【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

အဖက်ဖက်က ကံဇာတာပွင့်လန်းနေပါလိမ့်မယ်။ကံတရားက အကျိုးပေးတဲ့ဘက် ရောက်နေတဲ့အတွက် လုပ်ငန်းသစ်၊ နေရာသစ် စတာတွေ အစပြုလုပ်တာကောင်းပါတယ်။ယခုရက်ပိုင်း မိတ်ဟောင်းဆွေဟောင်းတွေ ရောက်လာတတ်သလို နေရာဟောင်းကသူတွေ ယခင်အလုပ်ကလူတွေနဲ့ ပြန်တွဲဖက် လုပ်ကိုင်ရတာတွေ ဖြစ်တတ်ပါတယ်။ယခုတစ်ပတ်ထဲ ပညာရေး၊ လူမှုရေး၊ စီးပွားရေး ကိစ္စတွေမှာ သောကြာ သားသမီးတွေနဲ့ တိုင်ပင်ဆောင်ရွက်ပါ။ယခုကာလထဲ အစုရှယ်ယာ စပ်တူကိစ္စတွေကတော့ မလုပ်ပါနဲ့ဦး။လုပ်ငန်းလုပ်ရင် သင်တစ်ယောက်တည်းသာ လုပ်ကိုင်သင့်တဲ့ အချိန်အခါပါ။ဒီရက်ထဲ ဆွေမျိုးအရင်းအခြာတွေနဲ့ စိတ်ဝမ်းကွဲကိန်းရှိပါတယ်။
မိသားစုထဲ အလှူမင်္ဂလာလုပ်ရကိန်းရှိသလို ပြည်တွင်း ပြည်ပ ခရီးတွေ အဆင်မပြေ လွဲချော်တတ်ပါတယ်။ဒီရက်ပိုင်း ဝမ်း၊ ဆီး၊ အာရုံကြော ရောဂါတွေဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။ပညာရေးကတော့ လုပ်ငန်းခွင်စာမေးပွဲ ရာထူးစာမေးပွဲ ဖြေဆိုထားသူများ ရည်မှန်းချက်ပြည့်စုံပါမယ်။အိမ်ထောင်ရှင်များ စိတ်ကသိကအောင့်ဖြစ်စရာ တွေ့တတ်ပါတယ်။ငယ်ရွယ်သူများ မထင်မှတ်ဘဲ ပျော်ရွှင်စရာကြုံရပါလိမ့်မယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ နံနက်နေမတက်မီ ဒီဝါတပတိဂါထာကို ကိုးခေါက်တိတိ ယုံယုံကြည်ကြည် တစ်ပတ်လုံးရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ နံနက်စောစော တန်းဆွမ်းကြွလာသည့် သံဃာတော်များကို ဆွမ်းထလောင်းပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ရွှေတိဂုံဘုရား အောင်မြေတွင် အဓိဋ္ဌာန်ပြုပါ။ဘုရားအား အောင်သပြေ ၉ ညွှန့် ကပ်လှူကာ ဆုတောင်းပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်တွင် ကြည့်မှန်အဟောင်းများရှိပါက လွှတ်ပစ်ပါ။ချစ်သူနှင့်တွေ့ရန် သွားသည့်အခါတိုင်း ရေမွှေးဆွတ်သွားပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ စေတီရင်ပြင်များတွင် မေတ္တာသုတ်ရွတ်၍ သန့်ရှင်းရေးလုပ်ကာ ဆီမီးပူဇော်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ နံနက်ဘက်ထကာ အိမ်ရှေ့လမ်းကို သန့်ရှင်းပြီး ခို၊ စာကလေးများအတွက် အစာကျွေးပါ။

ထီကံကောင်းလိုသူများ ။     ။ ထီဆိုင်တွင် ၃ အစ ၆ အဆုံး ဂဏန်းများများပါသည်ကို ရွေးထိုးပါ။

( Zawgyi )

အဖက္ဖက္က ကံဇာတာပြင့္လန္းေနပါလိမ့္မယ္။ကံတရားက အက်ိဳးေပးတဲ့ဘက္ ေရာက္ေနတဲ့အတြက္ လုပ္ငန္းသစ္၊ ေနရာသစ္ စတာေတြ အစျပဳလုပ္တာေကာင္းပါတယ္။ယခုရက္ပိုင္း မိတ္ေဟာင္းေဆြေဟာင္းေတြ ေရာက္လာတတ္သလို ေနရာေဟာင္းကသူေတြ ယခင္အလုပ္ကလူေတြနဲ႔ ျပန္တြဲဖက္ လုပ္ကိုင္ရတာေတြ ျဖစ္တတ္ပါတယ္။ယခုတစ္ပတ္ထဲ ပညာေရး၊ လူမႈေရး၊ စီးပြားေရး ကိစၥေတြမွာ ေသာၾကာ သားသမီးေတြနဲ႔ တိုင္ပင္ေဆာင္႐ြက္ပါ။ယခုကာလထဲ အစုရွယ္ယာ စပ္တူကိစၥေတြကေတာ့ မလုပ္ပါနဲ႔ဦး။လုပ္ငန္းလုပ္ရင္ သင္တစ္ေယာက္တည္းသာ လုပ္ကိုင္သင့္တဲ့ အခ်ိန္အခါပါ။ဒီရက္ထဲ ေဆြမ်ိဳးအရင္းအျခာေတြနဲ႔ စိတ္ဝမ္းကြဲကိန္းရွိပါတယ္။
မိသားစုထဲ အလႉမဂၤလာလုပ္ရကိန္းရွိသလို ျပည္တြင္း ျပည္ပ ခရီးေတြ အဆင္မေျပ လြဲေခ်ာ္တတ္ပါတယ္။ဒီရက္ပိုင္း ဝမ္း၊ ဆီး၊ အာ႐ုံေၾကာ ေရာဂါေတြျဖစ္တတ္လို႔ ဂ႐ုစိုက္သင့္ပါတယ္။ပညာေရးကေတာ့ လုပ္ငန္းခြင္စာေမးပြဲ ရာထူးစာေမးပြဲ ေျဖဆိုထားသူမ်ား ရည္မွန္းခ်က္ျပည့္စုံပါမယ္။အိမ္ေထာင္ရွင္မ်ား စိတ္ကသိကေအာင့္ျဖစ္စရာ ေတြ႕တတ္ပါတယ္။ငယ္႐ြယ္သူမ်ား မထင္မွတ္ဘဲ ေပ်ာ္႐ႊင္စရာႀကဳံရပါလိမ့္မယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ နံနက္ေနမတက္မီ ဒီဝါတပတိဂါထာကို ကိုးေခါက္တိတိ ယုံယုံၾကည္ၾကည္ တစ္ပတ္လုံး႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ နံနက္ေစာေစာ တန္းဆြမ္းႂကြလာသည့္ သံဃာေတာ္မ်ားကို ဆြမ္းထေလာင္းပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေ႐ႊတိဂုံဘုရား ေအာင္ေျမတြင္ အဓိ႒ာန္ျပဳပါ။ဘုရားအား ေအာင္သေျပ ၉ ၫႊန႔္ ကပ္လႉကာ ဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္တြင္ ၾကည့္မွန္အေဟာင္းမ်ားရွိပါက လႊတ္ပစ္ပါ။ခ်စ္သူႏွင့္ေတြ႕ရန္ သြားသည့္အခါတိုင္း ေရေမႊးဆြတ္သြားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ေစတီရင္ျပင္မ်ားတြင္ ေမတၱာသုတ္႐ြတ္၍ သန႔္ရွင္းေရးလုပ္ကာ ဆီမီးပူေဇာ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ နံနက္ဘက္ထကာ အိမ္ေရွ႕လမ္းကို သန႔္ရွင္းၿပီး ခို၊ စာကေလးမ်ားအတြက္ အစာေကြၽးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ထီဆိုင္တြင္ ၃ အစ ၆ အဆုံး ဂဏန္းမ်ားမ်ားပါသည္ကို ေ႐ြးထိုးပါ။