မနက်မိုးလင်းကော်ဖီသောက်ခြင်းဆိုးကျိုး

ကိုယ့်ရဲ့တစ်နေ့တာလှုပ်ရှားဆောင်ရွက်မှုတွေဟာ မနက်ခင်း အိပ်ရာနိုးနိုးခြင်းနဲ့ စတင်ပါတယ်။ ကျန်း မာရေး အတွက်သာမက ဘဝအောင်မြင်မှုအတွက်မလုပ်သင့်တာတွေကို လုပ်နေရင်းက လုပ်သင့်တာတွေကို
မလုပ်ဖြစ်တဲ့အခါ ကိုယ်ပဲ နစ်နာရတာပါ။ မနက်စောစောခန္ဓာကိုယ်မှာ လူကိုနိုးကြားစေတဲ့ ကော်တီဇောလို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုး အလိုလို ထွက်ရှိနေပြီးသားပါ။ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်ကြောင့် ခန္ဓာကိုယ်ရဲ့
ကော်တီဇောဟော်မုန်းထွက်ရှိမှု အနှောင့်အယှက်မဖြစ်ပါစေနဲ့။အိပ်ရာနိုးနိုးချင်း ကော်ဖီသောက်လိုက်ရင် ကော်တီဇောဟော်မုန်းတွေ ထွက်ရှိမှု နည်းသွားမှာ ဖြစ်ပါတယ်။ မနက်စောစော ဘာအစာမှမရှိဘဲ ကော်ဖီသောက်ခြင်းမပြုလုပ်သင့်ပါဘူး။
ဘာ ကြောင့် လဲဆိုတော့အစာမရှိတဲ့အတွက်အစာခံစေခြင်း၊အစာအိမ်အက်ဆစ်ထွက်မှုကိုများစေတဲ့အတွက် အစာအိမ်အချဉ်ပေါက်ခြင်း၊အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ဗိုက်ပွခြင်း၊ ရင်ပူခြင်း၊နေ့စဉ်သောက်ရင် အစာအိမ် ထိခိုက်စေပါတယ်။
ဒါ့ပြင် အူလမ်းကြောင်းက အာဟာရဓာတ်စုပ်ယူမှုကို တားဆီးစေပါတယ်။ဥပမာ သံဓာတ်၊ကယ်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ဇင့်ဓာတ်တို့ဖြစ်ပါတယ်။ကော်ဖီမှာ Cafestol နဲ့ Kahweol ပါဝင်နေတာကြောင့် LDL လို့ခေါ်တဲ့
ကျန်းမာရေးအတွက်မကောင်းတဲ့ ကိုလက်စထရောအဆီကိုမြင့်စေပါတယ်။ 
ကော်ဖီသောက်ခြင်းဟာ နှလုံးခုန်နှုန်းကိုမြန်စေတာကြောင့် နှလုံးရောဂါကိုပိုမို ဖြစ်စေနိုင်တဲ့အပြင် စိတ်ခံစားမှုနဲ့စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဇီဝဖြစ်ပျက်မှုကိုပြောင်းလဲစေပါတယ်။ ကော်ဖီစေ့ကို မီးပြင်းပြင်းနဲ့ ခပ်ကြာကြာလှော်မိရင်
Acrylamide ဆိုတဲ့ဓာတ်တမျိုးထွက်စေပါတယ်။ အဲ့ဒီဓာတ်ကကင်ဆာ ရောဂါ ကိုဖြစ်စေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကော်ဖီတနေ့ကိုတခွက်ထက်ပိုမသောက်သုံးသင့်ဘူးလို့ ဆိုထားပါတယ်။ ကော်ဖီထဲမှာ
ပါဝင်တဲ့ ကဖင်းဓါတ်ရဲ့ အဆိပ်အတောက်ဟာ သန္ဓေသားကို တိုက်ရိုက်သက်ရောက်တဲ့အခါမှာ သန္ဓေသားရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ တန်ဆေးလွန်ဘေးဆိုသလိုပေါ့ ဒါပေမဲ့မနက်စောစော အစာ မရှိဘဲကော်ဖီမသောက်တာအကောင်းဆုံးပါ။

(zawgyi)

မနက္မိုးလင္းေကာ္ဖီေသာက္ျခင္းဆိုးက်ိဳး 
ကိုယ့္ရဲ႕တစ္ေန႔တာလႈပ္္ရွားေဆာင္ရြက္မႈေတြဟာ မနက္ခင္း အိပ္ရာႏုိးႏုိးျခင္းနဲ႔ စတင္ပါတယ္။ က်န္း မာေရး အတြက္သာမက ဘဝေအာင္ျမင္မႈအတြက္မလုပ္သင့္တာေတြကို
လုပ္္ေနရင္းက လုပ္သင့္တာေတြကို မလုပ္ျဖစ္တဲ့အခါ ကိုယ္ပဲ နစ္နာရတာပါ။ မနက္ေစာေစာခႏၶာကိုယ္မွာ လူကိုႏုိုးၾကားေစတဲ့ ေကာ္တီေဇာလို႔ေခၚတဲ့ ေဟာ္မုန္းတစ္မ်ိဳး အလိုလို
ထြက္ရွိေနၿပီးသားပါ။ေကာ္ဖီမွာပါတဲ႔ ကဖင္းဓာတ္ေၾကာင့္ ကိုယ္ရဲ႕ ေကာ္တီေဇာေဟာ္မုန္းထြက္ရွိမႈ အေႏွာင့္အယွက္မျဖစ္ပါေစနဲ႔။အိပ္ရာႏိုးႏိုးခ်င္း ေကာ္ဖီေသာက္လိုက္ရင္
ေကာ္တီေဇာေဟာ္မုန္းေတြ ထြက္ရွိမႈ နည္းသြားမွာ ျဖစ္ပါတယ္။ မနက္ေစာေစာ ဘာအစာမွမ႐ွိဘဲ ေကာ္ဖီေသာက္ျခင္းမျပဳလုပ္သင့္ပါဘူး။ ဘာ ေၾကာင့္ လဲဆိုေတာ့အစာမရွိတဲ့အတြက္အစာခံေစျခင္း၊
အစာအိမ္အက္ဆစ္ထြက္မႈကိုမ်ားေစတဲ့အတြက္ အစာအိမ္အခ်ဥ္ေပါက္ျခင္း၊အစာမေၾကရင္ျပည့္ရင္ကယ္ျဖစ္ျခင္း၊ဗိုက္ပြျခင္း၊ ရင္ပူျခင္း၊ေန႔စဥ္ေသာက္ရင္ အစာအိမ္ ထိခိုက္ေစပါတယ္။
ဒါ့ျပင္ အူလမ္းေၾကာင္းက အာဟာရဓာတ္စုပ္ယူမႈကို တားဆီးေစပါတယ္။ဥပမာ သံဓာတ္၊ကယ္စီယမ္၊ မဂၢနီစီယမ္နဲ႔ဇင့္ဓာတ္တို႔ျဖစ္ပါတယ္။ေကာ္ဖီမွာ Cafestol နဲ႔ Kahweol ပါဝင္ေနတာေၾကာင့္
LDL လို႔ေခၚတဲ့ က်န္းမာေရးအတြက္မေကာင္းတဲ့ ကိုလက္စထေရာအဆီကိုျမင္႔ေစပါတယ္။ ေကာ္ဖီေသာက္ျခင္းဟာ ႏွလံုးခုန္ႏႈန္းကိုျမန္ေစတာေၾကာင့္ ႏွလံုးေရာဂါကိုပိုမို ျဖစ္ေစႏိုင္တဲ့အျပင္ 
စိတ္ခံစားမႈနဲ႔စိတ္ဖိစီးမႈကို ျဖစ္ေစတဲ့ ဇီဝျဖစ္ပ်က္မႈကိုေျပာင္းလဲေစပါတယ္။ ေကာ္ဖီေစ့ကို မီးျပင္းျပင္းနဲ႔ ခပ္ၾကာၾကာေလွာ္မိရင္ Acrylamide ဆိုတဲ့ဓာတ္တမ်ိဳးထြက္ေစပါတယ္။ အဲ့ဒီဓာတ္ကကင္ဆာ ေရာဂါ ကိုျဖစ္ေစပါတယ္။ 
ကိုယ္၀န္ေဆာင္မိခင္ေတြဟာ ေကာ္ဖီတေန႔ကိုတခြက္ထက္ပိုမေသာက္သံုးသင့္ဘူးလို႔ ဆိုထားပါတယ္။ ေကာ္ဖီထဲမွာ ပါ၀င္တဲ့ ကဖင္းဓါတ္ရဲ႕ အဆိပ္အေတာက္ဟာ သေႏၶသားကို တိုက္ရိုက္သက္ေရာက္တဲ့အခါမွာ
သေႏၶသားရဲ႕ က်န္းမာေရးကို ထိခိုက္ေစပါတယ္။ တန္ေဆးလြန္ေဘးဆိုသလိုေပါ႔ ဒါေပမဲ့မနက္ေစာေစာ အစာ မရွိဘဲေကာ္ဖီမေသာက္တာအေကာင္းဆံုးပါ။