ထိပ်ကပ်နာ လို့ခေါ်တဲ့ sinusitis မဖြစ်အောင်ကာကွယ်နည်းလမ်းများ

 
 
ထိပ်ကပ်နာ ဆိုတာ နှာခေါင်းရိုးတဝိုက်၊မျက်ခုံးရိုးတဝိုက်၊ ပါးနှင့် မေးရိုးတဝိုက် အတွင်းမှာရှိနေတဲ့ လေအိတ်ငယ် လေးများ ပိုးဝင်ပြီး ယောင်ယမ်းခြင်းကို ဆိုလိုတာပါ။
 
ဒီရောဂါ မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ ???
 
(၁) ကိုယ်ခံအားကောင်းအောင် နေဖို့ လိုပါတယ်။ အိပ်ရေး မပျက်စေပါနှင့် ။ အာဟာရ ပြည့်ဝစွာ စားပါ။ လိုအပ်ပါက Vitamin C များသောက်ပေးပါ။ 
 
(၂) အအေးမခံပါနှင့်၊ နွေးနွေးထွေးထွေး နေပေးပါ။ 
 
(၃) ကိုယ်နဲ့ ဓာတ် မတည့်တဲ့ လှုံဆော်မှုများကိုရှောင်ပါ။ (ဥပမာ ပန်းဝတ်မှုန်၊ တိရစ္ဆာန်အမွေးများ၊ အလှကုန်ပစ္စည်းများ)
 
(၄) ဖုန်မှုန့်များ၊ ဆေးလိပ်ငွေ့များ၊ ကားမီးခိုးငွေ့များကို အချိန်ကြာကြာ ရှူ မိခြင်း က လေအိတ်များ ပိုမို ယောင်ယမ်းနိုင်လို့ ရှောင်နိုင်လျှင်ကောင်းပါတယ်။ (ဆေးလိပ်သောက်သူများဆေးလိပ်လုံးဝဖြတ်သင့်ပါတယ်)
 
(၅) ပိုးသတ်ဆေးများကို ဆရာဝန်ညွှန်ကြားတဲ့ အချိန်ကာလ အပြည့်သောက် ပေးရပါမယ်။ တစ်ရက်၊ နှစ်ရက်လောက် သောက်ပြီး သက်သာလို့ ဖြတ်လိုက်ရင် ပိုးကခဏဘဲ ငြိမ်သွားပြီး နောက်တကြိမ်မှာ ဆေးကို ယဉ်သွားတတ် ပါတယ်။
 
(၆) နှာခေါင်းကို ပြင်းထန်စွာ မညှစ်ပါနှင့်။ 
ရောဂါပိုးများကို Sinus ခေါ် လေအိတ် ထဲ ထိုးသွင်းသကဲ့သို့ ဖြစ်သွားတတ်ပါသည်။
 
(၇)ရေနွေးငွေ့ရှူ ပါ။ ရေနွေးငွေ့သည် လေထုကို စိုစွတ်အောင် ထိန်းထားနိုင်ပြီး 
အပူသည် ချွဲများကို ပျော်ဝင်နိုင်စေသည့်အတွက် နှာရည်များ လျင်မြန်စွာ ထွက်ကျလာနိုင်ပါသည်။
 
အထက်ပါ အချက်များအတိုင်း လိုက်နာနေထိုင်ရင်း ထိပ်ခတ်နာရောဂါ မဖြစ်ရလေအောင် ဂရုစိုက်နေထိုင်ကြပါရန် ကျန်းမာရေး
ဗဟုသုတ အနေဖြင့်ဖော်ပြလိုက်ရပါတယ်။
 
ကျန်းမာပျော်ရွှင်ကြပါစေ။
 
ဇီဝက ဆေး (၁)
ထိပ္ကပ္နာ လို႔ေခၚတဲ့ sinusitis မျဖစ္ေအာင္ကာကြယ္နည္းလမ္းမ်ား
 
ထိပ္ကပ္နာ ဆိုတာ ႏွာေခါင္းရိုးတ၀ိုက္၊မ်က္ခံုးရိုးတ၀ိုက္၊ ပါးႏွင့္ ေမးရိုးတ၀ိုက္ အတြင္းမွာရွိေနတဲ့ ေလအိတ္ငယ္ ေလးမ်ား ပိုးဝင္ၿပီး ေယာင္ယမ္းျခင္းကို ဆိုလိုတာပါ။
 
ဒီေရာဂါ မျဖစ္ေအာင္ ဘယ္လို ကာကြယ္မလဲ ???
 
(၁) ကိုယ္ခံအားေကာင္းေအာင္ ေနဖို႔ လိုပါတယ္။ အိပ္ေရး မပ်က္ေစပါႏွင့္ ။ အာဟာရ ျပည့္ဝစြာ စားပါ။ လိုအပ္ပါက Vitamin C မ်ားေသာက္ေပးပါ။ 
 
(၂) အေအးမခံပါႏွင့္၊ ေႏြးေႏြးေထြးေထြး ေနေပးပါ။ 
 
(၃) ကိုယ္နဲ႔ ဓာတ္ မတည့္တဲ့ လွံုေဆာ္မွုမ်ားကိုေရွာင္ပါ။ (ဥပမာ ပန္းဝတ္မႈန္၊ တိရစၧာန္အေမြးမ်ား၊ အလွကုန္ပစၥည္းမ်ား)
 
(၄) ဖုန္မႈန႔္မ်ား၊ ေဆးလိပ္ေငြ႕မ်ား၊ ကားမီးခိုးေငြ႕မ်ားကို အခ်ိန္ၾကာၾကာ ႐ွဴ မိျခင္း က ေလအိတ္မ်ား ပိုမို ေယာင္ယမ္းႏိုင္လို႔ ေရွာင္ႏိုင္လၽွင္ေကာင္းပါတယ္။ (ေဆးလိပ္ေသာက္သူမ်ားေဆးလိပ္လံုးဝျဖတ္သင့္ပါတယ္)
 
(၅) ပိုးသတ္ေဆးမ်ားကို ဆရာဝန္ညႊန္ၾကားတဲ့ အခ်ိန္ကာလ အျပည့္ေသာက္ ေပးရပါမယ္။ တစ္ရက္၊ ႏွစ္ရက္ေလာက္ ေသာက္ျပီး သက္သာလို႔ ျဖတ္လိုက္ရင္ ပိုးကခဏဘဲ ျငိမ္သြားျပီး ေနာက္တၾကိမ္မွာ ေဆးကို ယဥ္သြားတတ္ ပါတယ္။
 
(၆) ႏွာေခါင္းကို ျပင္းထန္စြာ မညႇစ္ပါႏွင့္္။ 
ေရာဂါပိုးမ်ားကို Sinus ေခၚ ေလအိတ္္ ထဲ ထိုးသြင္းသကဲ့သို႔ ျဖစ္သြားတတ္ပါသည္။
 
(၇)ေရေႏြးေငြ႕ရွဴ ပါ။ ေရေႏြးေငြ႕သည္ ေလထုကို စိုစြတ္ေအာင္ ထိန္းထားႏိုင္ၿပီး 
အပူသည္ ခြၽဲမ်ားကို ေပ်ာ္ဝင္ႏိုင္ေစသည့္အတြက္ ႏွာရည္မ်ား လ်င္ျမန္စြာ ထြက္က်လာႏိုင္ပါသည္။
 
အထက္ပါ အခ်က္မ်ားအတုိင္း လုိက္နာေနထုိင္ရင္း ထိပ္ခတ္နာေရာဂါ မျဖစ္ရေလေအာင္ ဂရုစိုက္ေနထုိင္ၾကပါရန္ က်န္းမာေရး
ဗဟုသုတ အေနျဖင့္ေဖာ္ျပလိုက္ရပါတယ္။
 
က်န္းမာေပ်ာ္ရႊင္ၾကပါေစ။
 
ဇီ၀က ေဆး (၁)