【 နည်းပညာ 】 အဓိကအစိတ်အပိုင်းများ ပြတ်လပ်မှုကြောင့် iPhone 13 မော်ဒယ်လ်များ ပို့ဆောင်မှုကြန့်ကြာနေ

【 နည်းပညာ 】 အဓိကအစိတ်အပိုင်းများ ပြတ်လပ်မှုကြောင့် iPhone 13 မော်ဒယ်လ်များ ပို့ဆောင်မှုကြန့်ကြာနေ

Apple ကုမ္ပဏီဝက်ဘ်ဆိုက်ရဲ့ အဆိုအရ iPhone 13 မော်ဒယ်လ်များရဲ့ ကြိုတင်မှာယူမှုများကို နိုဝင်ဘာလ ၉ ရက်နေ့ မတိုင်မီအထိ ပို့ဆောင်ပေးနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။
 
အမေရိကန်နဲ့ ကနေဒါတို့မှာ ပစ္စည်းများရှားပါးလာပြီး၊ အစိတ်အပိုင်းများရှားပါးမှုနဲ့ ကုန်ကျစရိတ်မြင့်မားလာမှုတို့ကြောင့် ကမ္ဘာတဝန်းမှာရှိ စီးပွားရေးလုပ်ငန်းများမှာ ထိခိုက်ခဲ့ရပါတယ်။
 
Apple ကုမ္ပဏီမှ iPhone 13 မော်ဒယ်လ် ၄ မျိုးကို မိတ်ဆက်ပြီးနောက် ကြိုတင်မှာယူမှုများကို ပို့ဆောင်ရာမှာ နှောင့်နှေးမှုကြောင့် မှာယူသူများထံသို့ မရောက်ရှိနိုင်သေးကြောင်းကို ထုတ်ပြန်ခဲ့ပါတယ်။ယူကေမှာတော့ iPhone 13 မော်ဒယ်လ်တွေဟာ မှာယူသူများထံကို နိုဝင်ဘာ ၉ ရက်နေ့ မတိုင်မီအထိ ရောက်ရှိမှာမဟုတ်ဘူးလို့ Apple က ဆိုပါတယ်။
 
Apple ကုမ္ပဏီရဲ့ အကြီးအကဲ တင်မ် ကွက်ခ် (Tim Cook) ကတော့ စက်မှုလုပ်ငန်းများ ပြတ်လပ်မှုကြောင့် လာမည့်လများတွင်း iPhone ထုတ်လုပ်မှုများကို ထိခိုက်စေနိုင်ကြောင်း သတိပေးထားပါတယ်။
 
နောက်ဆုံးထွက် iPhone 13 မော်ဒယ်လ်များကို ဝယ်လိုအားမြင့်တက်နေမှုကြောင့်လည်း မှာယူသူတွေဟာ ယခင်ကထက် ပိုမိုကြာမြင့်စွာ စောင့်ဆိုင်းနေရတယ်လို့လည်း သတင်းတွေကဆိုပါတယ်။
 
ကမ္ဘာတဝန်း ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းနေပေမယ့်လည်း Apple ရဲ့ iPhone 13 မော်ဒယ်လ်တွေကတော့ ရောင်းအားကောင်းနေတယ်လို့ သိရပါတယ်။
 
iPhone 13 မော်ဒယ်လ်တွေထဲမှာ iPhone 13 Pro နဲ့ iPhone 13 Pro Max မော်ဒယ်လ်နှစ်မျိုးဟာ ကင်မရာစွမ်း‌ဆောင်ရည်နဲ့ ProMotion မျက်နှာပြင် နည်းပညာသစ်ကြောင့် ပိုမိုရောင်းအားကောင်းလျက်ရှိတယ်လို့ သိရပါတယ်။
 
Damien
အောက်တိုဘာ - ၈