【 နည်းပညာ 】 Pixel 6 series အောက်တိုဘာလမှာ ထွက်ရှိဖွယ်ရှိနေ

【 နည်းပညာ 】 Pixel 6 series အောက်တိုဘာလမှာ ထွက်ရှိဖွယ်ရှိနေ

Google ရဲ့ Pixel 6 series သတင်းသစ်တွေကတော့ ထွက်ပေါ်လာပါပြီ။

Google ရဲ့ Pixel 6 series ဟာ Pixel 6 နဲ့ Pixel 6 Pro စမတ်ဖုန်းမော်ဒယ်လ်နှစ်မျိုး ထွက်ရှိမှာဖြစ်ပြီး အောက်တိုဘာလမှာ ထွက်ရှိလာဖွယ်ရှိတယ်လို့ သတင်းများထွက်ပေါ်နေတာဖြစ်ပါတယ်။

ယခင်က ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်ပေါ်မှုအရတော့ Google ဟာ Pixel 6 series ကို စက်တင်ဘာ ၁၃ ရက်နေ့မှာ မိတ်ဆက်သွားဖွယ်ရှိကြောင်း သိရပါတယ်။အဆိုပါ စက်တင်ဘာ ၁၃ ရက်နေ့ဟာ Apple ကုမ္ပဏီရဲ့ iPhone သစ် မိတ်ဆက်ပွဲနဲ့ ရက်သတ္တပတ်တစ်ခုတည်း ကျရောက်နေတာဖြစ်ပြီး၊ Google အတွက် အခက်အခဲဖြစ်လာဖွယ်ရှိနေတာဖြစ်ပါတယ်။

ယခုသတင်းထွက်ပေါ်မှုအရတော့ စက်တင်ဘာ ၁၃ ရက်နေ့မှာ Google ကုမ္ပဏီဘက်က Pixel 6 series ကို မိတ်ဆက်သွားဖွယ်ရှိနေပြီး၊ အောက်တိုဘာ ၂၈ ရက်နေ့မှာတော့ စတင်ရောင်းချပေးသွားဖွယ်ရှိတယ်လို့ သိရပါတယ်။ကြိုတင်မှာယူမှုတွေကတော့ အောက်တိုဘာ ၁၉ ရက်နေ့မှာ စတင်မှာယူနိုင်ဖွယ်ရှိတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

Google ရဲ့ Pixel 6 series ကို Google ကိုယ်တိုင်ပြုပြင်ထားတဲ့ Tensor SoC နဲ့ မောင်းနှင်ပေးထားမှာဖြစ်ပြီး၊ 50MP အရည်အသွေးရှိ ကင်မရာအာရုံခံကိရိယာသစ် ပါဝင်လာမှာဖြစ်ပါတယ်။

Damien
စက်တင်ဘာ - ၁၂