ခေါက်ဆွဲခြောက်ထုပ်နဲ့ ကျန်းမာရေး

 
အသင့်စား ခေါက်ဆွဲခြောက်ကို instant noodleလို့ ခေါ်ပါတယ်။ တချို့က junk food အာဟာရမမြောက်တဲ့ အစားအစာအဖြစ် သတ်မှတ်ကြတယ်။ အသင့်စားခေါက်ဆွဲခြောက်ထုပ်တွေဟာ
ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတာ လူတော်တော်များများ သိကြပါတယ်။ ဒါပေမယ့် မဆင်ခြင်နိုင်ကြဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူ့မှာလည်း အားသာချက်များစွာရှိနေလို့ ဖြစ်ပါတယ်။
ခေါက်ဆွဲခြောက်တွေဟာ ဝယ်ရလွယ်ကူသလို ဈေးပေါတယ်။ အရသာရှိတယ်။ အသင့်စားသုံးနိုင်တယ်။ ချက်တတ်၊ပြုတ်တတ်ဖို့မလိုအပ်ဘူး။ ရေနွေးရှိရုံနဲ့ မိမိဘာသာလုပ်စားနိုင်တယ်။
အထူးသဖြင့် အချိန်မပေးနိုင်သူတွေအတွက် အဆင်ပြေတယ်။ အဆောင်နေကျောင်းသား၊ကျောင်းသူတွေအတွက် ခေါက်ဆွဲခြောက်နဲ့ တင်းတိမ်ရတဲ့ရက်တွေ ရှိတယ်။ ပိုက်ဆံပြတ်တဲ့အခါ
ခေါက်ဆွဲခြောက်နဲ့နှစ်ပါးသွားပြီး မနက်စာ၊နေ့လည်စာ၊ညစာ ပြီးရတယ်။ 
ကျွန်တော်တို့ နေ့စဉ်စားသုံးတဲ့အစားအစာထဲမှာ အာဟာရဓာတ်လုံလောက်မျှတဖို့ လိုအပ်ပါတယ်။ ကျန်းမာရေးအတွက် ကစီဓာတ်၊အဆီဓာတ်၊အသားဓာတ်၊ဗီတာမင်နဲ့ သတ္တုဓာတ်တွေ လုံလောက်စွာပါဝင်သင့်တယ်။
ခေါက်ဆွဲခြောက်တွေဟာ အဆင့်ဆင့် ပြုပြင်ပြောင်းလဲထားတာဖြစ်လို့ အာဟာရတန်ဖိုး နည်းပါးတယ်။ ခေါက်ဆွဲခြောက်ထုပ်မှာပါဝင်တာကို အချိုးချကြည့်ရင် ပရိုတင်း-၉ရာခိုင်နှုန်း၊အဆီဓာတ်-၃၆ရာခိုင်နှုန်း နဲ့
ကစီဓာတ်-၅၅ရာခိုင်နှုန်းစီ အသီးသီးပါဝင်တယ်။ ဒါ့ကြောင့် ခေါက်ဆွဲခြောက်ထုပ်တွေ နေ့စဉ်စားသုံးသူတဦးဟာ ဗီတာမင်၊သတ္တုဓာတ်နဲ့ ပရိုတင်းဓာတ် လုံလောက်မှုမရှိတော့ဘူး။ လက်တွေ့ကျကျပြောရရင်
ခေါက်ဆွဲစားခြင်းက ကျန်းမာရေးပြဿနာတရပ်မဟုတ်ပါဘူး။ ခေါက်ဆွဲခြောက်ကို ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ပစ္စည်းတွေကသာ ကျန်းမာရေးအတွက် အန္တရာယ် ဖြစ်စေတာပါ။ ခေါက်ဆွဲခြောက်မှာ
ဆိုးဆေးနဲ့ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် ကျန်းမာရေး အတွက် ကောင်းကျိုးမရှိဘူး။ ခေါက်ဆွဲခြောက်ထုပ်တွေမှာ အစိုဓာတ်ထိန်းပေးတဲ့ propylene glycol က နှလုံး၊အသည်းနဲ့ ကျောက်ကပ်ကို ထိခိုက်စေတယ်။
ဒီဓာတ်ကဘဲ ခုခံအားကို ကျဆင်းစေတယ်။ ခေါက်ဆွဲခြောက်ပြုလုပ်တဲ့အခါ ဂျုံ၊စားသုံးဆီနဲ့ ဆိုဒီယမ်ဆားဓာတ်တွေ ထည့်သွင်းရတယ်။ ဂျုံကို အခြောက်ခံထားတာဖြစ်လို့ အထဲမှာပါဝင်တဲ့ ဗီတာမင်ဘီဓာတ်တွေ ဆုံးရှုံးသွားတယ်။
ကြာရှည်ခံအောင် ဆိုဒီယမ်ဆားထည့်ပေးရတယ်။ ခေါက်ဆွဲခြောက်တထုပ်မှာ ပျမ်းမျှ ဆိုဒီယမ် တစ် ဂရမ် ပါဝင်တယ်။ တချို့ခေါက်ဆွဲခြောက်တွေမှာ ဆိုဒီယမ်ပမာဏ ပိုများတာ တွေ့ရတယ်။  လူတယောက်အတွက် နေ့စဉ် လိုအပ်တဲ့
ဆိုဒီယမ်ပမာဏက ၂.၃ဂရမ်ဖြစ်ပါတယ်။ ဆိုဒီယမ်များခြင်းကြောင့် နှလုံး၊ကျောက်ကပ်၊သွေးတိုးနဲ့ လေဖြတ်ခြင်းကို ဖြစ်စေနိုင်တယ်။ စားသုံးဆီလည်းပါဝင်လို့ နလုံးရောဂါနဲ့အဝလွန်ရောဂါကို ဖြစ်စေတယ်။ အရသာကောင်းမွန်စေဖို့ 
monosodium glutamate(MSG) ခေါ်တဲ့ ဟင်းချိုမှုန့်ထည့်သွင်းထားတယ်။ ဟင်းချိုမှုန့်က အနံ့အရသာပြည့်စုံစေသလို လူ့စိတ်ကို စွဲလန်းစေတယ်။ သွေးပေါင်တက်စေတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ဝန်ပျက်ကျနိုင်သလို
မိမိကလေးကိုလည်း ထိခိုက်စေတယ်။ ကလေးငယ်တွေ ဉာဏ်ရည်၊ဉာဏ်သွေးကျဆင်းစေပြီး ကြီးထွားဖွံ့ဖြိုးမှုကို နှောင့်နှေးစေတယ်။ ပန်းနာ၊ရင်ကျပ်အခံရှိရင် ပိုဆိုးဦးမယ်။ ဒါြ့ပင်အသင့်စားခွက်တွေမှာ ပါဝင်တဲ့ dioxinဓာတ်တမျိုးက 
ရေနွေးနဲ့ ဓာတ်ပြုတဲ့အခါ ကင်ဆာရောဂါ ဖြစ်စေတယ်။ ဒါ့ကြောင့် နေ့စဉ်ရက်ဆက် ခေါက်ဆွဲခြောက်စားသုံးသူတွေဟာ ရေရှည်မှာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးမဖြစ်ဘဲ ဆိုးကျိုးတွေသာ တွေ့ရတယ်။
 
Zawgyi font
 
ေခါက္ဆြဲေျခာက္ထုပ္နဲ႕ က်န္းမာေရး
 
အသင့္စား ေခါက္ဆြဲေျခာက္ကို instant noodleလို႕ ေခၚပါတယ္။ တခ်ိဳ႕က junk food အာဟာရမေျမာက္တဲ့ အစားအစာအျဖစ္ သတ္မွတ္ၾကတယ္။ အသင့္စားေခါက္ဆြဲေျခာက္ထုပ္ေတြဟာ
က်န္းမာေရးနဲ႕ မညီညြတ္ဘူးဆုိတာ လူေတာ္ေတာ္မ်ားမ်ား သိၾကပါတယ္။ ဒါေပမယ့္ မဆင္ျခင္နိုင္ၾကဘူး။ ဘာ့ေၾကာင့္လဲဆိုေတာ့ သူ႕မွာလည္း အားသာခ်က္မ်ားစြာရွိေနလို႕ ျဖစ္ပါတယ္။
ေခါက္ဆြဲေျခာက္ေတြဟာ ဝယ္ရလြယ္ကူသလို ေစ်းေပါတယ္။ အရသာရွိတယ္။ အသင့္စားသံုးနိုင္တယ္။ ခ်က္တတ္၊ျပဳတ္တတ္ဖို႕မလိုအပ္ဘူး။ ေရေႏြးရွိရံုနဲ႕ မိမိဘာသာလုပ္စားနိုင္တယ္။
အထူးသျဖင့္ အခ်ိန္မေပးနိုင္သူေတြအတြက္ အဆင္ေျပတယ္။ အေဆာင္ေနေက်ာင္းသား၊ေက်ာင္းသူေတြအတြက္ ေခါက္ဆြဲေျခာက္နဲ႕ တင္းတိမ္ရတဲ့ရက္ေတြ ရွိတယ္။ ပုိက္ဆံျပတ္တဲ့အခါ
 ေခါက္ဆြဲေျခာက္နဲ႕နွစ္ပါးသြားျပီး မနက္စာ၊ေန႕လည္စာ၊ညစာ ျပီးရတယ္။ 
ကၽြန္ေတာ္တို႕ ေန႕စဥ္စားသံုးတဲ့အစားအစာထဲမွာ အာဟာရဓာတ္လံုေလာက္မွ်တဖို႕ လိုအပ္ပါတယ္။ က်န္းမာေရးအတြက္ ကစီဓာတ္၊အဆီဓာတ္၊အသားဓာတ္၊ဗီတာမင္နဲ႕ သတၱဳဓာတ္ေတြ လံုေလာက္စြာပါဝင္သင့္တယ္။
ေခါက္ဆြဲေျခာက္ေတြဟာ အဆင့္ဆင့္ ျပဳျပင္ေျပာင္းလဲထားတာျဖစ္လို႕ အာဟာရတန္ဖိုး နည္းပါးတယ္။ ေခါက္ဆြဲေျခာက္ထုပ္မွာပါဝင္တာကို အခ်ိဳးခ်ၾကည့္ရင္ ပရိုတင္း-၉ရာခိုင္ႏႈန္း၊အဆီဓာတ္-၃၆ရာခိုင္ႏႈန္း နဲ႕
ကစီဓာတ္-၅၅ရာခိုင္ႏႈန္းစီ အသီးသီးပါဝင္တယ္။ ဒါ့ေၾကာင့္ ေခါက္ဆြဲေျခာက္ထုပ္ေတြ ေန႕စဥ္စားသံုးသူတဦးဟာ ဗီတာမင္၊သတၱဳဓာတ္နဲ႕ ပရိုတင္းဓာတ္ လံုေလာက္မႈမရွိေတာ့ဘူး။ လက္ေတြ႕က်က်ေျပာရရင္ ေခါက္ဆြဲစားျခင္းက
က်န္းမာေရးျပႆနာတရပ္မဟုတ္ပါဘူး။ ေခါက္ဆြဲေျခာက္ကို ၾကာရွည္ခံေအာင္ ျပဳလုပ္ထားတဲ့ပစၥည္းေတြကသာ က်န္းမာေရးအတြက္ အႏၲရာယ္ ျဖစ္ေစတာပါ။ ေခါက္ဆြဲေျခာက္မွာ ဆိုးေဆးနဲ႕ ဓာတုပစၥည္းေတြ ပါဝင္တာေၾကာင့္
က်န္းမာေရး အတြက္ ေကာင္းက်ိဳးမရွိဘူး။ ေခါက္ဆြဲေျခာက္ထုပ္ေတြမွာ အစိုဓာတ္ထိန္းေပးတဲ့ propylene glycol က နွလံုး၊အသည္းနဲ႕ ေက်ာက္ကပ္ကို ထိခိုက္ေစတယ္။ဒီဓာတ္ကဘဲ ခုခံအားကို က်ဆင္းေစတယ္။
ေခါက္ဆြဲေျခာက္ျပဳလုပ္တဲ့အခါ ဂ်ံဳ၊စားသံုးဆီနဲ႕ ဆိုဒီယမ္ဆားဓာတ္ေတြ ထည့္သြင္းရတယ္။ ဂ်ံဳကို အေျခာက္ခံထားတာျဖစ္လို႕ အထဲမွာပါဝင္တဲ့ ဗီတာမင္ဘီဓာတ္ေတြ ဆံုးရံႈးသြားတယ္။
ၾကာရွည္ခံေအာင္ ဆိုဒီယမ္ဆားထည့္ေပးရတယ္။ ေခါက္ဆြဲေျခာက္တထုပ္မွာ ပ်မ္းမွ် ဆိုဒီယမ္ တစ္ ဂရမ္ ပါဝင္တယ္။ တခ်ိဳ႕ေခါက္ဆြဲေျခာက္ေတြမွာ ဆိုဒီယမ္ပမာဏ ပိုမ်ားတာ ေတြ႕ရတယ္။ 
လူတေယာက္အတြက္ ေန႕စဥ္ လိုအပ္တဲ့ ဆိုဒီယမ္ပမာဏက ၂.၃ဂရမ္ျဖစ္ပါတယ္။ ဆိုဒီယမ္မ်ားျခင္းေၾကာင့္ နွလံုး၊ေက်ာက္ကပ္၊ေသြးတိုးနဲ႕ ေလျဖတ္ျခင္းကို ျဖစ္ေစနိုင္တယ္။ စားသံုးဆီလည္းပါဝင္လို႕
နလံုးေရာဂါနဲ႕အဝလြန္ေရာဂါကို ျဖစ္ေစတယ္။ အရသာေကာင္းမြန္ေစဖို႕  monosodium glutamate(MSG) ေခၚတဲ့ ဟင္းခ်ိဳမႈန္႕ထည့္သြင္းထားတယ္။ ဟင္းခ်ိဳမႈန္႕က အနံ႕အရသာျပည့္စံုေစသလို လူ႕စိတ္ကို စြဲလန္းေစတယ္။
ေသြးေပါင္တက္ေစတယ္။ ကိုယ္ဝန္ေဆာင္မိခင္ေတြ ကိုယ္ဝန္ပ်က္က်နိုင္သလို မိမိကေလးကိုလည္း ထိခိုက္ေစတယ္။ ကေလးငယ္ေတြ ဥာဏ္ရည္၊ဥာဏ္ေသြးက်ဆင္းေစျပီး ၾကီးထြားဖြံ႔ျဖိဳးမႈကို ေနွာင့္ေနွးေစတယ္။
ပန္းနာ၊ရင္က်ပ္အခံရွိရင္ ပိုဆိုးဦးမယ္။ ဒါျ့ပင္အသင့္စားခြက္ေတြမွာ ပါဝင္တဲ့ dioxinဓာတ္တမ်ိဳးက  ေရေႏြးနဲ႕ ဓာတ္ျပဳတဲ့အခါ ကင္ဆာေရာဂါ ျဖစ္ေစတယ္။ ဒါ့ေၾကာင့္ ေန႕စဥ္ရက္ဆက္ ေခါက္ဆြဲေျခာက္စားသံုးသူေတြဟာ
ေရရွည္မွာ ခႏၶာကိုယ္အတြက္ ေကာင္းက်ိဳးမျဖစ္ဘဲ ဆိုးက်ိဳးေတြသာ ေတြ႕ရတယ္။