【 နည်းပညာ 】 ဂိမ်းအသားပေး စမတ်ဖုန်းသစ်ကို မိတ်ဆက်သွားမယ့် Black Shark

【 နည်းပညာ 】 ဂိမ်းအသားပေး စမတ်ဖုန်းသစ်ကို မိတ်ဆက်သွားမယ့် Black Shark

Xiaomi ကုမ္ပဏီရဲ့ လက်အောက်ခံအမှတ်တံဆိပ် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Black Shark မှ လာမည့်ရက်ပိုင်းအတွင်းမှာ ဂိမ်းအသားပေး စမတ်ဖုန်းသစ်တစ်လုံးကို မိတ်ဆက်သွားဖို့ရှိတယ်လို့ သိရပါတယ်။
 
Black Shark 4 မျိုးဆက်ထဲကို ထပ်မံပေါင်းထည့်သွားမယ့် ဂိမ်းအသားပေး စမတ်ဖုန်းရဲ့ အမည်ကို Black Shark 4S လို့ အမည်ပေးထားတာဖြစ်ပါတယ်။
 
Black Shark 4S စွမ်းဆောင်ရည်အသေးစိတ်ကိုတော့ Black Shark ဘက်က ဖော်ပြခြင်းမရှိသေးပါဘူး။ဒါပေမယ့် တရုတ်လူမှုကွန်ယက် Weibo မှာ တင်ထားတဲ့ ပိုစတာပုံအရ စမတ်ဖုန်းရဲ့‌ နောက်ကျောဘက်မှာ အလျားလိုက်တပ်ဆင်ထားတဲ့ ကင်မရာ ၃ လုံးကို မြင်တွေ့ရပြီး၊ အဆိုပါ Black Shark 4S နဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံအချို့ကိုလည်း Black Shark ရဲ့ CEO မှ Weibo မှာ ဖော်ပြပေးခဲ့ပါတယ်။
 
တရုတ်လူမှုကွန်ယက် Weibo မှာ တင်ထားတဲ့ ပိုစတာပုံအရ Black Shark 4S ဂိမ်းအသားပေး စမတ်ဖုန်းအသစ်ကို အောက်တိုဘာ ၁၃ ရက်နေ့မှာ တရုတ်နိုင်ငံမှာပဲ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။
 
Black Shark 4S ဂိမ်းအသားပေး စမတ်ဖုန်းသစ်ရဲ့ စွမ်းဆောင်ရည်အပြည့်အစုံကို သိရဖို့တော့ ၃ ရက် စောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်။ ဂိမ်းအသားပေး စမတ်ဖုန်းတွေဟာ စွမ်း‌ဆောင်ရည်ကောင်းမွန်တဲ့အတွက် Black Shark 4S မှာလည်း ဘယ်လိုနည်းပညာသစ်တွေကို Black Shark မှ အဆင့်မြှင့်တင်ပေးထားဦးမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
 
Damien
အောက်တိုဘာ - ၁၀