【 ‌ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် ဆုံးဖြတ်ရခက်တဲ့ကိစ္စတွေ၊ မတင်မကျကိစ္စတွေကြောင့် အမှားကြုံရကိန်းရှိနေပါတယ်။သူတစ်ပါးကိစ္စကို ကူညီရတာတွေကြောင့် ကိုယ့်အလုပ်ထိခိုက်နေတတ်ပါတယ်။ဒီတစ်ပတ်မှာ ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် သင့်ကိုအကောင်းဆုံးအကြံပေးနိုင်တာက ကြာသပတေး သားသမီးတွေပါ။အရာရာငြီးငွေ့နေတတ်ပြီး မလုပ်ချင်မကိုင်ချင်တာတွေ၊ မတွေ့ချင်တဲ့လူတွေနဲ့ တွဲလုပ်နေရလို့ စိတ်ပင်ပန်းနေတတ်ပါတယ်။မထင်မှတ်ဘဲ အလှူအတန်းတွေ၊ ဘာသာရေးအလုပ်တွေ လုပ်ရကိန်းရှိပါတယ်။အထည်အလိပ်သမားတွေ၊ ဖက်ရှင်လုပ်ငန်းတွေ၊အနုပညာလုပ်ငန်းတွေ ဒီကာလအတွင်း အထူးအကျိုးပေးပါတယ်။အိမ်ခြံမြေစပ်တူကိစ္စတွေ သိပ်အကောင်းကြီး မဟုတ်သေးပါဘူး။ကျန်းမာရေးက သာမန်အားဖြင့်ကောင်းနေပေမယ့် အစားမှားတာတွေ ဒူးနာတာတွေ ဖြစ်တတ်ပါတယ်။ပညာရေးကတော့ အထူးကောင်းပါတယ်။အိမ်ထောင်ရှင်တွေကတော့ ဝေးနေတဲ့ခင်ပွန်းကြောင့် သောကရောက်ရသလို ငယ်ရွယ်သူချစ်သူများကတော့ ကြားလူစကားကို သတိထားရမယ့် အချိန်ကာလပါ။

 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားရှင်အားပန်းပေါင်းစုံကပ်လှူကာ ဆီးယိုကပ်လှူပူဇော်ပေးပါ။
 
ပြည်ပထွက်ခွာလိုသူများ ။ ။ နံနက်စောစော တန်းဆွမ်းကြွသည့်သံဃာတော်များကို မျက်နှာသုတ်ပုဝါ ကပ်လှူပေးပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ ဘုရားစေတီ၏ အင်္ဂါထောင့်ရှိ ရုပ်ပွားတော်အား ရောင်တော်ဖွင့်ပေးပါ။
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်တွင်းရှိ အိုးကွဲမှန်ကွဲများ၊ ရေဗူးအပေါက်များကို လွှင့်ပစ်ပါ။နှမြော၍ သိမ်းထားသည့် ရုပ်ပုံကားချပ်အဟောင်းများ ပိုစတာအဟောင်းများကို လွှင့်ပစ်လိုက်ပါ။
 
လူမှုရေးအတိုက်အခံများသူများ ။ ။ နံနက်အိပ်ယာထနှင့် အိပ်ယာဝင်ချိန်များတွင် သရဏဂုံ ၃ ခေါက်စီ ရွတ်ဆိုပေးပါ။
 
ကျန်းမာရေးမကောင်းသူများ ။ ။ မိမိမွေးနေ့တွင် ဘုရားသို့သွားကာသက်စေ့ ရေသပ္ပယ်ပေးခြင်း၊ ညောင်ထောက်ခြင်း စသည့် ကံပြင်သည့် ကုသိုလ်များကို ကိုယ်တိုင် (သို့မဟုတ်) နေ့နံတူတစ်ယောက်ဖြင့် လုပ်ပေးပါ။
 
ထီကံကောင်းလိုသူများ ။ ။ မိမိနေ့နံဖြင့်စသော ထီဆိုင်တွင် ၃ အစ ၅ အဆုံးဂဏန်းပါ ထီလက်မှတ်ကို ထိုးပေးပါ။
 
( Zawgyi )
 
ဒီတစ္ပတ္ ဆုံးျဖတ္ရခက္တဲ့ကိစၥေတြ၊ မတင္မက်ကိစၥေတြေၾကာင့္ အမွားႀကဳံရကိန္းရွိေနပါတယ္။သူတစ္ပါးကိစၥကို ကူညီရတာေတြေၾကာင့္ ကိုယ့္အလုပ္ထိခိုက္ေနတတ္ပါတယ္။ဒီတစ္ပတ္မွာ ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ သင့္ကိုအေကာင္းဆုံးအႀကံေပးႏိုင္တာက ၾကာသပေတး သားသမီးေတြပါ။အရာရာၿငီးေငြ႕ေနတတ္ၿပီး မလုပ္ခ်င္မကိုင္ခ်င္တာေတြ၊ မေတြ႕ခ်င္တဲ့လူေတြနဲ႔ တြဲလုပ္ေနရလို႔ စိတ္ပင္ပန္းေနတတ္ပါတယ္။မထင္မွတ္ဘဲ အလႉအတန္းေတြ၊ ဘာသာေရးအလုပ္ေတြ လုပ္ရကိန္းရွိပါတယ္။အထည္အလိပ္သမားေတြ၊ ဖက္ရွင္လုပ္ငန္းေတြ၊အႏုပညာလုပ္ငန္းေတြ ဒီကာလအတြင္း အထူးအက်ိဳးေပးပါတယ္။အိမ္ၿခံေျမစပ္တူကိစၥေတြ သိပ္အေကာင္းႀကီး မဟုတ္ေသးပါဘူး။က်န္းမာေရးက သာမန္အားျဖင့္ေကာင္းေနေပမယ့္ အစားမွားတာေတြ ဒူးနာတာေတြ ျဖစ္တတ္ပါတယ္။ပညာေရးကေတာ့ အထူးေကာင္းပါတယ္။အိမ္ေထာင္ရွင္ေတြကေတာ့ ေဝးေနတဲ့ခင္ပြန္းေၾကာင့္ ေသာကေရာက္ရသလို ငယ္႐ြယ္သူခ်စ္သူမ်ားကေတာ့ ၾကားလူစကားကို သတိထားရမယ့္ အခ်ိန္ကာလပါ။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားရွင္အားပန္းေပါင္းစုံကပ္လႉကာ ဆီးယိုကပ္လႉပူေဇာ္ေပးပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ နံနက္ေစာေစာ တန္းဆြမ္းႂကြသည့္သံဃာေတာ္မ်ားကို မ်က္ႏွာသုတ္ပုဝါ ကပ္လႉေပးပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ ဘုရားေစတီ၏ အဂၤါေထာင့္ရွိ ႐ုပ္ပြားေတာ္အား ေရာင္ေတာ္ဖြင့္ေပးပါ။
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ အိမ္တြင္းရွိ အိုးကြဲမွန္ကြဲမ်ား၊ ေရဗူးအေပါက္မ်ားကို လႊင့္ပစ္ပါ။ႏွေျမာ၍ သိမ္းထားသည့္ ႐ုပ္ပုံကားခ်ပ္အေဟာင္းမ်ား ပိုစတာအေဟာင္းမ်ားကို လႊင့္ပစ္လိုက္ပါ။
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ နံနက္အိပ္ယာထႏွင့္ အိပ္ယာဝင္ခ်ိန္မ်ားတြင္ သရဏဂုံ ၃ ေခါက္စီ ႐ြတ္ဆိုေပးပါ။
 
က်န္းမာေရးမေကာင္းသူမ်ား ။ ။ မိမိေမြးေန႔တြင္ ဘုရားသို႔သြားကာသက္ေစ့ ေရသပၸယ္ေပးျခင္း၊ ေညာင္ေထာက္ျခင္း စသည့္ ကံျပင္သည့္ ကုသိုလ္မ်ားကို ကိုယ္တိုင္ (သို႔မဟုတ္) ေန႔နံတူတစ္ေယာက္ျဖင့္ လုပ္ေပးပါ။
 
ထီကံေကာင္းလိုသူမ်ား ။ ။ မိမိေန႔နံျဖင့္စေသာ ထီဆိုင္တြင္ ၃ အစ ၅ အဆုံးဂဏန္းပါ ထီလက္မွတ္ကို ထိုးေပးပါ။