【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီတစ်ပတ် ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် သောကြာ သားသမီးတွေကိုတိုင်ပင်တာ သင့်အတွက်အကောင်းဆုံးပါဘဲ။ယခုရက်ပိုင်း စိတ်မတင်မကျကိစ္စတွေ ဆုံးဖြတ်ရခက်တဲ့ကိစ္စတွေ ဖြစ်တတ်ပါတယ်။အလွဲလွဲအချော်ချော်နဲ့ ထင်ထားသလိုမဖြစ်တတ်တာတွေ ကြုံရတတ်ပါတယ်။စက်ပစ္စည်းလုပ်ငန်းသမားတွေ၊ ဆန်ဆီကုန်သည်တွေ  လျှပ်စစ်ပစ္စည်းရောင်းဝယ်သူတွေ အကျိုးများမယ့်ကာလပါ။စာချုပ်စာတမ်းကိစ္စတွေ၊ စပ်တူရှယ်ယာအလုပ်တွေ မကောင်းသေးပါဘူး။နိုင်ငံရပ်ခြားကနေ အကူအညီမမျှော်လင့်ဘဲရတတ်ပါတယ်။ဒီရက်ပိုင်း မနေတတ်မထိုင်တတ်ရင် သူများပြဿနာ၊ ကိုယ့်ပြဿနာ ဖြစ်တတ်ပါတယ်။သူတစ်ပါးကိစ္စ ဝင်အာမခံတတ်သူတွေ ဆင်ခြင်ပါ။ဒီရက်ပိုင်း အမှုအခင်းမြင်ပါတယ်။ငွေကံကတော့ကောင်းပါတယ်။အလုပ်နဲ့ပတ်သက်ပြီး ခရီးထွက်စရာပေါ်ရင် မရှောင်ပါနဲ့ လိုက်သွားပါ။သင့်အတွက် အခွင့်အလမ်းပေါ်လာပါလိမ့်မယ်။ကောင်းတတ်ပါတယ်။ကျန်းမာရေးမှာ ဝမ်းမကောင်းတာတွေ၊ အစာစားတာမမှန်လို့ လေရောဂါဖြစ်တတ်တာလေးတွေပဲရှိပါတယ်။ပညာရေးကံကတော့ အကောင်းဆုံးဖြစ်နေပါတယ်။အိမ်ထောင်ရှင်တွေ မပြေလည်မှုတွေရှိပေမယ့် ချစ်သူတွေအတွက်ကတော့ ပျော်စရာအချိန်ကာလပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ယခုတစ်ပတ်လုံး ဘုရားရှင်အား ဇီးယိုဖြင့် ဆွမ်းကပ်လှူဒါန်းပေးပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ တဟိ့ ံ တဟိ့ ံ ဘုရားရှိခိုးဂါထာကို အဓိဋ္ဌာန်ဖြင့် သက်စေ့ရွတ်ဆိုပါလေ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ အင်တာဗျူးသွားသည့်အခါ မိမိလျှောက်ထားသည့်အလုပ်ကို စာရွက်ဖြူပေါ်ချရေး၍ ဝတ်သည့် အင်္ကျီအိတ်ထဲထည့်ကာ ဇီးသီးစားပြီးမှသွားပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ နေအိမ်အရပ်မှ အင်္ဂါထောင့်အရပ်ရှိ ဘုရားစေတီတွင် မေတ္တာသုတ်ကို ယုံယုံကြည်ကြည် ရွတ်ဖတ်ပူဇော်ပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီများတွင် မွေးနေ့ဂြိုလ်ခွင်မှစတင်ကာ ဂြိုလ်နံရှစ်ခွင်ပြည့်အောင် မေတ္တာသုတ်ဆိုကာ ရေသပ္ပါယ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ငါး၊ လိပ် စသည့် ရေသတ္တဝါများကို မွေးနေ့တွင်အစာကျွေးပါ။  

ထီကံကောင်းလိုသူများ ။     ။ လမ်းသွားရင်းတွေ့သည့် ထီဆိုင်တွင် ၃/၆ ဂဏန်းများများပါသည့် ထီနံပါတ်ကိုရှာထိုးပါ။

( Zawgyi )

ဒီတစ္ပတ္ ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ ေသာၾကာ သားသမီးေတြကိုတိုင္ပင္တာ သင့္အတြက္အေကာင္းဆုံးပါဘဲ။ယခုရက္ပိုင္း စိတ္မတင္မက်ကိစၥေတြ ဆုံးျဖတ္ရခက္တဲ့ကိစၥေတြ ျဖစ္တတ္ပါတယ္။အလြဲလြဲအေခ်ာ္ေခ်ာ္နဲ႔ ထင္ထားသလိုမျဖစ္တတ္တာေတြ ႀကဳံရတတ္ပါတယ္။စက္ပစၥည္းလုပ္ငန္းသမားေတြ၊ ဆန္ဆီကုန္သည္ေတြ  လွ်ပ္စစ္ပစၥည္းေရာင္းဝယ္သူေတြ အက်ိဳးမ်ားမယ့္ကာလပါ။စာခ်ဳပ္စာတမ္းကိစၥေတြ၊ စပ္တူရွယ္ယာအလုပ္ေတြ မေကာင္းေသးပါဘူး။ႏိုင္ငံရပ္ျခားကေန အကူအညီမေမွ်ာ္လင့္ဘဲရတတ္ပါတယ္။ဒီရက္ပိုင္း မေနတတ္မထိုင္တတ္ရင္ သူမ်ားျပႆနာ၊ ကိုယ့္ျပႆနာ ျဖစ္တတ္ပါတယ္။သူတစ္ပါးကိစၥ ဝင္အာမခံတတ္သူေတြ ဆင္ျခင္ပါ။ဒီရက္ပိုင္း အမႈအခင္းျမင္ပါတယ္။ေငြကံကေတာ့ေကာင္းပါတယ္။အလုပ္နဲ႔ပတ္သက္ၿပီး ခရီးထြက္စရာေပၚရင္ မေရွာင္ပါနဲ႔ လိုက္သြားပါ။သင့္အတြက္ အခြင့္အလမ္းေပၚလာပါလိမ့္မယ္။ေကာင္းတတ္ပါတယ္။က်န္းမာေရးမွာ ဝမ္းမေကာင္းတာေတြ၊ အစာစားတာမမွန္လို႔ ေလေရာဂါျဖစ္တတ္တာေလးေတြပဲရွိပါတယ္။ပညာေရးကံကေတာ့ အေကာင္းဆုံးျဖစ္ေနပါတယ္။အိမ္ေထာင္ရွင္ေတြ မေျပလည္မႈေတြရွိေပမယ့္ ခ်စ္သူေတြအတြက္ကေတာ့ ေပ်ာ္စရာအခ်ိန္ကာလပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ယခုတစ္ပတ္လုံး ဘုရားရွင္အား ဇီးယိုျဖင့္ ဆြမ္းကပ္လႉဒါန္းေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ တဟိ့ ံ တဟိ့ ံ ဘုရားရွိခိုးဂါထာကို အဓိ႒ာန္ျဖင့္ သက္ေစ့႐ြတ္ဆိုပါေလ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ အင္တာဗ်ဴးသြားသည့္အခါ မိမိေလွ်ာက္ထားသည့္အလုပ္ကို စာ႐ြက္ျဖဴေပၚခ်ေရး၍ ဝတ္သည့္ အက်ႌအိတ္ထဲထည့္ကာ ဇီးသီးစားၿပီးမွသြားပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ေနအိမ္အရပ္မွ အဂၤါေထာင့္အရပ္ရွိ ဘုရားေစတီတြင္ ေမတၱာသုတ္ကို ယုံယုံၾကည္ၾကည္ ႐ြတ္ဖတ္ပူေဇာ္ေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီမ်ားတြင္ ေမြးေန႔ၿဂိဳလ္ခြင္မွစတင္ကာ ၿဂိဳလ္နံရွစ္ခြင္ျပည့္ေအာင္ ေမတၱာသုတ္ဆိုကာ ေရသပၸါယ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ငါး၊ လိပ္ စသည့္ ေရသတၱဝါမ်ားကို ေမြးေန႔တြင္အစာေကြၽးပါ။  

ထီကံေကာင္းလိုသူမ်ား ။     ။ လမ္းသြားရင္းေတြ႕သည့္ ထီဆိုင္တြင္ ၃/၆ ဂဏန္းမ်ားမ်ားပါသည့္ ထီနံပါတ္ကိုရွာထိုးပါ။