【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်
ဒီရက်ပိုင်းအတွင်း ကံလေးတွေကောင်းနေပြီး အခြွေအရံကောင်းများနှင့် စုတ်၊ လာဘ်လေးတွေ ဝင်တတ်ပါတယ်။ဘုရားဖူးခရီးထွက်ရတာတွေ၊အပန်းဖြေခရီးထွက်ရတာတွေလည်း ရှိတတ်ပါတယ်။ဒီကာလမှာ ကွဲကွာနေသူများပြန်ဆုံခြင်း၊ ရပ်ဝေးက မိတ်ဆွေကောင်းများရဲ့အကူအညီများ ရတတ်ပါတယ်။ယခုရက်ပိုင်းအတွင်း တနင်္လာ သားသမီးတွေနဲ့ တိုင်ပင်တာက သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စတွေမှာ အောင်မြင်နိုင်ပါတယ်။ယခုကာလအတွင်း အိမ်ဝယ်ခြင်း၊ အိမ်ဆောက်ခြင်း၊ နေရာသစ် လုပ်ငန်းသစ်ကိစ္စတွေ ကောင်းပါတယ်။စပ်တူလုပ်ရတဲ့ အလုပ်တွေ သတိထားပါ။အနုပညာလုပ်ငန်းတွေ ခရီးသွားလုပ်ငန်းတွေ အခက်အခဲရှိတတ်ပါတယ်။ကုန်ခြောက်လုပ်ငန်းတွေ အကျိုးပေးပါလိမ့်မယ်။ငွေကတော့ တအားဝင်နေသလို တအားထွက်နေတတ်ပါတယ်။ 
ပညာရေးက ကောင်းနေတတ်ပါတယ်။အိမ်ထောင်ရှင်များ ခဏတာခွဲခွာရကိန်းရှိပြီး သမီးရည်းစားငယ်ရွယ်သူများ လမ်းခွဲရောက်သည်အထိ ပြဿနာများ ကြီးမားလာတတ်ပါတယ်။ကျန်းမာရေးမှာ အလွန်စိတ်ပူရတတ်ပါတယ်။ 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား၊ ဖယောင်းတိုင် ၇ တိုင် ကံ့ကော် ၇ ညွှန့်ဖြင့် ခုနှစ်ရက်လုံး ပူဇော်ပါ။
ပြည်ပထွက်ခွာလိုသူများ ။     ။ သင့်လျှောက်ထားသည့် ပြည်ပကိစ္စသို့ သွားခါနီးတိုင်း ခိုစာ၊ ကျီးစာ ကျွေးပြီးမှသွားပါ။
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ တနင်္လာနံပါသော ဘုရားစေတီတွင် ပန်းပေါင်းစုံ ၅ မျိုးဖြင့် ပူဇော်ပါ။
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်ရှိ ဘုရားပန်းအိုးတွင် ချေးညှော်များကင်းအောင် ပွတ်တိုက်သန့်ရှင်းပါ။ဘုရားစင်အတွင်း ပင့်ကူအိမ်များ ရုပ်ပုံတော်များရှိ ဖုန်များအား သန့်ရှင်းပေးပြီး ရေချမ်းကပ်လှူပါ။
လူမှုရေးအတိုက်အခံများသူများ ။     ။ ရပ်ကွက်ထဲရှိ ဘုရား၊ ကျောင်း၊စေတီများတွင် သန့်ရှင်းရေးလုပ်ပေးပါ။ဘုရားရုပ်ပွားတော်များကို ရေသပ္ပါယ်ပေးပါ။
ကျန်းမာရေးမကောင်းသူများ ။     ။ သက်ကြီးရွယ်အိုများကို ဆေးဝါးဓာတ်စာလှူပေးပါ။
ထီကံကောင်းလိုသူများ ။     ။ ကားနှင့်ရောင်းသော ထီဆိုင်တွင် ၂/၇/၃  ဂဏန်းများများပါအောင် ထီထိုးပေးပါ။
( Zawgyi )