【 နည်းပညာ 】 ကိုဗစ်-၁၉ စောင့်ကြည့် နည်းပညာက အလွဲသုံးစားလုပ်မှုများ ဖြစ်လာနိုင်

【 နည်းပညာ 】 ကိုဗစ်-၁၉ စောင့်ကြည့် နည်းပညာက အလွဲသုံးစားလုပ်မှုများ ဖြစ်လာနိုင်

MedConfidential မှ ညှိနှိုင်းရေးမှူး ဖီးလ် ဘုတ် က ရေမြောင်းများ၊ ရေဆိုးစွန့်ပစ်တဲ့ နေရာများနဲ့ အိမ်သာများမှ စွန့်ထုတ်လိုက်တဲ့ ရေဆိုးများကို စောင့်ကြည့်မှု တိုးမြှင့်ခြင်းဟာ ရောဂါပိုးများနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုတို့ကို ဖော်ထုတ်ပြသနိုင်သော်လည်း ၎င်းနည်းပညာကို ကောင်းမွန်စွာ ထိန်းညှိရန် လိုအပ်ကြောင်း သတိပေးပြောကြားခဲ့ပါတယ်။

အလားတူပဲ ကိုဗစ်-၁၉ ပျံ့နှံ့မှုကို စောင့်ကြည့် ခြောရာခံရန် ဒီဇိုင်းထုတ်လုပ်ထားတဲ့ စောင့်ကြည့်နည်းပညာတွေအပေါ်လည်း လူသားတွေအနေနဲ့ အလွဲသုံးစား ပြုလုပ်ခံရနိုင်ချေရှိနေတဲ့ နည်းလမ်းများကြောင့် စိုးရိမ်မှုတွေ ပိုတိုးလာလိမ့်မယ်လို့လည်း ဖီးလ် ဘုတ် က ဆိုပါတ
ယ်။

လူတွေရဲ့ ဘဝနဲ့ လူတစ်ဦးချင်းစီအပေါ် သက်ရောက်မှုရှိနိုင်တဲ့ နည်းပညာအမျိုးအစားတိုင်းကို စည်းမျဉ်းစည်းကမ်းတွေ ထားရှိဖို့ လိုအပ်ပါတယ်လို့ ဖီးလ် ဘုတ် က ဆက်ပြောပါတယ်။

ဖီးလ် ဘုတ်ရဲ့ သတိပေးပြောဆိုမှုဟာ မကြာသေးခင်က ယော့ခ် အခြေစိုက် ဘိုင်အိုတက်ခ် ဇီဝနည်းပညာကုမ္ပဏီတစ်ခုမှ ဖြန့်ချိလိုက်တဲ့ အဆောက်အဦများရဲ့ မိလ္လာစနစ်အတွင်း ကိုဗစ်-၁၉ ပျံ့နှံ့မှုကိုရှာဖွေရန် "မိုဘိုင်းစောင့်ကြည့်ရေးပလက်ဖောင်း" လို့ အမည်ပေးထားတဲ့ နည်းပညာကို ဆိုလိုခြင်းဖြစ်ပါတယ်။

လက်ဆွဲအိတ်အရွယ် ကိရိယာမှာ ဉာဏ်ရည်တုနည်းပညာကို အသုံးပြုထားပြီး၊ ထိန်းချုပ်ကွန်ပျူတာသို့ ရေမြောင်းများမှ တွေ့ရှိသော ဒေတာအချက်အလက်များကို ပေးပို့နိုင်မှာဖြစ်ပါတယ်။

Modern Water ကုမ္ပဏီမှ နိုင်ငံပေါင်း ၆၀ ရှိ နေရာပေါင်း ၃,၀၀၀ တွင် စောင့်ကြည့်မော်နီတာများ တပ်ဆင်ထားပြီးဖြစ်ပြီး၊ ရေဆိုးများတွင် ပါဝင်ပျော်ဝင်နေတဲ့ ဆေးဝါးများ၊ ပိုးသတ်ဆေးများ၊ တစ်ကိုယ်ရည်စောင့်ရှောက်မှုနဲ့ ဟော်မုန်းများကို သိရှိစောင့်ကြည့်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

Microtox PD မိုဘိုင်း ကိုဗစ်-၁၉ စောင့်ကြည့်ရေးစနစ်ကို ယမန်နှစ်က UK မြူနီစီပယ် မိလ္လာကုသရေးမှာ စတင်စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

မိခင်ကုမ္ပဏီကြီး Deepverge မှ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအရာရှိချုပ် ပေါလ် ရွိုင်ယန်ကတော့ ကျောင်းများ၊ ဆေးရုံများနဲ့ ဟော်တယ်များအပါအဝင် အဆောက်အဦများမှာ ကိုဗစ်-၁၉ ကို စောင့်ကြည့်မှုအတွက် လာမည့်လအတွင်း စက်အသစ်များ ပိုမိုငှားရမ်းနိုင်ရန် မျှော်လင့်ထားကြောင်း Sky News သို့ ပြောကြားခဲ့ပါတယ်။

"ဒါက စောင့်ကြည့်ခြင်း အကြောင်းပါပဲ၊ ဒါက ကိုဗစ်နဲ့ အခြားရောဂါပိုးတွေကို ဖော်ထုတ်ခြင်းပါပဲ" လို့ ရွိုင်ယန် က ဆိုပါတယ်။

ရေဆိုးများအတွင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ် အကြွင်းအကျန်များကို ၂၀၂၀ ခုနှစ်မှာ ရှာဖွေတွေ့ရှိပြီးနောက်မှာ ရေဆိုးစွန့်ထုတ်သော နေရာများသို့ စောင့်ကြည့်စစ်ဆေး စမ်းသပ်မှုများ သိသိသာသာတိုးလာခဲ့ပါတယ်။

Damien
ဇန်နဝါရီ - ၁၆