【 နည်းပညာ 】 အလွယ်တကူ သယ်ဆောင်အသုံးပြုနိုင်မယ့် စွမ်းဆောင်ရည်မြင့် iPad mini 6

【 နည်းပညာ 】  အလွယ်တကူ သယ်ဆောင်အသုံးပြုနိုင်မယ့် စွမ်းဆောင်ရည်မြင့် iPad mini 6

Apple ရဲ့ iPad mini မျိုးဆက်သစ်နဲ့ပတ်သက်ပြီး သတင်းတွေထွက်ပေါ်နေခဲ့တာ အတော်ကြာနေခဲ့ပါပြီ။

ယခုတော့ Apple မှ iPad mini မျိုးဆက်သစ်ကို iPhone 13 series နဲ့အတူ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

iPad mini 6 ဟာ များစွာသော အဆင့်မြှင့်တင်မှုတွေနဲ့အတူ ပွဲထွက်လာခဲ့ပါပြီ။အသစ်ထွက်ရှိလာတဲ့ iPad mini 6 ရဲ့ မျက်နှာပြင်အရွယ်အစားဟာ ၈.၃ လက်မ အရွယ်အစားရှိပြီး၊ ယခင်ထွက်ရှိခဲ့တဲ့ iPad mini တွေဟာ ၇.၉ လက်မထက် မျက်နှာပြင်အရွယ်အစား ပိုမိုကြီးမားလာခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် iPad mini 5 အထိ ပါဝင်လာခဲ့တဲ့ လက်‌ဗွေစနစ်ပါဝင်တဲ့ Touch ID ခလုတ်ဟာ iPad mini 6 မှာ မပါဝင်တော့ပဲ လက်‌ဗွေစနစ်ကို ပါဝါခလုတ်မှာ ထည့်သွင်းပေးထားတာကိုလည်း မြင်တွေ့ရပါတယ်။

iPad mini 6 ကို Apple ရဲ့ နောက်ဆုံးထွက် A15 bionic chip နဲ့ မောင်းနှင်ပေးထားပြီး ယခင် iPad mini တွေထက် တွက်ချက်မှုအပိုင်းမှာ ၄၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်လာမှာဖြစ်သလို GPU performance ဟာလည်း ၈၀ ရာခိုင်နှုန်း ပိုကောင်းလာတယ်လို့ သိရပါတယ်။ဖုန်းဆင်းကဒ် ထည့်သွင်းအသုံးပြုနိုင်တဲ့ iPad mini 6 version မှာ 5G ကွန်ယက်ကို အဆင့်မြှင့်တင်ပေးလိုက်ပြီဖြစ်ပါတယ်။

iPad mini 6 ကို အရောင် ၄ ရောင် ထုတ်လုပ်ထားပြီး Space Gray, Pink, Purple နဲ့ Starlight တို့ပဲဖြစ်ပါတယ်။

အကယ်လို့ သင်ဟာ စွမ်းဆောင်ရည်ကောင်းမွန်ပြီး လွယ်လင့်တကူ သယ်ဆောင်အသုံးပြုနိုင်မယ့် တက်ဘလက်တစ်လုံးကို ရှာဖွေနေတယ်ဆိုရင်တော့ Apple ရဲ့ နောက်ဆုံးထွက် iPad mini 6 ဟာ အကောင်းဆုံးရွေးချယ်မှု ဖြစ်လာမှာ သေချာကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။

Damien
စက်တင်ဘာ - ၁၇