ်ရတဲ့ အလုပ်တွေ၊ စာချုပ်စာတမ်းအလုပ်တွေ အိမ်ခြံမြေ ကိစ္စတွေ ကောင်းပါတယ်။အနုပညာရှင်တွေ သတိထားပါ။အပြောမတတ်လို့ ပြဿနာတက်တတ်ပါတယ်။ယခုရက်ပိုင်း ခရီးသွားလုပ်ငန်းတွေ အခက်အခဲရှိတတ်ပါတယ်။လုပ်ငန်းခွင်အတွင်း နာမည်ဂုဏ်သတင်း တက်စရာရှိသလို မိသားစုအတွင်း၊ လုပ်ငန်းခွင်အတွင်း သာယာနေပါလိမ့်မယ်။စက်ပစ္စည်းအရောင်းအဝယ်သမားတွေ၊ ဆောက်လုပ်ရေးသမားတွေ လုပ်ငန်းကောင်းတဲ့ ကာလပါ။ဒီကာလမှာ ငွေကံကောင်းနေသလို ဘာသာရေးအလှူအတန်းတွေ လုပ်ရတတ်တဲ့ အချိန်ကာလပါ။ပညာရေးကံ ကောင်းနေသလို မတတ်ရတော့ဘူးလို့ ထင်ထားတဲ့ သင်တန်းတွေ ထင်မှတ်မထားဘဲ တတ်ရတတ်ပါတယ်။လုပ်ငန်းခွင်ရာထူးဖြေသူတို့ လိုအင်ဆန္ဒပြည့်မယ့် ကာလပါ။ကျန်းမာရေးမှာ ကြီးကြီးမားမား မရှိပေမယ့် ဒူးနာခါးနာ အပရိကရောဂါတွေလောက် ဖြစ်တတ်ပါတယ်။အိမ်ထောင်ရှင်များ ခဏတာခွဲခွာရကိန်းရှိပြီး ငယ်ရွယ်သူချစ်သူများကတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ကာလပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား နှင်းဆီပန်း ၃ ပွင့်ကို ငွေပန်းနှင့် ရောလှူကာ ရှင်သီဝလိဂါထာကို နံနက် ၉ နာရီမထိုးမီ ၉ ခေါက်တိတိ ရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ မွေးနေ့မွေးရက်တွင် သင့်အိမ်နှင့် အနီးဆုံး စေတီရှိ စနေထောင့်အရပ်တွင် အဓိဋ္ဌာန်ပုတီးစိပ်ပြီး လိုရာဆုတောင်းပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ လျှောက်ထားသည့် အလုပ်ကို စာရွက်တစ်ရွက်ဖြင့်ရေးပြီး ခေါင်းအုံးအောက် ထားအိပ်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ဓာတ်ဘူးသစ်ထဲ အိမ်ထောင်ဘက်၊ ချစ်သူနှစ်ဦး ဓာတ်ပုံကိုထည့်ကာ ဘုရားစင်အောက် တစ်ပတ်တိတိ ထားပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားအား ရေသပ္ပါယ်ခြင်း၊ စေတီရင်ပြင်များတွင် နှမ်းဆီဖြင့် ဆီမီးပူဇော်ခြင်းများ ဆောင်ရွက်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ စေတီများရှိ ဗောဓိညောင်ပင်တွင် ညောင်ထောက်ပေးခြင်း၊ ပန်းခြောက်များ ရှင်းပေးခြင်း ပြုလုပ်ပေးပါ။

ထီကံကောင်းလိုသူများ ။     ။ ထီဆိုင်တွင် စနေနံအက္ခရာဖြင့် ၃/၇/၉ ဂဏန်းများများပါသော ထီကိုထိုးပါ။

( Zawgyi )

ဒီရက္ပိုင္းအတြင္း မိတ္ေဆြေကာင္းမ်ားရဲ႕ အကူအညီမ်ား ရတတ္ပါတယ္။ကြဲကြာေနသူမ်ားျပန္ဆုံျခင္း၊ ရပ္ေဝးက မိတ္ေဆြမ်ားနဲ႔ ျပန္ဆုံရတတ္ပါတယ္။ယခုရက္ပိုင္းအတြင္း သင္ဘာလုပ္လုပ္ စေန သားသမီးေတြနဲ႔ တိုင္ပင္တာက ေအာင္ျမင္ႏိုင္ပါတယ္။ျပည္တြင္း ျပည္ပ ခရီးသြားဖို႔ စီစဥ္ထားတာေတြ ေအာင္ျမင္တတ္ပါတယ္။ဒီကာလမွာ ေငြေရးေၾကးေရးကိစၥေတြ၊ ေနရာသစ္၊ လုပ္ငန္းသစ္၊ အိမ္သစ္ ကိစၥေတြ စလုပ္လို႔ေကာင္းတဲ့ ကာလပါ။လူမ်ိဳးျခားနဲ႔ စပ္တူလုပ္ရတဲ့ အလုပ္ေတြ၊ စာခ်ဳပ္စာတမ္းအလုပ္ေတြ အိမ္ၿခံေျမ ကိစၥေတြ ေကာင္းပါတယ္။အႏုပညာရွင္ေတြ သတိထားပါ။အေျပာမတတ္လို႔ ျပႆနာတက္တတ္ပါတယ္။ယခုရက္ပိုင္း ခရီးသြားလုပ္ငန္းေတြ အခက္အခဲရွိတတ္ပါတယ္။လုပ္ငန္းခြင္အတြင္း နာမည္ဂုဏ္သတင္း တက္စရာရွိသလို မိသားစုအတြင္း၊ လုပ္ငန္းခြင္အတြင္း သာယာေနပါလိမ့္မယ္။စက္ပစၥည္းအေရာင္းအဝယ္သမားေတြ၊ ေဆာက္လုပ္ေရးသမားေတြ လုပ္ငန္းေကာင္းတဲ့ ကာလပါ။ဒီကာလမွာ ေငြကံေကာင္းေနသလို ဘာသာေရးအလႉအတန္းေတြ လုပ္ရတတ္တဲ့ အခ်ိန္ကာလပါ။ပညာေရးကံ ေကာင္းေနသလို မတတ္ရေတာ့ဘူးလို႔ ထင္ထားတဲ့ သင္တန္းေတြ ထင္မွတ္မထားဘဲ တတ္ရတတ္ပါတယ္။လုပ္ငန္းခြင္ရာထူးေျဖသူတို႔ လိုအင္ဆႏၵျပည့္မယ့္ ကာလပါ။က်န္းမာေရးမွာ ႀကီးႀကီးမားမား မရွိေပမယ့္ ဒူးနာခါးနာ အပရိကေရာဂါေတြေလာက္ ျဖစ္တတ္ပါတယ္။အိမ္ေထာင္ရွင္မ်ား ခဏတာခြဲခြာရကိန္းရွိၿပီး ငယ္႐ြယ္သူခ်စ္သူမ်ားကေတာ့ ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္ကာလပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားရွင္အား ႏွင္းဆီပန္း ၃ ပြင့္ကို ေငြပန္းႏွင့္ ေရာလႉကာ ရွင္သီဝလိဂါထာကို နံနက္ ၉ နာရီမထိုးမီ ၉ ေခါက္တိတိ ႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ေမြးေန႔ေမြးရက္တြင္ သင့္အိမ္ႏွင့္ အနီးဆုံး ေစတီရွိ စေနေထာင့္အရပ္တြင္ အဓိ႒ာန္ပုတီးစိပ္ၿပီး လိုရာဆုေတာင္းပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေလွ်ာက္ထားသည့္ အလုပ္ကို စာ႐ြက္တစ္႐ြက္ျဖင့္ေရးၿပီး ေခါင္းအုံးေအာက္ ထားအိပ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ဓာတ္ဘူးသစ္ထဲ အိမ္ေထာင္ဘက္၊ ခ်စ္သူႏွစ္ဦး ဓာတ္ပုံကိုထည့္ကာ ဘုရားစင္ေအာက္ တစ္ပတ္တိတိ ထားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားအား ေရသပၸါယ္ျခင္း၊ ေစတီရင္ျပင္မ်ားတြင္ ႏွမ္းဆီျဖင့္ ဆီမီးပူေဇာ္ျခင္းမ်ား ေဆာင္႐ြက္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေစတီမ်ားရွိ ေဗာဓိေညာင္ပင္တြင္ ေညာင္ေထာက္ေပးျခင္း၊ ပန္းေျခာက္မ်ား ရွင္းေပးျခင္း ျပဳလုပ္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ထီဆိုင္တြင္ စေနနံအကၡရာျဖင့္ ၃/၇/၉ ဂဏန္းမ်ားမ်ားပါေသာ ထီကိုထိုးပါ။