【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းက သင့်ကံဇာတာက အညံ့ဘက်ရောက်နေလို့ အခက်အခဲလေးတွေ ဝိုင်းနေတတ်ပါတယ်။ဒါပေမယ့် နေအိမ်ပြောင်းရွှေ့တာ၊ လုပ်ငန်းသစ်စတင်တာ စတဲ့အလုပ်တွေကတော့ အကောင်းဘက်မှာရှိနေပါတယ်။ငွေဝင်ကောင်းပေမယ့် ကုန်တတ်တဲ့အချိန်မို့ ရသမျှအဖတ်တင်ဖို့ ငွေရတိုင်း ဘုရားကို ဆယ်ဖို့တစ်ဖို့လှူပေးသင့်ပါတယ်။ဒီရက်ပိုင်း ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် အကောင်းဆုံး သင့်ကိုအကြံပေးနိုင်တာက တနင်္လာ သားသမီးတွေပါ။အိမ်တွင်းရေးက အသင့်အတင့်သာယာနေတတ်သလို အိမ်မှာထက် အပြင်မှာနေရတာကို သင့်စိတ်က ပိုသာယာနေတတ်ပါတယ်။ဒီကာလအတွင်း ရက်ဝေးခရီးတွေ သွားရကိန်းရှိပါတယ်။စပ်တူအလုပ်တွေ လူမျိုးခြားနဲ့လုပ်ရတဲ့ အလုပ်တွေ ခဏရပ်ထားပါ။ကျန်းမာရေးကကောင်းနေပေမယ့် အာရုံကြောရောဂါဖြစ်ပြီး ညဘက်အိပ်မရတာတွေ ဖြစ်တတ်ပါတယ်။ပညာရေးကတော့ အာရုံစိုက်သလောက် အောင်မြင်မှုအသီးအပွင့်ရတတ်တဲ့အချိန်ပါ။အိမ်ထောင်ရှင်တွေကြား နားလည်မှုလွဲတတ်သလို ချစ်သူအချင်းချင်း နားပူနားဆာလုပ်တတ်လို့ စိတ်ရှုပ်ရတဲ့အချိန်ကာလပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား အောင်သပြေပန်းထိုးကာ ကဗ္မလာသစ်သီးဆွမ်း ကပ်လှူပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ သံဃာတော်များကို ထီး၊ ဖိနပ် စသည်တို့လှူပေးပါ။သီလရှင်များအားလည်း ဆွမ်းဆန်၊ ငွေကြေး ထောက်ပံ့ပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ တနင်္လာနံဘုရားတွင် ပန်းပေါင်းစုံကပ်လှူကာ ဓမ္မစကြာရွတ်ဖတ်ပူဇော်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ရွှေရောင်ပစ္စည်းအဟောင်းအပျက်များ၊ ပြက္ခဒိန်အဟောင်းများ နေအိမ်အိပ်ခန်းအတွင်းရှိနေပါက လွှင့်ပစ်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီများတွင် ပုံမှန်တံမြက်စည်းလှည်းပါ။ပန်းဆီမီးပူဇော်ပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ရပ်ထဲရွာထဲမှ ကျန်းမာရေးမကောင်းသူကို ဆေးဝါးဓာတ်စာ လှူဒါန်းပေးပါ။

ထီကံကောင်းလိုသူများ ။     ။ လမ်းတွင် ကားနှင့်လှည့်ရောင်းသည့် ထီဆိုင်တွေ့ပါက ၂/၃ ဂဏန်းများများပါသည့် ထီကိုထိုးပါ။
( Zawgyi )
ဒီရက္ပိုင္းက သင့္ကံဇာတာက အညံ့ဘက္ေရာက္ေနလို႔ အခက္အခဲေလးေတြ ဝိုင္းေနတတ္ပါတယ္။ဒါေပမယ့္ ေနအိမ္ေျပာင္းေ႐ႊ႕တာ၊ လုပ္ငန္းသစ္စတင္တာ စတဲ့အလုပ္ေတြကေတာ့ အေကာင္းဘက္မွာရွိေနပါတယ္။ေငြဝင္ေကာင္းေပမယ့္ ကုန္တတ္တဲ့အခ်ိန္မို႔ ရသမွ်အဖတ္တင္ဖို႔ ေငြရတိုင္း ဘုရားကို ဆယ္ဖို႔တစ္ဖို႔လႉေပးသင့္ပါတယ္။ဒီရက္ပိုင္း ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ အေကာင္းဆုံး သင့္ကိုအႀကံေပးႏိုင္တာက တနလၤာ သားသမီးေတြပါ။အိမ္တြင္းေရးက အသင့္အတင့္သာယာေနတတ္သလို အိမ္မွာထက္ အျပင္မွာေနရတာကို သင့္စိတ္က ပိုသာယာေနတတ္ပါတယ္။ဒီကာလအတြင္း ရက္ေဝးခရီးေတြ သြားရကိန္းရွိပါတယ္။စပ္တူအလုပ္ေတြ လူမ်ိဳးျခားနဲ႔လုပ္ရတဲ့ အလုပ္ေတြ ခဏရပ္ထားပါ။က်န္းမာေရးကေကာင္းေနေပမယ့္ အာ႐ုံေၾကာေရာဂါျဖစ္ၿပီး ညဘက္အိပ္မရတာေတြ ျဖစ္တတ္ပါတယ္။ပညာေရးကေတာ့ အာ႐ုံစိုက္သေလာက္ ေအာင္ျမင္မႈအသီးအပြင့္ရတတ္တဲ့အခ်ိန္ပါ။အိမ္ေထာင္ရွင္ေတြၾကား နားလည္မႈလြဲတတ္သလို ခ်စ္သူအခ်င္းခ်င္း နားပူနားဆာလုပ္တတ္လို႔ စိတ္ရႈပ္ရတဲ့အခ်ိန္ကာလပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ေအာင္သေျပပန္းထိုးကာ ကဗၼလာသစ္သီးဆြမ္း ကပ္လႉပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ သံဃာေတာ္မ်ားကို ထီး၊ ဖိနပ္ စသည္တို႔လႉေပးပါ။သီလရွင္မ်ားအားလည္း ဆြမ္းဆန္၊ ေငြေၾကး ေထာက္ပံ့ေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ တနလၤာနံဘုရားတြင္ ပန္းေပါင္းစုံကပ္လႉကာ ဓမၼစၾကာ႐ြတ္ဖတ္ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ေ႐ႊေရာင္ပစၥည္းအေဟာင္းအပ်က္မ်ား၊ ျပကၡဒိန္အေဟာင္းမ်ား ေနအိမ္အိပ္ခန္းအတြင္းရွိေနပါက လႊင့္ပစ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီမ်ားတြင္ ပုံမွန္တံျမက္စည္းလွည္းပါ။ပန္းဆီမီးပူေဇာ္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ရပ္ထဲ႐ြာထဲမွ က်န္းမာေရးမေကာင္းသူကို ေဆးဝါးဓာတ္စာ လႉဒါန္းေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ လမ္းတြင္ ကားႏွင့္လွည့္ေရာင္းသည့္ ထီဆိုင္ေတြ႕ပါက ၂/၃ ဂဏန္းမ်ားမ်ားပါသည့္ ထီကိုထိုးပါ။