【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်း လုပ်ငန်းခွင်မှာ သင့်အတွက်အခွင့်အလမ်းကောင်းတွေ ဆက်တိုက်ပေါ်ထွက်လာမယ့်ကာလ ဖြစ်နေပါတယ်။ဒီအတွက် အရင်ကရည်ရွယ်ထားတဲ့ လုပ်ငန်းတွေ၊ နေရာသစ်ရွှေ့တာတွေ၊ အလုပ်အကိုင် ပြောင်းရွှေ့တာတွေ၊ လုပ်ငန်းတိုးချဲ့တာတွေ လုပ်ကိုင်သင့်တဲ့ အချိန်ကာလပါ။ဝန်ထမ်းတွေဆို ဒီကာလမှာ အရေးကြီးတာဝန်ကို လွှဲပြောင်းထမ်းဆောင်ရကိန်းရှိပါတယ်။ဒါပေမယ့် အပြိုင်အဆိုင်များလို့ ရန်များတတ်ပါတယ်။ယခုရက်ပိုင်းအတွင်း တနင်္ဂနွေ/အင်္ဂါ သားသမီးတွေနဲ့ တိုင်ပင်တာက သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စတွေမှာ အောင်မြင်နိုင်ပါတယ်။ခရီးထွက်တာတွေ၊ဘုရားဖူးသွားရတာတွေ ပေါ်တတ်ပါတယ်။လူမျိုးကွဲတွေနဲ့ စပ်တူလုပ်ရတဲ့အလုပ်တွေ အကျိုးပေးပါတယ်။အနုပညာ၊ ကား၊အလှကုန်၊ ကွန်ပျူတာ စတဲ့အလုပ်တွေ အကျိုးပေးပါလိမ့်မယ်။ငွေကံကောင်းလွန်းနေလို့ ထီထိုးသင့်ပါတယ်။ပညာရေးကကောင်းနေပါတယ်။အိမ်ထောင်ရှင်များစိတ်ညစ်ရသလောက် ချစ်သူများအတွက်ကတော့ နေ့တိုင်းပျော်စရာဖြစ်နေတဲ့ အချိန်ကာလပါ။ကျန်းမာရေးမှာ အပူကြောင့်ဖြစ်တဲ့ရောဂါ၊ လေကြောင့်ဖြစ်တတ်တဲ့ရောဂါကိုသတိပြုသင့်ပါတယ်။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား သစ်သီးဆွမ်းဆပ်ကပ်ကာ နံနက်တိုင်း မေတ္တာသုတ်ရွတ်ဖတ်ပူဇော်ပါ။ 
 
ပြည်ပထွက်ခွာလိုသူများ ။     ။ ထီး၊ သင်္ကန်း၊ဝတ္ထုငွေ အလှူခံလာသူ ရဟန်းသံဃာရှိပါက စိတ်မကွက်ဘဲ ကပ်လှူပေးပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။နေအိမ်အရပ်မှ တနင်္ဂနွေထောင့်အရပ်ရှိ ဘုရားစေတီတွင် သန့်ရှင်းရေးလုပ်ပြီး အောင်သပြေပန်းကပ်လှူကာ လိုရာဆုတောင်းပါ။ 
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ခို၊ ကျီး၊ ခွေး စသည်တို့ကို အစာကျွေးပါ။ချစ်သူနှင့်တွေ့ရန် ဗုဒ္ဓဟူးနံအသုံးအဆောင်များကို ဆောင်သွားပါ။
 
လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီများတွင် မွေးနေ့ဂြိုလ်ခွင်မှ စတင်ကာ ဂြိုလ်နံရှစ်ခွင်ပြည့်အောင် ရေသပ္ပါယ်ပူဇော်ပါ။ 
 
ကျန်းမာရေးမကောင်းသူများ ။     ။ ရပ်ထဲရွာထဲ လေဖြတ်ထားသည့် ကျန်းမာရေးမကောင်းသူများကို ဆေးဝါးလှူပါ။
 
ထီကံကောင်းလိုသူများ ။     ။ သင့်လမ်းထိပ်ထီဆိုင်တွင် ၁/၃/၄ ဂဏန်းပါသည့် ထီကိုရှာထိုးလိုက်ပါ။
 
( Zawgyi )
 
ဒီရက္ပိုင္း လုပ္ငန္းခြင္မွာ သင့္အတြက္အခြင့္အလမ္းေကာင္းေတြ ဆက္တိုက္ေပၚထြက္လာမယ့္ကာလ ျဖစ္ေနပါတယ္။ဒီအတြက္ အရင္ကရည္႐ြယ္ထားတဲ့ လုပ္ငန္းေတြ၊ ေနရာသစ္ေ႐ႊ႕တာေတြ၊ အလုပ္အကိုင္ ေျပာင္းေ႐ႊ႕တာေတြ၊ လုပ္ငန္းတိုးခ်ဲ႕တာေတြ လုပ္ကိုင္သင့္တဲ့ အခ်ိန္ကာလပါ။ဝန္ထမ္းေတြဆို ဒီကာလမွာ အေရးႀကီးတာဝန္ကို လႊဲေျပာင္းထမ္းေဆာင္ရကိန္းရွိပါတယ္။ဒါေပမယ့္ အၿပိဳင္အဆိုင္မ်ားလို႔ ရန္မ်ားတတ္ပါတယ္။ယခုရက္ပိုင္းအတြင္း တနဂၤေႏြ/အဂၤါ သားသမီးေတြနဲ႔ တိုင္ပင္တာက သင့္အတြက္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ကိစၥေတြမွာ ေအာင္ျမင္ႏိုင္ပါတယ္။ခရီးထြက္တာေတြ၊ဘုရားဖူးသြားရတာေတြ ေပၚတတ္ပါတယ္။လူမ်ိဳးကြဲေတြနဲ႔ စပ္တူလုပ္ရတဲ့အလုပ္ေတြ အက်ိဳးေပးပါတယ္။အႏုပညာ၊ ကား၊အလွကုန္၊ ကြန္ပ်ဴတာ စတဲ့အလုပ္ေတြ အက်ိဳးေပးပါလိမ့္မယ္။ေငြကံေကာင္းလြန္းေနလို႔ ထီထိုးသင့္ပါတယ္။ပညာေရးကေကာင္းေနပါတယ္။အိမ္ေထာင္ရွင္မ်ားစိတ္ညစ္ရသေလာက္ ခ်စ္သူမ်ားအတြက္ကေတာ့ ေန႔တိုင္းေပ်ာ္စရာျဖစ္ေနတဲ့ အခ်ိန္ကာလပါ။က်န္းမာေရးမွာ အပူေၾကာင့္ျဖစ္တဲ့ေရာဂါ၊ ေလေၾကာင့္ျဖစ္တတ္တဲ့ေရာဂါကိုသတိျပဳသင့္ပါတယ္။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားရွင္အား သစ္သီးဆြမ္းဆပ္ကပ္ကာ နံနက္တိုင္း ေမတၱာသုတ္႐ြတ္ဖတ္ပူေဇာ္ပါ။ 
 
ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ထီး၊ သကၤန္း၊ဝတၳဳေငြ အလႉခံလာသူ ရဟန္းသံဃာရွိပါက စိတ္မကြက္ဘဲ ကပ္လႉေပးပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ေနအိမ္အရပ္မွ တနဂၤေႏြေထာင့္အရပ္ရွိ ဘုရားေစတီတြင္ သန႔္ရွင္းေရးလုပ္ၿပီး ေအာင္သေျပပန္းကပ္လႉကာ လိုရာဆုေတာင္းပါ။ 
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ခို၊ က်ီး၊ ေခြး စသည္တို႔ကို အစာေကြၽးပါ။ခ်စ္သူႏွင့္ေတြ႕ရန္ ဗုဒၶဟူးနံအသုံးအေဆာင္မ်ားကို ေဆာင္သြားပါ။
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီမ်ားတြင္ ေမြးေန႔ၿဂိဳလ္ခြင္မွ စတင္ကာ ၿဂိဳလ္နံရွစ္ခြင္ျပည့္ေအာင္ ေရသပၸါယ္ပူေဇာ္ပါ။ 
 
က်န္းမာေရးမေကာင္းသူမ်ား ။     ။ ရပ္ထဲ႐ြာထဲ ေလျဖတ္ထားသည့္ က်န္းမာေရးမေကာင္းသူမ်ားကို ေဆးဝါးလႉပါ။
 
ထီကံေကာင္းလိုသူမ်ား ။     ။ သင့္လမ္းထိပ္ထီဆိုင္တြင္ ၁/၃/၄ ဂဏန္းပါသည့္ ထီကိုရွာထိုးလိုက္ပါ။