【 နည်းပညာ 】 တရုတ်မှာ ကျင်းပမယ့် Oppo Inno Day

【 နည်းပညာ 】 တရုတ်မှာ ကျင်းပမယ့် Oppo Inno Day

တရုတ်နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Oppo မှ ၎င်းရဲ့ နောက်ဆုံးပေါ် တီထွင်ဆန်းသစ်မှုများနဲ့ နည်းပညာသစ်များကို တင်ဆက်ပြသဖို့အတွက် မိတ်ဆက်ပြသပွဲကြီးတစ်ခုကို နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လေ့ရှိပါတယ်။
 
ယခုလည်း Oppo မှ ၎င်းရဲ့ မိတ်ဆက်ပြသပွဲကြီးဖြစ်တဲ့ Oppo Inno Day 2021 ကို ကျင်းပပြုလုပ်ဖို့အတွက် အချိန်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။
 
Oppo ကုမ္ပဏီမှာ ဒီဇင်ဘာ ၁၄ ရက်ကနေ ၁၅ ရက်နေ့အထိ တရုတ်နိုင်ငံ ရှန်ကျန်းမှာ နှစ်ရက်တာကျင်းပသွားမယ့် Oppo Inno Day 2021 ကို ကမ္ဘာတဝန်းမှ တက်ရောက်သူများဟာ ပထမဆုံးသော virtual Inno World ကို လေ့လာလည်ပတ်နိုင်မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
 
"ယခုကျင်းပမယ့် virtual event အွန်လိုင်းမိတ်ဆက်ပြသပွဲကြီးဟာ မကြာသေးမီနှစ်များအတွင်း အပြန်အလှန်အကျိုးအရှိဆုံး အွန်လိုင်းမိတ်ဆက်ပွဲများထဲက တစ်ခုဖြစ်ပါတယ်" လို့ Oppo ကုမ္ပဏီမှ ဂုဏ်ယူဝံ့ကြွားစွာ ပြောကြားခဲ့ပါတယ်။
 
ပထမဆုံး စတင်ကျင်းပခဲ့တဲ့ Oppo Inno Day 2019 မှာ AR စမတ်မျက်မှန်၊ 5G CPE နဲ့ စမတ်နာရီတစ်လုံးတို့ကို မြင်တွေ့ခဲ့ရပြီး၊ ယမန်နှစ် ၂၀၂၀ ခုနှစ်တုန်းကတော့ မျက်နှာပြင်ကို စမတ်ဖုန်းအတွင်း လိပ်သိမ်းထားနိုင်တဲ့ (rollable concept) နည်းပညာသစ်နဲ့ စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်ပြသခဲ့ပါတယ်။ယခု Oppo Inno Day 2021 မှာတော့ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ဆန်းသစ်တီထွင် ထုတ်ကုန်သစ်မိတ်ဆက်ပွဲ (innovative product launch) နဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာတော့ စွမ်းရည်မြင့် ထုတ်ကုန်သစ်မိတ်ဆက်ပွဲ (new flagship launch) ဟု နှစ်ရက်ခွဲခြား ကျင်းပသွားမှာဖြစ်ပါတယ်။
 
Oppo ရဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ကျင်းပမယ့် (new flagship launch) မှာတော့ Oppo ချစ်သူတွေအနေနဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေကို မြင်တွေ့ရဖွယ်ရှိနေပါတယ်။
 
Oppo Inno Day 2021 အခမ်းအနားကို အွန်လိုင်းကနေ ကျင်းပသွားမှာဖြစ်ပြီး၊ ပြပွဲခန်းမ အပြင်အဆင်အားလုံးကို လေ့လာကြည့်ရှုနိုင်မှာဖြစ်ကာ အခမ်းအနားတက်ရောက်ရန် စာရင်းပေးသွင်းနိုင်မှာဖြစ်ပြီး၊ ကမ္ဘာတဝန်းမှ လူတိုင်းပါဝင်လေ့လာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
 
Damien
ဒီဇင်ဘာ - ၅