【 နည်းပညာ 】 အချက်အလက်များ ခိုးယူခံရခြင်းမှ ကာကွယ်ရန် Instagram ရဲ့ အသုံးဝင်တဲ့ setting ၃ ခု

【 နည်းပညာ 】 အချက်အလက်များ ခိုးယူခံရခြင်းမှ ကာကွယ်ရန် Instagram ရဲ့ အသုံးဝင်တဲ့ setting ၃ ခု

အချက်အလက်များကို ခိုးယူဖောက်ထွင်းခံရခြင်းမှ ကာကွယ်နိုင်ရန်အတွက် Instagram setting ၃ ခုကို ပြောင်းလဲရန် လိုအပ်ကြောင်း အရေးပေါ်သတိပေးချက်ကို ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

Instagram ဟာ ဓာတ်ပုံများတင်ရန်အတွက် ကမ္ဘာတဝန်း လူသုံးများတဲ့ လူမှုကွန်ယက်တစ်ခုလည်းဖြစ်ပါတယ်။

အရေးပေါ်သတိပေးချက်အရ Instagram ရဲ့ setting ၃ ခုကို ချက်ခြင်းပြောင်းလဲသွားရန် လိုအပ်မှာဖြစ်ပါတယ်။

မိမိရဲ့ Instagram account ကို private သို့ ပြောင်းလဲခြင်း

အဆိုပါ setting ကတော့ မိမိကို follow ထားခြင်းမရှိပဲ account ကို ဝင်ကြည့်နိုင်ခွင့်မရှိခြင်းဖြစ်ပါတယ်။မိမိတို့ရဲ့ account ကို private သို့ ပြောင်းလဲရန်အတွက် Instagram app ကိုဖွင့်ကာ profile သို့သွားပြီး ညာဘက်အပေါ်ထောင့်မှ မျဉ်းကြောင်းသုံးကြောင်းကိုနှိပ်ကာ Setting ကို ဝင်ရောက်ပြီး Privacy ကို ရွေးချယ်ကာ Account Privacy မှ "Private account" ကို ဖွင့်ပေးရမှာဖြစ်ပါတယ်။

two-factor authentication ကို အသုံးပြုခြင်း

Two-factor authentication ကို အသုံးပြုခြင်းအားဖြင့် မိမိတို့ရဲ့ Instagram account ကို ဖောက်ထွင်းဖို့ ခက်ခဲစေမှာဖြစ်ပါတယ်။ Instagram မှ two-factor authentication ဟာ လုံခြုံရေးစနစ်ဖြစ်ပြီး အဆိုပါစနစ်ဟာ သင့်ရဲ့ Instagram account နဲ့ လျှို့ဝှက်နံပါတ်ကို ကာကွယ်ပေးမယ်လို့ ရှင်းလင်းထားပါတယ်။ Two-factor authentication ကို Setting ကို နှိပ်ကာ Privacy ကို ဝင်ရောက်ပြီး "Two-factor authentication" ကို ရွေးချယ်ကာ ဖွင့်ရမှာဖြစ်ပါတယ်။

Instagram အချက်အလက်များကို ယူဆောင်သည့် third-party apps များကို ရပ်တန့်ခြင်း

နောက်ဆုံး ၃ ခုမြောက် setting ကတော့ Instagram အချက်အလက်တွေကို ယူဆောင်နေတဲ့ ဆော့ဖ်ဝဲလ်များကို ရပ်တန့်ခြင်းဖြစ်ပါတယ်။အဆိုပါ setting ကို လုပ်ဆောင်လိုရင်တော့ သင့်အနေနဲ့ desktop ကွန်ပျူတာ လိုအပ်မှာဖြစ်ပါတယ်။ Desktop ကွန်ပျူတာပေါ်တွင် Instagram ကို ဝင်ရောက်ကာ Profile ကိုဝင်‌ရောက်ပြီး စက်သွားပုံကိုနှိပ်ကာ "Apps and Websites" ကို ရှာဖွေပြီး "Revoke Access" ကို နှိပ်ကာ ဆော့ဖ်ဝဲလ်များ အချက်အလက်ရယူနေခြင်းကို ရပ်တန့်နိုင်မှာဖြစ်ပါတယ်။

Damien
အောက်တိုဘာ - ၁၁