ဆီးကျိတ်ကြီးခြင်းရောဂါ (BPH) အကြောင်း သိကောင်းစရာ

ဆီးကျိတ်ကို ဆေးပညာအရ Prostate gland လို့ခေါ်ပါတယ်။ သူဟာ sex organ လို့ခေါ်တဲ့ မျိုးပွားမှုနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

သူဟာ ဆီးအိမ်နဲ့ အူမကြီးအဆုံးပိုင်း နှစ်ခုကြားမှာရှိပြီး ဆီးပြွန်ကိုပတ်ထားပါတယ်။ ကျွန်တော်တို့အမျိုးသားတွေမှာ မွေးကတည်းက ပါလာတာပါ။

မွေးခါစမှာတော့ ပဲစေ့အရွယ်လောက်ပဲရှိပါတယ်။ အရွယ်မရောက်မီအချိန်အထိတော့ သိပ်မကြီးလာပါဘူး။ လူပျိုဝင်စ ၁၃-၁၄ နှစ် လောက်ရောက်မှ စကြီးလာတာပါ။

အသက် ၂၀ လောက်ရောက်ရင် လူကြီးတစ်ယောက်ရဲ့အရွယ်အစားကို ရောက်သွားပါတယ်။ ပြီးရင် ဆက်မကြီးတော့ပါဘူး။အသက် ၄၀ အထိ ဒီအတိုင်းပဲနေပါတယ်။

၄၀ နောက်ပိုင်းကျရင်တော့ နည်းနည်းချင်း ဆက်ကြီးလာတတ်ပါတယ်။ အချို့ကြီးတာမြန်ရင်တော့ BPH လို့ခေါ်ပါတယ်။အနေအထိုင် အစားအသောက်

(life style and diet) ပေါ်မူတည်ပြီး ကွာသွားတာဖြစ်ပါတယ်။ သူ့မှာ  အဓိက cells သုံးမျိုးနဲ့ ဖွဲ့စည်းထားပါတယ်။

၁။ Smooth muscle tissue လို့ခေါ်တဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ကြွက်သားတွေ

၂။ Glandular epithelial tissue လို့ခေါ်တဲ့ နို့ရည်လိုအရည်တွေ ပြုလုပ်ပေးနိုင်တဲ့ဂလင်းလေးတွေ

၃။ အပြင်ဆုံးကနေကာထားတဲ့ အမျှင်ထူတဲ့အခွံအိပ် (Dense fibrous capsule) ဆိုပြီးဖြစ်ပါတယ်။

သူ့ရဲ့အဓိကတာဝန်တွေကတော့ semen လို့ခေါ်တဲ့ သုတ်ရည်ကိုကျဲသွားအောင် ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။ ခုနကပြောတဲ့ ဂလင်းလေးတွေကနေ ထွက်လာတဲ့နို့ရည်လိုအရည်တွေကို

သူ့မှာရှိတဲ့ကြွက်သားတွေက ညှစ်လိုက်တဲ့အတွက် သုတ်ရည်ထဲကို ရောပါလာအောင် ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ကျွန်တော်တို့နေ့စဉ်သွားနေတဲ့ဆီးကို

ထုတ်လုပ်ပေးတာကတော့ ကျောက်ကပ်နှစ်ခုကပဲဖြစ်ပါတယ်။ ဆီးကျိတ်ကနေ ဆီးမထုတ်ပေးပါဘူး။သူ့အနေနဲ့က ဆီးလမ်းကြောင်းပေါ်မှာ ရှိနေတာပဲဖြစ်ပါတယ်။

်  ကျွန်တော်တို့လူတွေမှာ ယောက်ျားရယ်၊ မိန်းမရယ်လို့ ပီပီပြင်ပြင်ဖြစ်အောင် ထိန်းချုပ်ပေးတဲ့ ဟိုမုန်းဓာတ်တွေဟာ ခန္ဓာကိုယ်ထဲမှာရှိပါတယ်။

ဒါကို ဆေးပညာအရ sex homone လို့ခေါ်ပါတယ်။ 

အမျိုးသားတွေမှာ Testosterone နှင့် DHT လို့ခေါ်တဲ့ Dihydrotesterone (Testosterone ကို 5-Alpha Reductase ဆိုတဲ့ Enzyme

အကူအညီဖြင့်ပြောင်းလဲထားသော အဖိုဟိုမုန်းဓာတ်) အမျိုးသမီးတွေမှာတော့ Estrogen နဲ့ Progesterone လို့ခေါ်တဲ့ အမဟိုမုန်းတွေရှိပါတယ်။

ဒီလိုဟိုမုန်းတွေဟာ အရွယ်ရောက်ချိန်ကစလို့ ခန္ဓာကိုယ်ထဲမှာ လုံလောက်တဲ့ပမာဏ ပြည့်ပြည့်၀၀ရတဲ့အတွက် အမျိုးသား၊ အမျိုးသမီးရယ်လို့

ပီပီပြင်ပြင်ဖြစ်ပေါ်လာပြီး မျိုးဆက်ထိန်းသိမ်းဖို့ တာဝန်ထမ်းဆောင်ကြပါတယ်။ ဒါပေမယ့် အသက် ၄၀ ကျော်လာရင် ဒီ sex hormone

တွေဟာ အမျိုးသားမှာရော အမျိုးသမီးမှာပါ ကျဆင်းလာပါတယ်။ 

အသက်ကြီးလာလို့ Testosterone ထုတ်လုပ်မှုကျဆင်းလာရင်း အကျိုးဆက် (၂) ခု ဖြစ်ပါတယ်။

(၁) DHT အဖြစ် ပြောင်းတဲ့နှုန်းက ပိုများ၊ ပိုမြန်လာပါတယ်DHT ဟာ Testosterone ထက် ပိုများ၊ ပိုမြန်လာပါတယ်။DHT ဟာ Testosterone

ထက် ၅ ဆလောက် ပိုပြီးအစွမ်းထက်တာကြောင့် Testosterone အစားကို ဝင်ပြီးအလုပ်လုပ်ဖို့ ဖြစ်ပါတယ်။ 

(၂) ခန္ဓာကိုယ်အထဲမှာရှိတဲ့ Estrogen ရဲ့ activity (လုပ်ဆောင်မှု) ဟာ ပိုများလာပါတယ်။ဒီ Estrogen တွေဟာ DHT ကို ဆီးထဲကနေ မစွန့်ထုတ်နိုင်အောင် ဟန့်တားထားပါတယ်။

 

အကျိုးဆက်အနေနဲ့ DHT တွေဟာ သွေးထဲမှာများလာပါတယ်။ သူဟာ Prostate gland  ကို အကျိုးသက်ရောက်မှု (၃) ခု ဖြစ်စေပါတယ်။

(၁) Inflammation - ရောင်ရမ်းပြီး အကျိတ်ကိုကြီးစေပါတယ်။

(၂) Multiplication of fibroblast - ဆီးကျိတ်မှာရှိတဲ့ အမျှင်တွေပါတဲ့ cell တွေကို ပွားများစေပါတယ်။

(၃) Spasm of smooth muscle - ကြွက်သားတွေကိုတင်းပြီး ကျုံ့စေပါတယ်.. ဒီလိုနည်းနဲ့ ဆီးကျိတ်ဟာကြီးလာပြီး ဆီးလမ်းကြောင်းကို ပိတ်ဆို့ခြင်းဖြစ်ပါတယ်။

 

 ဆီးကျိတ်ကြီးလာရင် သူရဲ့အလယ်ကနေဖြတ်သွားတဲ့ ဆီးပြွန်ကိုဖိပါတယ်။အဲ့ဒီအခါမှာ ဆီးနဲ့ပတ်သတ်လို့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။ အဓိကအုပ်စု (၂) ခုခွဲထားပါတယ်။

 

(၁) Obstructive symptoms (ပိတ်ဆို့မှုကြောင့်ဖြစ်သောလက္ခဏာများ)

- ဆီးစပြီးသွားဖို့ ခက်ခဲခြင်း

- စသွားရင်လဲ ခါတိုင်းလိုတစ်ခါထဲ များများမသွားဘဲ နည်းနည်းနဲ့ အကြာကြီးသွားရတတ်ခြင်း

- ဆီးသွားလို့ပြီးသွားရင်လဲ ဆီးအိတ်ထဲမှာ ဆီးကျန်သလို ခံစားရခြင်း

 

(၂) Irritative symptoms (လှုံ့ဆော်မှုကြောင့်ဖြစ်သောလက္ခဏာများ)

- မကြာခဏ ဆီးသွားချင်စိတ်ဖြစ်ပြီး ဆီးခဏခဏသွားခြင်း

- ဆီးသွားချင်ပြီဆိုတာနဲ့ ခါတိုင်းလိုမအောင့်ထားနိုင်ဘဲ ချက်ချင်းသွားတတ်ခြင်း

- ဆီးသွားတဲ့အခါမှာ ဆီးပြွန်တစ်လျှောက် ကျင်တာတို့ နာတာတို့ ဖြစ်တတ်ခြင်း

အဲဒီလက္ခဏာတွေထဲက တစ်ခုခုဖြစ်ပြီဆိုရင်တော့ ဆီးကျိတ်ကြီးခြင်း ရောဂါဖြစ်နေပြီလို့ သတိပြုသင့်ပါတယ်။

 

ဆေးဝါးတွေကိုအုပ်စု (၂) ခု ခွဲထားပါတယ်။ Anti-androgen အုပ်စုနဲ့ Alpha-blocker အုပ်စုဆိုပြီး ဖြစ်ပါတယ်။ Anti-androgen အုပ်စုဆိုတာက

Testosterone ကနေ DHT ပြောင်းတာ နည်းသွားအောင် လုပ်တဲ့ဆေးတွေဖြစ်ပါတယ်။ (ဥပမာ Finasteride လိုဆေးမျိုးပေါ့ 5 Alpha-reductase inhibitor လို့လဲခေါ်ကြပါတယ်)

ဒီဆေးကိုပေးလိုက်ရင် DHT တွေလျော့သွားလို့ Prostate gland ရဲ့အရွယ်အစားလဲ ပြန်သေးသွားပါတယ်။  Prostate အရွယ်အစားကြီးလေလေ ပိုပြီးထိရောက်လေဖြစ်ပြီး

စပြီးဖြစ်ခါစဆိုရင်တော့ ထိရောက်မှုနည်းပါတယ်။ သောက်သောက်ချင်း အာနိသင်ချက်ချင်းမပြပါဘူး။ တဖြည်းဖြည်းချင်းသာပြပြီး ၆ လလောက်ကြာမှ သိသိသာသာ သက်သာတတ်ပါတယ်။

အချို့လူတွေမှာတော့ Response လုပ်ချင်မှလုပ်ပါတယ်။ အထူးသဖြင့် BPH ဟာ gland မှာရှိတဲ့ smooth muscle လို့ခေါ်တဲ့ ကြွက်သားတွေကြီးလို့

ဖြစ်တာဆိုရင်တော့ ဒီဆေးနဲ့မသက်သာနိုင်ပါဘူး။ ကြာကြာစွဲသောက်ရတဲ့ဆေးဖြစ်တာကြောင့် တချို့အမျိုးသားတွေမှာ ရင်သားတွေတင်းပြီး ထိရင်နာတာမျိုး ဖြစ်တတ်ပါတယ်။

အချို့လူနည်းစု (၅%လောက်) ကတော့ Impotence လို့ခေါ်တဲ့ ပန်းသေပန်းညှိုးဖြစ်တတ်ပါတယ်။ဒီလိုဖြစ်ရင် ဆရာဝန်နဲ့ ပြန်တိုင်ပင်သင့်ပါတယ်။ တခြားကြီးမားတဲ့ side effect တော့မရှိပါဘူး။

 

ဒုတိယအုပ်စုကိုတော့ Alpha-blocker လို့ခေါ်ပါတယ်။ သူကတော့ smooth muscle လို့ခေါ်တဲ့ ကြွက်သားလေးတွေကို တင်းနေရာကနေ လျော့သွားအောင် လျှော့ပေးတဲ့ဆေးဖြစ်ပါတယ်။

ဒီကြွက်သားလေးတွေတင်းလာရင် အတွင်းမှာရှိတဲ့ဆီးပြွန်ကို အပြင်ကနေ ညှစ်ထားသလိုဖြစ်တော့ ဆီးသွားရခက်တာပေါ့။ ဒီလိုလူမျိုးကို Alpha-blocker ပေးလိုက်ရင် သက်သာတာမြန်ပါတယ်။

ရက်ပိုင်းအတွင်း ဒါမှမဟုတ် တစ်ပတ်နှစ်ပတ်အတွင်း သက်သာနိုင်ပါတယ်။ ခုနကပြောခဲ့တဲ့ Finasteride မလုပ်နိုင်တဲ့အလုပ်ကို သူကလုပ်ပေးပါတယ်။

 အဓိက side effect ကတော့ သွေးကြောတွေကိုကျယ်စေတဲ့အတွက် ရုတ်တရက် BP (သွေးပေါင်) ကျသွားတတ်ခြင်းဖြစ်ပါတယ်။အထူးသဖြင့် အိပ်နေရာကနေ ရုတ်တရက်

ထိုင်လိုက်လို့ပဲဖြစ်ဖြစ်၊ ထိုင်နေရာကနေ ရုတ်တရက်ထလိုက်လို့ပဲဖြစ်ဖြစ်၊ ဦးနှောက်ကိုသွေးရောက်တာ ရုတ်တရက်နည်းသွားပြီး မိုက်ကနဲဖြစ်တာတို့၊ မူးသွားတာတို့ကအစ

ကြမ်းပြင်ပေါ်လဲကျတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါကိုရှောင်လွဲှနိုင်ဖို့အတွက် ဒီဆေးကို ညအိပ်ခါနီးသောက်တာ အကောင်းဆုံးဖြစ်ပါတယ်။

တခြား side effect အနေနဲ့ နှာခေါင်းမှာရှိတဲ့ သွေးကြောတွေပါ ကျယ်စေတဲ့အတွက် နှာခေါင်းပိတ်တာတို့၊ ကြွက်သားတွေလျော့နေလို့ ခြေလက်မသယ်ချင်ဖြစ်တာတို့၊

ဆီးကျိတ်ရဲ့ကြွက်သားတွေလျော့နေလို့ သုတ်ရည်လွှတ်တာ လျော့သွားတာ (ejaculation)တို့ ဖြစ်တတ်ပါတယ်။

!!!BPH အပြင် အဓိကအနေနဲ့ ဆီးကျိတ်ရောင်ခြင်း (Acute Prostitis) နဲ့ ဆီးကျိတ်ကင်ဆာ (Prostate cancer) တွေလဲ ဖြစ်နိုင်ပါသေးတယ်..

ဒါကတော့ သက်ဆိုင်ရာကျွမ်းကျင်သူဆရာဝန်နဲ့ ပြသပြီးမှ ဘာရောဂါလဲဆိုတာ တိတိကျကျ ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်

(zawgyi)

ဆီးက်ိတ္ႀကီးျခင္းေရာဂါ (BPH) အေၾကာင္း သိေကာင္းစရာ 

 

ဆီးကိ်တ္ကို ေဆးပညာအရ Prostate gland လို႔ေခၚပါတယ္။ သူဟာ sex organ လို႔ေခၚတဲ့ မ်ဳိးပြားမႈနဲ႔ဆိုင္တဲ့ အဖြဲ႕အစည္းတစ္ခုျဖစ္ပါတယ္။

သူဟာ ဆီးအိမ္နဲ႔ အူမႀကီးအဆံုးပိုင္း ႏွစ္ခုၾကားမွာ႐ွိၿပီး ဆီးျပြန္ကိုပတ္ထားပါတယ္။ ကၽြန္ေတာ္တို႔အမ်ဳိးသားေတြမွာ ေမြးကတည္းက ပါလာတာပါ

။ေမြးခါစမွာေတာ့ ပဲေစ့အ႐ြယ္ေလာက္ပဲ႐ွိပါတယ္။ အ႐ြယ္မေရာက္မီအခ်ိန္အထိေတာ့ သိပ္မႀကီးလာပါဘူး။ လူပ်ဳိ၀င္စ ၁၃-၁၄ ႏွစ္ ေလာက္ေရာက္မွ

စႀကီးလာတာပါ။အသက္ ၂၀ ေလာက္ေရာက္ရင္ လူႀကီးတစ္ေယာက္ရဲ႕အ႐ြယ္အစားကို ေရာက္သြားပါတယ္။ ၿပီးရင္ ဆက္မႀကီးေတာ့ပါဘူး။အသက္ ၄၀ အထိ

ဒီအတုိင္းပဲေနပါတယ္။ ၄၀ ေနာက္ပိုင္းက်ရင္ေတာ့ နည္းနည္းခ်င္း ဆက္ႀကီးလာတတ္ပါတယ္။ အခ်ဳိ႕ႀကီးတာျမန္ရင္ေတာ့ BPH လို႔ေခၚပါတယ္။

အေနအထိုင္ အစားအေသာက္ (life style and diet) ေပၚမူတည္ၿပီး ကြာသြားတာျဖစ္ပါတယ္။ သူ႔မွာ  အဓိက cells သံုးမ်ဳိးနဲ႔ ဖြဲ႕စည္းထားပါတယ္။

၁။ Smooth muscle tissue လို႔ေခၚတဲ့ က်ံဳ႕ႏိုင္ဆန္႔ႏိုင္တဲ့ၾကြက္သားေတြ

၂။ Glandular epithelial tissue လို႔ေခၚတဲ့ ႏို႔ရည္လိုအရည္ေတြ ျပဳလုပ္ေပးႏိုင္တဲ့ဂလင္းေလးေတြ

၃။ အျပင္ဆံုးကေနကာထားတဲ့ အမွ်င္ထူတဲ့အခြံအိပ္ (Dense fibrous capsule) ဆိုၿပီးျဖစ္ပါတယ္။

သူ႔ရဲ႕အဓိကတာ၀န္ေတြကေတာ့ semen လို႔ေခၚတဲ့ သုတ္ရည္ကိုက်ဲသြားေအာင္ ျပဳလုပ္ေပးျခင္းျဖစ္ပါတယ္။ ခုနကေျပာတဲ့ ဂလင္းေလးေတြကေန

ထြက္လာတဲ့ႏို႔ရည္လိုအရည္ေတြကို သူ႔မွာ႐ွိတဲ့ၾကြက္သားေတြက ညႇစ္လိုက္တဲ့အတြက္ သုတ္ရည္ထဲကို ေရာပါလာေအာင္ ေဆာင္႐ြက္ေပးျခင္းျဖစ္ပါတယ္။

ကၽြန္ေတာ္တို႔ေန႔စဥ္သြားေနတဲ့ဆီးကို ထုတ္လုပ္ေပးတာကေတာ့ ေက်ာက္ကပ္ႏွစ္ခုကပဲျဖစ္ပါတယ္။ ဆီးက်ိတ္ကေန ဆီးမထုတ္ေပးပါဘူး။သူ႔အေနနဲ႔က

ဆီးလမ္းေၾကာင္းေပၚမွာ ႐ွိေနတာပဲျဖစ္ပါတယ္။

္  ကၽြန္ေတာ္တို႔လူေတြမွာ ေယာက္်ားရယ္၊ မိန္းမရယ္လို႔ ပီပီျပင္ျပင္ျဖစ္ေအာင္ ထိန္းခ်ဳပ္ေပးတဲ့ ဟိုမုန္းဓာတ္ေတြဟာ ခႏၶာကုိယ္ထဲမွာ႐ွိပါတယ္။

ဒါကို ေဆးပညာအရ sex homone လို႔ေခၚပါတယ္။ 

အမ်ဳိးသားေတြမွာ Testosterone ႏွင့္ DHT လို႔ေခၚတဲ့ Dihydrotesterone (Testosterone ကို 5-Alpha Reductase ဆိုတဲ့ Enzyme အကူအညီျဖင့္ေျပာင္းလဲထားေသာ

အဖိုဟိုမုန္းဓာတ္) အမ်ဳိးသမီးေတြမွာေတာ့ Estrogen နဲ႔ Progesterone လို႔ေခၚတဲ့ အမဟိုမုန္းေတြ႐ွိပါတယ္။ဒီလိုဟိုမုန္းေတြဟာ အ႐ြယ္ေရာက္ခ်ိန္ကစလို႔ ခႏၶာကိုယ္ထဲမွ

ာ လံုေလာက္တဲ့ပမာဏ ျပည့္ျပည့္၀၀ရတဲ့အတြက္ အမ်ဳိးသား၊ အမ်ဳိးသမီးရယ္လို႔ ပီပီျပင္ျပင္ျဖစ္ေပၚလာၿပီး မ်ဳိးဆက္ထိန္းသိမ္းဖို႔ တာ၀န္ထမ္းေဆာင္ၾကပါတယ္။

ဒါေပမယ့္ အသက္ ၄၀ ေက်ာ္လာရင္ ဒီ sex hormone ေတြဟာ အမ်ဳိးသားမွာေရာ အမ်ဳိးသမီးမွာပါ က်ဆင္းလာပါတယ္။ 

အသက္ႀကီးလာလို႔ Testosterone ထုတ္လုပ္မႈက်ဆင္းလာရင္း အက်ဳိးဆက္ (၂) ခု ျဖစ္ပါတယ္။

(၁) DHT အျဖစ္ ေျပာင္းတဲ့ႏႈန္းက ပိုမ်ား၊ ပိုျမန္လာပါတယ္DHT ဟာ Testosterone ထက္ ပိုမ်ား၊ ပိုျမန္လာပါတယ္။DHT ဟာ Testosterone ထက္

၅ ဆေလာက္ ပိုၿပီးအစြမ္းထက္တာေၾကာင့္ Testosterone အစားကို ၀င္ၿပီးအလုပ္လုပ္ဖို႔ ျဖစ္ပါတယ္။ 

(၂) ခႏၶာကိုယ္အထဲမွာ႐ွိတဲ့ Estrogen ရဲ႕ activity (လုပ္ေဆာင္မႈ) ဟာ ပိုမ်ားလာပါတယ္။ဒီ Estrogen ေတြဟာ DHT ကုိ ဆီးထဲကေန မစြန္႔ထုတ္ႏိုင္ေအာင္ ဟန္႔တားထားပါတယ္။

 

အက်ဳိးဆက္အေနနဲ႔ DHT ေတြဟာ ေသြးထဲမွာမ်ားလာပါတယ္။ သူဟာ Prostate gland  ကို အက်ဳိးသက္ေရာက္မႈ (၃) ခု ျဖစ္ေစပါတယ္။

(၁) Inflammation - ေရာင္ရမ္းၿပီး အက်ိတ္ကိုႀကီးေစပါတယ္။

(၂) Multiplication of fibroblast - ဆီးက်ိတ္မွာ႐ွိတဲ့ အမွ်င္ေတြပါတဲ့ cell ေတြကို ပြားမ်ားေစပါတယ္။

(၃) Spasm of smooth muscle - ၾကြက္သားေတြကိုတင္းၿပီး က်ဳံ႕ေစပါတယ္.. ဒီလုိနည္းနဲ႔ ဆီးက်ိတ္ဟာႀကီးလာၿပီး ဆီးလမ္းေၾကာင္းကို ပိတ္ဆို႔ျခင္းျဖစ္ပါတယ္။

 

 ဆီးက်ိတ္ႀကီးလာရင္ သူရဲ႕အလယ္ကေနျဖတ္သြားတဲ့ ဆီးျပြန္ကိုဖိပါတယ္။အဲ့ဒီအခါမွာ ဆီးနဲ႔ပတ္သတ္လို႔ လကၡဏာေတြ ခံစားရတတ္ပါတယ္။ အဓိကအုပ္စု (၂) ခုခြဲထားပါတယ္။

 

(၁) Obstructive symptoms (ပိတ္ဆို႔မႈေၾကာင့္ျဖစ္ေသာလကၡဏာမ်ား)

- ဆီးစၿပီးသြားဖို႔ ခက္ခဲျခင္း

- စသြားရင္လဲ ခါတိုင္းလိုတစ္ခါထဲ မ်ားမ်ားမသြားဘဲ နည္းနည္းနဲ႔ အၾကာႀကီးသြားရတတ္ျခင္း

- ဆီးသြားလို႔ၿပီးသြားရင္လဲ ဆီးအိတ္ထဲမွာ ဆီးက်န္သလို ခံစားရျခင္း

 

(၂) Irritative symptoms (လႈံ႕ေဆာ္မႈေၾကာင့္ျဖစ္ေသာလကၡဏာမ်ား)

- မၾကာခဏ ဆီးသြားခ်င္စိတ္ျဖစ္ၿပီး ဆီးခဏခဏသြားျခင္း

- ဆီးသြားခ်င္ၿပီဆိုတာနဲ႔ ခါတိုင္းလိုမေအာင့္ထားႏိုင္ဘဲ ခ်က္ခ်င္းသြားတတ္ျခင္း

- ဆီးသြားတဲ့အခါမွာ ဆီးျပြန္တစ္ေလွ်ာက္ က်င္တာတို႔ နာတာတို႔ ျဖစ္တတ္ျခင္း

အဲဒီလကၡဏာေတြထဲက တစ္ခုခုျဖစ္ၿပီဆိုရင္ေတာ့ ဆီးက်ိတ္ႀကီးျခင္း ေရာဂါျဖစ္ေနၿပီလို႔ သတိျပဳသင့္ပါတယ္။

 

ေဆး၀ါးေတြကိုအုပ္စု (၂) ခု ခြဲထားပါတယ္။ Anti-androgen အုပ္စုနဲ႔ Alpha-blocker အုပ္စုဆိုၿပီး ျဖစ္ပါတယ္။ Anti-androgen အုပ္စုဆိုတာက

Testosterone ကေန DHT ေျပာင္းတာ နည္းသြားေအာင္ လုပ္တဲ့ေဆးေတြျဖစ္ပါတယ္။ (ဥပမာ Finasteride လိုေဆးမ်ဳိးေပါ့ 5 Alpha-reductase inhibitor

လို႔လဲေခၚၾကပါတယ္) ဒီေဆးကိုေပးလိုက္ရင္ DHT ေတြေလ်ာ့သြားလို႔ Prostate gland ရဲ႕အ႐ြယ္အစားလဲ ျပန္ေသးသြားပါတယ္။  Prostate

အ႐ြယ္အစားႀကီးေလေလ ပိုၿပီးထိေရာက္ေလျဖစ္ၿပီး စၿပီးျဖစ္ခါစဆိုရင္ေတာ့ ထိေရာက္မႈနည္းပါတယ္။ ေသာက္ေသာက္ခ်င္း အာနိသင္ခ်က္ခ်င္းမျပပါဘူး။

တျဖည္းျဖည္းခ်င္းသာျပၿပီး ၆ လေလာက္ၾကာမွ သိသိသာသာ သက္သာတတ္ပါတယ္။ အခ်ဳိ႕လူေတြမွာေတာ့ Response လုပ္ခ်င္မွလုပ္ပါတယ္။ အထူးသျဖင့္

BPH ဟာ gland မွာ႐ွိတဲ့ smooth muscle လို႔ေခၚတဲ့ ၾကြက္သားေတြႀကီးလို႔ ျဖစ္တာဆိုရင္ေတာ့ ဒီေဆးနဲ႔မသက္သာႏိုင္ပါဘူး။ ၾကာၾကာစြဲေသာက္ရတဲ့ေဆးျဖစ္တာေၾကာင့္

တခ်ဳိ႕အမ်ဳိးသားေတြမွာ ရင္သားေတြတင္းၿပီး ထိရင္နာတာမ်ဳိး ျဖစ္တတ္ပါတယ္။ အခ်ဳိ႕လူနည္းစု (၅%ေလာက္) ကေတာ့ Impotence လို႔ေခၚတဲ့ ပန္းေသပန္းညွိဳးျဖစ္တတ္ပါတယ္။

ဒီလိုျဖစ္ရင္ ဆရာ၀န္နဲ႔ ျပန္တိုင္ပင္သင့္ပါတယ္။ တျခားႀကီးမားတဲ့ side effect ေတာ့မ႐ွိပါဘူး။

 

ဒုတိယအုပ္စုကုိေတာ့ Alpha-blocker လို႔ေခၚပါတယ္။ သူကေတာ့ smooth muscle လို႔ေခၚတဲ့ ၾကြက္သားေလးေတြကို တင္းေနရာကေန ေလ်ာ့သြားေအာင္

ေလွ်ာ့ေပးတဲ့ေဆးျဖစ္ပါတယ္။ ဒီၾကြက္သားေလးေတြတင္းလာရင္ အတြင္းမွာ႐ွိတဲ့ဆီးျပြန္ကုိ အျပင္ကေန ညွစ္ထားသလိုျဖစ္ေတာ့ ဆီးသြားရခက္တာေပါ့။

ဒီလိုလူမ်ဳိးကို Alpha-blocker ေပးလိုက္ရင္ သက္သာတာျမန္ပါတယ္။ရက္ပိုင္းအတြင္း ဒါမွမဟုတ္ တစ္ပတ္ႏွစ္ပတ္အတြင္း သက္သာႏိုင္ပါတယ္။ ခုနကေျပာခဲ့တဲ့

Finasteride မလုပ္ႏိုင္တဲ့အလုပ္ကို သူကလုပ္ေပးပါတယ္။

 အဓိက side effect ကေတာ့ ေသြးေၾကာေတြကိုက်ယ္ေစတဲ့အတြက္ ႐ုတ္တရက္ BP (ေသြးေပါင္) က်သြားတတ္ျခင္းျဖစ္ပါတယ္။အထူးသျဖင့္ အိပ္ေနရာကေန

႐ုတ္တရက္ ထုိင္လိုက္လို႔ပဲျဖစ္ျဖစ္၊ ထိုင္ေနရာကေန ႐ုတ္တရက္ထလိုက္လို႔ပဲျဖစ္ျဖစ္၊ ဦးေႏွာက္ကိုေသြးေရာက္တာ ႐ုတ္တရက္နည္းသြားၿပီး မိုက္ကနဲျဖစ္တာတို႔၊

မူးသြားတာတို႔ကအစ ၾကမ္းျပင္ေပၚလဲက်တဲ့အထိ ျဖစ္တတ္ပါတယ္။ ဒါကိုေ႐ွာင္လဲႊႏိုင္ဖို႔အတြက္ ဒီေဆးကုိ ညအိပ္ခါနီးေသာက္တာ အေကာင္းဆံုးျဖစ္ပါတယ္။

တျခား side effect အေနနဲ႔ ႏွာေခါင္းမွာ႐ွိတဲ့ ေသြးေၾကာေတြပါ က်ယ္ေစတဲ့အတြက္ ႏွာေခါင္းပိတ္တာတို႔၊ ၾကြက္သားေတြေလ်ာ့ေနလို႔ ေျခလက္မသယ္ခ်င္ျဖစ္တာတို႔၊

ဆီးက်ိတ္ရဲ႕ၾကြက္သားေတြေလ်ာ့ေနလို႔ သုတ္ရည္လႊတ္တာ ေလ်ာ့သြားတာ (ejaculation)တို႔ ျဖစ္တတ္ပါတယ္။

!!!BPH အျပင္ အဓိကအေနနဲ႔ ဆီးက်ိတ္ေရာင္ျခင္း (Acute Prostitis) နဲ႔ ဆီးက်ိတ္ကင္ဆာ (Prostate cancer) ေတြလဲ ျဖစ္ႏိုင္ပါေသးတယ္.. ဒါကေတာ့

သက္ဆိုင္ရာကၽြမ္းက်င္သူဆရာ၀န္နဲ႔ ျပသၿပီးမွ ဘာေရာဂါလဲဆိုတာ တိတိက်က် ေဖာ္ထုတ္ႏိုင္မွာ ျဖစ္ပါတယ္