【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

သင့်အတွက် ဒီတစ်ပတ်ကတော့ အခက်အခဲတွေနဲ့လုံးထွေးပတ်နေတတ်တဲ့ ကာလဖြစ်ပေမယ့် အခွင့်အလမ်းကောင်းတွေလည်းရှိနေတဲ့အတွက် ဉာဏ်သတိနဲ့ လုပ်ကိုင်နေထိုင်ရမှာဖြစ်ပါတယ်။ကိုယ့်ဘက်မှာ ကောင်းဆိုးရောနေတဲ့ကံ ရှိနေတဲ့အတွက် လုပ်ငန်းတိုးချဲ့တာတွေ၊ အမွေ၊ အိမ်၊ ခြံမြေ စတဲ့အလုပ်တွေကို ဆိုင်းထားပါဦး။ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် ကြာသပတေး သားသမီးတွေကို တိုင်ပင်တာ အကောင်းဆုံးပါဘဲ။စပ်တူကိစ္စတွေကတော့ မလုပ်ပါနဲ့ဦး။ယခုရက်ပိုင်း သူတပါးက ကိုယ့်အပေါ်မနာလိုတာတွေ၊ ရန်စတာတွေ ရှိလာတတ်ပါတယ်။
ခရီးထွက်ဖို့ကိစ္စတွေကတော့ ဒီတစ်ပတ်အတွင်း အောင်မြင်ဖို့နည်းပါတယ်။အလုပ်ထဲမှာ အတိုက်အခံပေါ်နေတတ်သလို လက်အောက်ငယ်သားတွေကြောင့်လည်း စိတ်ညစ်ရတတ်ပါတယ်။ဘာသာရေးကို ဒီရက်ပိုင်းအတွင်း ဖိလုပ်သင့်ပါတယ်။ဂုဏ်တက်ပါမယ်။အလုပ်နဲ့ပတ်သက်ပြီး ခရီးပေါ်ရင်မငြင်းပါနဲ့။ကျန်းမာရေးကတော့ စိတ်ဖိစီးမှုတွေဖြစ်ပေါ်တတ်ပါတယ်။တရားထိုင်ပေးပါ။ပညာရေးကတော့ အကောင်းဘက်ပါ။အိမ်ထောင်ရှင်များ စကားများစိတ်ဝမ်းကွဲတတ်ပြီး ချစ်သူတွေအတွက် ဝေးနေတာကောင်းတဲ့ကာလပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ယခုတစ်ပတ်လုံး မာလကာ၊ ပန်းသီးကို ခွဲစိတ်ကာ ကပ်လှူပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ မိမိသွားလိုသည့်အရပ်တွင် ကျီး၊ စာကလေးများကို အစာကျွေးကာ စိတ်ကမေတ္တာပို့ပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားတွင် ကြံပန်းခိုင်ကပ်လှူကာ ဗုဒ္ဓနုဿတိ ပွားများပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အခန်းတွင်း အလှပြင်ပစ္စည်းအစုတ်များ၊ အသုံးအဆောင်ပစ္စည်းအဟောင်းများရှိက လွှင့်ပစ်ပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီများတွင် ဂြိုလ်နံဘုရားများကို ရေသပ္ပါယ်ပါ။ပန်းအိုးမှ ပန်းခြောက်များကို ပုံမှန်သန့်ရှင်းပေးပါလေ။

ကျန်းမာရေးမကောင်းသူများ ။     ။ မွေးနေ့မွေးရက်တွင် ဘုရားသို့သွားကာ တံခွန်ကုက္ကားကို ကပ်လှူပါ။

ထီကံကောင်းလိုသူများ ။     ။ ထီဆိုင်တွင် ကြာသပတေးနံအက္ခရာ ၃/၅ ဂဏန်းများပါသည့် ထီကိုထိုးလိုက်ပါ။
( Zawgyi )
သင့္အတြက္ ဒီတစ္ပတ္ကေတာ့ အခက္အခဲေတြနဲ႔လုံးေထြးပတ္ေနတတ္တဲ့ ကာလျဖစ္ေပမယ့္ အခြင့္အလမ္းေကာင္းေတြလည္းရွိေနတဲ့အတြက္ ဉာဏ္သတိနဲ႔ လုပ္ကိုင္ေနထိုင္ရမွာျဖစ္ပါတယ္။ကိုယ့္ဘက္မွာ ေကာင္းဆိုးေရာေနတဲ့ကံ ရွိေနတဲ့အတြက္ လုပ္ငန္းတိုးခ်ဲ႕တာေတြ၊ အေမြ၊ အိမ္၊ ၿခံေျမ စတဲ့အလုပ္ေတြကို ဆိုင္းထားပါဦး။ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ ၾကာသပေတး သားသမီးေတြကို တိုင္ပင္တာ အေကာင္းဆုံးပါဘဲ။စပ္တူကိစၥေတြကေတာ့ မလုပ္ပါနဲ႔ဦး။ယခုရက္ပိုင္း သူတပါးက ကိုယ့္အေပၚမနာလိုတာေတြ၊ ရန္စတာေတြ ရွိလာတတ္ပါတယ္။
ခရီးထြက္ဖို႔ကိစၥေတြကေတာ့ ဒီတစ္ပတ္အတြင္း ေအာင္ျမင္ဖို႔နည္းပါတယ္။အလုပ္ထဲမွာ အတိုက္အခံေပၚေနတတ္သလို လက္ေအာက္ငယ္သားေတြေၾကာင့္လည္း စိတ္ညစ္ရတတ္ပါတယ္။ဘာသာေရးကို ဒီရက္ပိုင္းအတြင္း ဖိလုပ္သင့္ပါတယ္။ဂုဏ္တက္ပါမယ္။အလုပ္နဲ႔ပတ္သက္ၿပီး ခရီးေပၚရင္မျငင္းပါနဲ႔။က်န္းမာေရးကေတာ့ စိတ္ဖိစီးမႈေတြျဖစ္ေပၚတတ္ပါတယ္။တရားထိုင္ေပးပါ။ပညာေရးကေတာ့ အေကာင္းဘက္ပါ။အိမ္ေထာင္ရွင္မ်ား စကားမ်ားစိတ္ဝမ္းကြဲတတ္ၿပီး ခ်စ္သူေတြအတြက္ ေဝးေနတာေကာင္းတဲ့ကာလပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ယခုတစ္ပတ္လုံး မာလကာ၊ ပန္းသီးကို ခြဲစိတ္ကာ ကပ္လႉပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ မိမိသြားလိုသည့္အရပ္တြင္ က်ီး၊ စာကေလးမ်ားကို အစာေကြၽးကာ စိတ္ကေမတၱာပို႔ပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားတြင္ ႀကံပန္းခိုင္ကပ္လႉကာ ဗုဒၶႏုႆတိ ပြားမ်ားေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အခန္းတြင္း အလွျပင္ပစၥည္းအစုတ္မ်ား၊ အသုံးအေဆာင္ပစၥည္းအေဟာင္းမ်ားရွိက လႊင့္ပစ္ေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီမ်ားတြင္ ၿဂိဳလ္နံဘုရားမ်ားကို ေရသပၸါယ္ပါ။ပန္းအိုးမွ ပန္းေျခာက္မ်ားကို ပုံမွန္သန႔္ရွင္းေပးပါေလ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေမြးေန႔ေမြးရက္တြင္ ဘုရားသို႔သြားကာ တံခြန္ကုကၠားကို ကပ္လႉပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ထီဆိုင္တြင္ ၾကာသပေတးနံအကၡရာ ၃/၅ ဂဏန္းမ်ားပါသည့္ ထီကိုထိုးလိုက္ပါ။