【 နည်းပညာ 】 ကိုဗစ်-၁၉ ကပ်ရောဂါက‌ အာကာယာဉ်လွှတ်တင်မှုများအပေါ် သက်ရောက်စေခဲ့

【 နည်းပညာ 】 ကိုဗစ်-၁၉ ကပ်ရောဂါက‌ အာကာယာဉ်လွှတ်တင်မှုများအပေါ် သက်ရောက်စေခဲ့

ထောက်ပံ့ရေးကွင်းဆက်များ ပြတ်တောက်မှုကြောင့် စက်မှုလောကတစ်ဝှမ်းလုံးဟာ ပျက်စီးသွားခဲ့ပါတယ်။

ကမ္ဘာ့စီးပွားရေးဟာ ကိုဗစ်ကာလအတွင်း အကြီးအကျယ်ထိခိုက်သွားခဲ့ပြီး အလာစကာတွင် အငှားကားများမရှိခြင်းနဲ့ ကုန်ခြောက်ဆိုင်များတွင် ကုန်ပစ္စည်းများ ပြတ်လပ်သွားခြင်းတို့ ဖြစ်ပေါ်ခဲ့ပါတယ်။

ယခုအချိန်မှာ အာကာသလွှတ်တင်မှုလုပ်ငန်းတွေကို ထိခိုက်စေပြီး ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ တိုက်ရိုက်ဆက်နွယ်နေတဲ့ ထောက်ပံ့ရေးပစ္စည်းများ ပြတ်လပ်ခြင်းများကို ကြုံတွေ့နေရလျက်ရှိနေပါတယ်။

အာကာသသို့လွှတ်တင်သည့် ဒုံးပျံ အင်ဂျင်စက်များတွင် အောက်ဆီဂျင်ကို ပမာဏများစွာ ကွဲကွဲပြားပြား အသုံးပြုလေ့ရှိပါတယ်။သို့သော်လည်း အောက်ဆီဂျင်ဟာ ကိုဗစ်-၁၉ ပြင်းထန်ရောဂါလက္ခဏာများကို တိုက်ဖျက်ရန် အရေးကြီးသော ကိရိယာတစ်ခုဖြစ်လာပြီးနောက် ကမ္ဘာတဝန်း အောက်ဆီဂျင်ပမာဏတွေ များစွာလိုအပ်လာတာဖြစ်ပါတယ်။

ဒါ့အပြင် အေးခဲသော အောက်ဆီဂျင်ဟာ SpaceX, Virgin Orbit နဲ့ ULA အပါအဝင် အာကာသကုမ္ပဏီကြီးများအတွက် မရှိမဖြစ်လိုအပ်သော ဓာတ်ပစ္စည်းဖြစ်နေပြီး၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာကြီးက အောက်ဆီဂျင်တွေ လိုအပ်လာသောအခါ အာကာသလွှတ်တင်မှုများဟာ နှောင်‌့နှေးလာခဲ့ပါတယ်။

အမေရိကန် ဓာတ်ငွေ့ဖြန့်ဖြူးရေးအသင်းအဖွဲ့ကြီးဖြစ်တဲ့ Compressed Gas Association (CAG) ရဲ့ နည်းပညာနဲ့ စည်းမျဉ်းရေးရာ ဒုတိယဥက္ကဌ Richard Craig ကတော့ "လူတွေ အရင်လာပါ" လို့ ဆိုခဲ့ပြီး ‌ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရတဲ့ လူတွေကို ဦးစားပေးဖို့ ပြောကြားခဲ့ပါတယ်။

ယခုလိုသာ ကိုဗစ်-၁၉ ကပ်ရောဂါအနေနဲ့ မျိုးဗီဇကွဲတွေ ထပ်ခါတလဲလဲ ပေါ်ပေါက်နေမယ်ဆိုရင်တော့ အာကာသတွင်းလွှတ်တင်ပြီး စူးစမ်းရှာဖွေမှုများဟာ နှောင့်နှေးလာတော့မှာဖြစ်ပါတယ်။

Damien
စက်တင်ဘာ - ၁၃