【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီတစ်ပတ်အတွင်းမိတ်ကောင်းဆွေကောင်းတွေကသင်အနားမှာ ရှိတာကလွဲလို့ အရာရာကို ကိုယ်အား ကိုယ်ကိုးဆောင်ရွက်နေရမယ့်အချိန်ကာလရောက်နေပါတယ်။စိတ်ဒွိဟဖြစ်စရာတွေ ၊ဆုံးဖြတ်ရခက်တဲ့ကိစ္စတွေ ဆက်တိုက်ဖြစ်နေသလို ပရဟိတအလုပ်တွေနဲ့ မအားမလပ်ရတဲ့အချိန်ကာလရောက်နေပါတယ်။ ဒီကာလမှာ ပညာရေး၊လူမှုရေး၊စီးပွားရေးကိစ္စတွေအောင်မြင်လိုရင် ကြာသပတေးသားသမီးတွေနဲ့သာ တိုင်ပင်ပါ။နေ့တူ နံ တူသားသမီးတွေက သင့်ကို အထောက်အကူပြုပါလိမ့်မယ်။ ဘယ်အလုပ်မဆို စိတ်ရှည်ရှည်ထားမှ အမှား ကင်း ပြီး အောင်မြင်မှုရတတ်သလို လုပ်ငန်းခွင်ထဲမှာလည်း စိတ်တိုင်းမကျစရာတွေ၊အထင်လွဲစွပ်စွဲစရာတွေ ကြုံရ တတ်ပါတယ်။လုပ်ငန်းထဲ ငွေမြုပ်နေတတ်လို့ ငွေရေးကြေးရေးကျပ်တည်းနေတတ်ပါတယ်။ ယခုကာလအတွင်း အိမ်ခြံမြေ သမားတွေ၊ စက်ပစ္စည်းရောင်းချသူတွေ၊အဆင်ပြေတတ်ပေမယ့် စပ်တူရှယ်ယာ အလုပ်တွေ အကျိုး မပေး တတ်ပါဘူး။ကျန်းမာရေးကကောင်းနေပေမယ့် အကျော အဆစ် ခါးနာတဲ့ ရောဂါတွေ ဖြစ်တတ် ပါတယ်။ ပညာရေးကတော့ အာရုံစိုက်မှ ကောင်းမယ့်အချိန်ပါ။ အိမ်ထောင်ရှင်တွေ ငယ်ရွယ်သူတွေ ခွဲခွာနေထိုင်ရကိန်း ရှိပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားရှင်အား ကြာသပတေးနံသင့် ပန်းသစ်တော်သီး ကိုခွဲစိပ် ကာကျကျနနဘုရားကိုကပ်လှူကာ လိုရာဆုတောင်းပါ။

ပြည်ပထွက်ခွာလိုသူများ ။ ။ မနက်စောစော လဘက်ရည်ဆိုင်၊မုန်ဆိုင်များတွင် စားသောက်နေစဉ် ရောက်လာ သည့်ချို့တဲ့သူများကို ခေါ်ကျွေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ နေအိမ်အရပ်မှ မိမိနေ့နံထောင်အရပ်ရှိဘုရားစေတီတွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ယခုတစ်ပတ်အတွင်း သွားရောက် ရွတ်ဖတ်ပူဇော်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ ခို၊ကျီး၊ခွေးစသည်တို့ကိုအစာကျွေးပါ။ အချိန်ရတိုင်း မေတ္တာသုတ်ဆိုပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။ ။ မနက်စောစော လမ်းထဲသန့်ရှင်းရေးလုပ်ပေးကာ အချိန်ရတိုင်း အရဟံ၊သံမ္ဗုဒ္ဓေဂါထာ နှစ်မျိုးလုံး သက်စေ့ရွတ်ဆို ပူဇော်ပါ။

ကျန်းမာရေးမကောင်းသူများ ။ ။ ယခုရက်သတ္တပတ်အတွင်း ရေသတ္တဝါများကို အစာကျွေးရင်း လိုရာဆုတောင်းပါ။

ထီကံကောင်းလိုသူများ ။ ။ အိမ်ရှေ့နှင့် မိမိရှေ့ ရောက်လာသည့် ထီကားပေါ်မှ ကြာသပတေးနံအက္ခရာဖြင့် ၅အပူးပါထီလက်မှတ်ကို ရှာထိုးပေးပါ။

( Zawgyi )

ဒီတစ္ပတ္အတြင္းမိတ္ေကာင္းေဆြေကာင္းေတြကသင္အနားမွာ ရွိတာကလြဲလို႔ အရာရာကို ကိုယ္အား ကိုယ္ကိုးေဆာင္႐ြက္ေနရမယ့္အခ်ိန္ကာလေရာက္ေနပါတယ္။စိတ္ဒြိဟျဖစ္စရာေတြ ၊ဆုံးျဖတ္ရခက္တဲ့ကိစၥေတြ ဆက္တိုက္ျဖစ္ေနသလို ပရဟိတအလုပ္ေတြနဲ႔ မအားမလပ္ရတဲ့အခ်ိန္ကာလေရာက္ေနပါတယ္။ ဒီကာလမွာ ပညာေရး၊လူမႈေရး၊စီးပြားေရးကိစၥေတြေအာင္ျမင္လိုရင္ ၾကာသပေတးသားသမီးေတြနဲ႔သာ တိုင္ပင္ပါ။ေန႔တူ နံ တူသားသမီးေတြက သင့္ကို အေထာက္အကူျပဳပါလိမ့္မယ္။ ဘယ္အလုပ္မဆို စိတ္ရွည္ရွည္ထားမွ အမွား ကင္း ၿပီး ေအာင္ျမင္မႈရတတ္သလို လုပ္ငန္းခြင္ထဲမွာလည္း စိတ္တိုင္းမက်စရာေတြ၊အထင္လြဲစြပ္စြဲစရာေတြ ႀကဳံရ တတ္ပါတယ္။လုပ္ငန္းထဲ ေငြျမဳပ္ေနတတ္လို႔ ေငြေရးေၾကးေရးက်ပ္တည္းေနတတ္ပါတယ္။ ယခုကာလအတြင္း အိမ္ၿခံေျမ သမားေတြ၊ စက္ပစၥည္းေရာင္းခ်သူေတြ၊အဆင္ေျပတတ္ေပမယ့္ စပ္တူရွယ္ယာ အလုပ္ေတြ အက်ိဳး မေပး တတ္ပါဘူး။က်န္းမာေရးကေကာင္းေနေပမယ့္ အေက်ာ အဆစ္ ခါးနာတဲ့ ေရာဂါေတြ ျဖစ္တတ္ ပါတယ္။ ပညာေရးကေတာ့ အာ႐ုံစိုက္မွ ေကာင္းမယ့္အခ်ိန္ပါ။ အိမ္ေထာင္ရွင္ေတြ ငယ္႐ြယ္သူေတြ ခြဲခြာေနထိုင္ရကိန္း ရွိပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားရွင္အား ၾကာသပေတးနံသင့္ ပန္းသစ္ေတာ္သီး ကိုခြဲစိပ္ ကာက်က်နနဘုရားကိုကပ္လႉကာ လိုရာဆုေတာင္းပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။ ။ မနက္ေစာေစာ လဘက္ရည္ဆိုင္၊မုန္ဆိုင္မ်ားတြင္ စားေသာက္ေနစဥ္ ေရာက္လာ သည့္ခ်ိဳ႕တဲ့သူမ်ားကို ေခၚေကြၽးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ ေနအိမ္အရပ္မွ မိမိေန႔နံေထာင္အရပ္ရွိဘုရားေစတီတြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို ယခုတစ္ပတ္အတြင္း သြားေရာက္ ႐ြတ္ဖတ္ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ ခို၊က်ီး၊ေခြးစသည္တို႔ကိုအစာေကြၽးပါ။ အခ်ိန္ရတိုင္း ေမတၱာသုတ္ဆိုေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ မနက္ေစာေစာ လမ္းထဲသန္႔ရွင္းေရးလုပ္ေပးကာ အခ်ိန္ရတိုင္း အရဟံ၊သံမၺဳေဒၶဂါထာ ႏွစ္မ်ိဳးလုံး သက္ေစ့႐ြတ္ဆို ပူေဇာ္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ ယခုရက္သတၱပတ္အတြင္း ေရသတၱဝါမ်ားကို အစာေကြၽးရင္း လိုရာဆုေတာင္းပါ။

ထီကံေကာင္းလိုသူမ်ား ။ ။ အိမ္ေရွ႕ႏွင့္ မိမိေရွ႕ ေရာက္လာသည့္ ထီကားေပၚမွ ၾကာသပေတးနံအကၡရာျဖင့္ ၅အပူးပါထီလက္မွတ္ကို ရွာထိုးေပးပါ။