【 နည်းပညာ 】 လူမှုကွန်ယက်ပေါ်က လွယ်လင့်တကူ မယုံကြည်သင့်တဲ့ သတင်းအမှားများ

【 နည်းပညာ 】 လူမှုကွန်ယက်ပေါ်က လွယ်လင့်တကူ မယုံကြည်သင့်တဲ့ သတင်းအမှားများ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ လူမှုကွန်ယက်တွေဟာ သတင်းအမှားတွေနဲ့ လူသတ်နေတယ်ဆိုပြီး ပြင်းပြင်းထန်ထန်ကိုပဲ ဝေဖန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ လူသုံးအများဆုံးဖြစ်နေတဲ့ Facebook လူမှုကွန်ယက်မှာတော့ သတင်းအမှား အချက်အလက်အမှားတွေဟာ လွယ်လင့်တကူ ပျံ့နှံ့နေတာကို မြင်တွေ့ရပါတယ်။

လူမှုကွန်ယက်ပေါ် သတင်းအမှားပျံ့နှံ့ပုံကတော့ လွယ်ကူလွန်းပြီး တစ်စုံတစ်ဦးတင်လိုက်တဲ့ သွေးဆူလွယ်သော သတင်းအမှားကို Facebook အသုံးပြုသူများ ထပ်ဆင့်မျှဝေကြရင်း လွယ်လင့်တကူ လူမှုကွန်ယက်ပေါ် ပျံ့နှံ့လာတာပဲဖြစ်ပါတယ်။ Facebook ကုမ္ပဏီအနေနဲ့လည်း ကမ္ဘာတဝန်း လူပေါင်းမြောက်မြားစွာ အသုံးပြုနေတဲ့ လူမှုကွန်ယက်ပလက်ဖောင်းကြီးကို ထိန်းချုပ်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။အသုံးပြုသူများဘက်က သတင်းအမှားများကို မြင်တွေ့မိတာနဲ့ မသိချင်ယောင်ဆောင် ကျော်ဖြတ်သွားတာမျိုး မလုပ်သင့်တဲ့ Facebook သို့ report တင်ပေးမှသာ Facebook ကုမ္ပဏီဘက်က အဆိုပါသတင်းအမှား‌ေတွကို သတိပြုမိပြီး ဖျက်ချတာမျိုးကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ Fake account လို့ ခေါ်တဲ့ အကောင့်အတုများပဲဖြစ်ပါတယ်။မိမိကိုယ်ပိုင်ဓာတ်ပုံကို Facebook လူမှုကွန်ယက်ပေါ်မှာမဖော်ပြပဲ ပုန်းလျှိုးကွယ်လျှိုး အသုံးပြုပြီး သတင်းအမှားတွေကို ဖြန့်ဝေကြလျက်ရှိနေပါတယ်။ယခုလိုကာလမျိုးမှာတော့ Fake account တွေဟာ ယခင်ကထက် ပိုများလာပြီး သတင်းအမှားများ ဆက်တိုက်တင်တာ၊ မဖော်ပြသင့် မဖော်ပြအပ်တဲ့ ဓာတ်ပုံတွေကို လူမှုကွန်ယက်မှာ ဖော်ပြတာမျိုးတွေလို လူ့ကျင့်ဝတ်စောင့်ထိန်းခြင်းမရှိတဲ့ လုပ်ရပ်တွေကို လူမှုကွန်ယက်ပေါ်မှာ လုပ်ဆောင်လာကြတာကို မြင်တွေ့ရပါတယ်။အဆိုပါအကောင့်များကို မြင်တွေ့မိပါကလည်း မမြင်ချင်ယောင်ဆောင်သွားတာမျိုး လုပ်သင့်ပဲ report တင်မှသာ Facebook က သတိပြုမိမှာဖြစ်ပါတယ်။ဒါ့အပြင် report တင်ခြင်းဟာ လူတစ်ဦးတစ်ယောက်လောက်နဲ့ မလုံလောက်ပဲ ကြိမ်ဖန်များစွာ report တင်မှသာ လူမှုကွန်ယက်မှ သတင်းအမှားများနဲ့ အကောင့်အတုများ ရှင်းလင်းသွားမှာဖြစ်ပါတယ်။

လူမှုကွန်ယက် အသုံးပြုသူများအားလုံး အသိ သတိဖြင့် ဆင်ခြင်ကာ အသုံးပြုရင်း သန့်ရှင်းတဲ့ လူမှုကွန်ယက်ပလက်ဖောင်းများဖြစ်စေဖို့ ဝိုင်းဝန်းကြိုးပမ်းသွားကြဖို့ လိုအပ်နေပြီလည်း ဖြစ်ပါတော့တယ်။

Damien
စက်တင်ဘာ - ၁၇