【 နည်းပညာ 】 ဈေးသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ HP လက်ပ်တော့ကွန်ပျူတာ

【 နည်းပညာ 】 ဈေးသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ HP လက်ပ်တော့ကွန်ပျူတာ

အကယ်၍ သင်ဟာ ဗီဒီယိုတွေတည်းဖြတ်ဖို့၊ ဂိမ်းဆော့ဖို့နဲ့ အခြားသော စွမ်းဆောင်ရည်တွေကို အသုံးပြုဖို့ လက်ပ်တော့ကွန်ပျူတာတစ်လုံးကို ရှာဖွေနေတယ်ဆိုရင်‌ ဈေးနှုန်းသင့်တင့်ပြီး စွမ်း‌ဆောင်ရည်ကောင်းမွန်တဲ့ လက်ပ်တော့ကွန်ပျူတာတစ်လုံးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ကမ္ဘာကျော် လက်ပ်တော့ကွန်ပျူတာအမှတ်တံဆိပ် HP မှ ထုတ်လုပ်တဲ့ Envy x360 13 မော်ဒယ်လ် လက်ပ်တော့ကွန်ပျူတာဟာ စွမ်းဆောင်ရည်ကောင်းမွန်ပြီး ဈေးနှုန်းသက်သာတာကြောင့် လူကြိုက်များလျက်ရှိနေတာဖြစ်ပါတယ်။

HP Envy X360 13 လက်ပ်တော့ကွန်ပျူတာရဲ့ ကိုယ်ထည်တည်ဆောက်ပုံ၊ စွမ်းဆောင်ရည်နဲ့ ဘက်ထရီအားခံနိုင်ရည်တို့ဟာ အခြားသောအမှတ်တံဆိပ်တွေဖြစ်တဲ့ Acer, Lenovo, Samsung တို့ရဲ့ ‌အမေရိကန်ဒေါ်လာ ၈၀၀ တန် လက်ပ်တော့ကွန်ပျူတာတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ သိသိသာသာပဲ သာလွန်နေတာကို မြင်တွေ့ရပါတယ်။လက်ရှိမှာ HP Envy X360 13 လက်ပ်တော့ကွန်ပျူတာရဲ့‌ ဈေးနှုန်းဟာ ‌အမေရိကန်ဒေါ်လာ ၆၈၉ ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်။

HP Envy X360 13 လက်ပ်တော့ကွန်ပျူတာကို AMD ရဲ့ ‌Ryzen processor နဲ့ မောင်းနှင်ပေးထားပြီး၊ အလင်းအားကောင်းမွန်ကာ အရောင်အသွေးစုံလင်တဲ့ မျက်နှာပြင် အသုံးပြုသူကို သဘောကျနှစ်ခြိုက်စေမှာ သေချာပါတယ်။အသုံးပြုရာမှာ သွက်လက်မြန်ဆန်မှုနဲ့ တစ်နေ့တာ ဘက်ထရီအသုံးခံမှုက ဂိမ်းကစားရမှာလည်း မြန်ဆန်သွက်လက်နေမှာ အသေအချာပါပဲ။ကိုယ်ထည်ကို အဆင့်မြင့်မြင့်တည်ဆောင်ပေးထားပြီး လှပတဲ့ ဒီဇိုင်းသွင်ပြင်ဟာ ၎င်းရဲ့ဈေးနှုန်းထက် ပိုများတယ်လို့ ယူဆရမယ့်ပုံပါပဲ။

ဈေးနှုန်းသက်သာတာကြောင့် အပြစ်တင်ရမယ့် အချက်လေးတွေလည်းရှိနေပြီး မျက်နှာပြင် ၁၆:၉ အချိုးဖြစ်နေတာ၊ အထူးသဖြင့် Thunderbolt နဲ့ HDMI မပေါက်များ မပါဝင်တာကတော့ စိတ်တိုင်းမကျစရာပါပဲ။

သင်ဟာ ပေါ့ပေါ့ပါးပါး ဗီဒီယိုတွေတည်းဖြတ်မယ်၊ ဂိမ်းကစားမယ်ဆိုရင်တော့ HP Envy X360 13 လက်ပ်တော့ကွန်ပျူတာဟာ လတ်တလော ‌အမေရိကန်ဒေါ်လာ ၈၀၀ အောက်မှာ အရွေးချယ်သင့်ဆုံး မော်ဒယ်လ်ပဲဖြစ်ပါတယ်။

Damien
အောက်တိုဘာ - ၁၈