【 နည်းပညာ 】 ဖိလစ်ပိုင်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးကြော်ငြာများကို Google ပိတ်ပင်မည်

【 နည်းပညာ 】 ဖိလစ်ပိုင်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးကြော်ငြာများကို Google ပိတ်ပင်မည်

လာမည့်နှစ် မေလတွင် ကျင်းပမည့် ဖိလစ်ပိုင်ရွေးကောက်ပွဲအတွင်း ၎င်းရဲ့ ပလက်ဖောင်းပေါ်တွင် နိုင်ငံရေးကြော်ငြာများကို ပိတ်ပင်သွားမည်‌ဖြစ်ကြောင်း Alphabet Inc ရဲ့ လက်အောက်ခံ Google မှ ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းဌာနမှ ဖော်ပြခဲ့ပါတယ်။

လက်ရှိ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးရဲ့ နေရာတွင် ဆက်ခံမည့် သမ္မတသစ်ကို ရွေးချယ်ရန် ဖိလစ်ပိုင်နိုင်ငံတွင် လာမည့်နှစ် မေလအတွင်း ရွေးကောက်ပွဲကျင်းပသွားမှာဖြစ်ပါတယ်။

နိုင်ငံရေးကြော်ငြာများကို ပိတ်ပင်သွားမယ့် Google ရဲ့ လုပ်ရပ်ဟာ ၂၀၂၀ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲကာလအတွင်း ဆိုရှယ်မီဒီယာပလက်ဖောင်းများရဲ့ နိုင်ငံရေးကြော်ငြာများကို ကိုင်တွယ်ခြင်းနဲ့ပတ်သက်ပြီး ဝေဖန်များရဲ့ ဖိအားများကြားမှ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။အမေရိကန် သမ္မတရွေးကောက်ပွဲကာလအတွင်း ဆိုရှယ်မီဒီယာကြီးတွေဟာ အပြင်းအထန် ဝေဖန်ခံခဲ့ရဝာာဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာပလက်ဖောင်းတွေဟာ အရှေ့တောင်အာရှနိုင်ငံများတွင် နိုင်ငံရေးတိုက်ပွဲများဖြစ်လာခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံသားများဟာ ဆိုရှယ်မီဒီယာများပေါ်တွင် အချိန်ကုန်ခံကာ ကမ္ဘာတစ်ဝှမ်း အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးမှရပ်တည်နေတယ်လို့ လေ့လာမှုများက ဖော်ပြလျက်ရှိနေပါတယ်။ရွေးကောက်ပွဲကျင်းပဖို့ နီးကပ်လာတာနဲ့အမျှ ဖိလစ်ပိုင်နိုင်ငံသားတွေဟာ ဆိုရှယ်မီဒီယာများပေါ်မှာ အချိန်ကုန်ခံကြပြီး မိမိတို့အားပေးသည့် သမ္မတလောင်းများ အနိုင်ရရှိရန်အတွက် လှုံ့ဆော်မှုများ ဆောင်ရွက်နေကြတာဖြစ်ပါတယ်။

Google ဘက်က နိုင်ငံရေးပါတီတစ်ခုခုကို မြှင့်တင်ခြင်း သို့မဟုတ် ဆန့်ကျင်ခြင်း၊ ရွေးကောက်ပွဲကြော်ငြာများကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှ မေလ ၉ ရက်နေ့အထိ ပိတ်ပင်ထားမည်ဟု ၎င်းရဲ့ နိုင်ငံရေးဆိုင်ရာ အကြောင်းအရာမူဝါဒတွင် ပြောကြားခဲ့ပါတယ်။

Google မှ နိုင်ငံရေးအကြောင်းအရာများကို ပိတ်ပင်ရန် သတ်မှတ်လိုက်တဲ့ ရက်စွဲများဟာ ဖိလစ်ပိုင်နိုင်ငံတွင် မဲဆွယ်စည်းရုံးရေးကာလမှ ရွေးကောက်ပွဲနေ့ရက်အထိဖြစ်ပါတယ်။

မူဝါဒပြင်ဆင်ချမှတ်မှုများနဲ့ပတ်သက်ပြီး ကြော်ငြာရှင်များထံသို့ အကြောင်းကြားချက်များ ပေးပို့မည်ဖြစ်ကြောင်း Google မှ ဆိုပါတယ်။

Google ရဲ့ နိုင်ငံရေးအကြောင်းအရာများကို ပိတ်ပင်မှုဟာ ပထမဆုံးမဟုတ်ဘဲ ၂၀၁၉ ခုနှစ် ဖက်ဒရယ်ရွေးကောက်ပွဲနှင့် ၂၀၂၀ ခုနှစ် စင်ကာပူရွေးကောက်ပွဲတို့ မတိုင်မီလည်း ၎င်းရဲ့ ပလက်ဖောင်းပေါ်တွင် နိုင်ငံရေးကြော်ငြာများကို ပိတ်ပင်ထားခဲ့ဖူးပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူများကတော့ Facebook ကဲ့သို့ ဆိုရှယ်မီဒီယာပလက်ဖောင်းများဟာ ဒူတာတေးရဲ့ ထောက်ခံမှုအခြေခံကို အားကောင်းအောင် ကူညီပေးခဲ့ပြီး ၂၀၁၆ ရွေးကောက်ပွဲမှာ အနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လက်ရှိ သမ္မတ ဒူတာတေး‌ ကို နောက်ထပ်သက်တမ်းဆက်လက်ရယူခွင့်မပြုဘဲ သမ္မတသစ်ရွေးချယ်မှာဖြစ်ပြီး၊ ဒူတာတေးဟာ အထက်လွှတ်တော်အမတ်နေရာကို ရယူသွားဖွယ်ရှိနေပါတယ်။

Damien
မနီလာ၊ ဒီဇင်ဘာ - ၁