【 နည်းပညာ 】 Google မှ Pixel 6 series စမတ်ဖုန်းသစ်တွေကို ယခင်မော်ဒယ်လ်များထက် ပိုမိုတိုးမြှင့်ထုတ်လုပ်သွားမည်

【 နည်းပညာ 】 Google မှ Pixel 6 series စမတ်ဖုန်းသစ်တွေကို ယခင်မော်ဒယ်လ်များထက် ပိုမိုတိုးမြှင့်ထုတ်လုပ်သွားမည်

Google ကုမ္ပဏီကတော့ Pixel 6 series စမတ်ဖုန်းသစ်တွေကို မိတ်ဆက်လိုက်ပါပြီ။
 
Google ရဲ့ Pixel 6 series စမတ်ဖုန်းသစ်တွေမှာ Pixel 6 နဲ့ Pixel 6 Pro ဆိုပြီး စမတ်ဖုန်းမော်ဒယ်လ်နှစ်မျိုး ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။
 
Nikkei သတင်းဌာနရဲ့ ဖော်ပြမှုအရ Google ကုမ္ပဏီဘက်က Pixel 6 series စမတ်ဖုန်း‌‌မော်ဒယ်လ်သစ်ကို အလုံးရေ ၇ သန်းကျော်ခန့် ထုတ်လုပ်သွားဖွယ်ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ Google မှ ၎င်းထံသို့ ကုန်ကြမ်းထောက်ပံ့တဲ့ မိတ်ဖက်ကုမ္ပဏီများကိုလည်း Pixel 6 series အလုံးရေ ၇ သန်းကျော်ကို ထုတ်လုပ်သွားရန်ရှိတယ်လို့ ပြောကြားခဲ့ကြောင်း Nikkei သတင်းဌာနက ဖော်ပြခဲ့တာဖြစ်ပါတယ်။အဆိုပါပမာဏဟာ လွန်ခဲ့သောနှစ်က Pixel စမတ်ဖုန်းများ တင်ပို့မှုအရေအတွက်ရဲ့ နှစ်ဆဝန်းကျင် ပိုများလာတာဖြစ်ပါတယ်။
 
Pixel 6 series စမတ်ဖုန်းသစ်တွေဟာ Google ရဲ့ ကိုယ်ပိုင် Tensor chip နဲ့ ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။အဆိုပါ Tensor chip ကြောင့် Pixel 6 series ဟာ ယခင် Pixel 5 မော်ဒယ်လ်ထက် CPU performance ၈၀ ရာခိုင်နှုန်း ပိုမြန်လာမှာဖြစ်ပြီး၊  GPU performance ကတော့ ၃၇၀ ရာခိုင်နှုန်း ပိုမိုကောင်းမွန်လာမယ်လို့ သိရပါတယ်။
 
လတ်တလောမှာတော့ Pixel 6 series စမတ်ဖုန်းတွေဟာ ထင်မှတ်မထားတဲ့ ဈေးနှုန်း၊ ကင်မရာအာရုံခံကိရိယာသစ်‌တို့နဲ့ ပွဲထွက်လာခဲ့တာကြောင့် ရောင်းအားကောင်းမွန်လျက်ရှိနေပါတယ်။
 
Damien
အောက်တိုဘာ - ၂၀