လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ လောက်ကတည်းကချင်း (ဂျင်း)ကို အိန္ဒိယနိုင်ငံ မှာစိုက်ပျိုးထုတ်လုပ်သုံးစွဲနေကြတယ်လို့ သိရပါတယ်။
ဒီနေ့ဆိုရင်တော့ ချင်း (ဂျင်း) ဟာ ပူအိုက်စွတ်စိုတဲ့ ရာသီဥတုရှိတဲ့နိုင်ငံတိုင်းမှာ စိုက်ပျိုးထုတ်လုပ်ပြီး ကမ္ဘာ့နိုင်ငံတိုင်းလိုလိုမှာ
အသုံးပြုနေတဲ့ ဟင်းခပ်အမွှေးအကြိုင်တစ်ခု ဖြစ်နေပါပြီ။ မြန်မာနိုင်ငံအနေနဲ့ကြည့်ရင်လည်း ဟိုရှေးမြန်မာဘုရင်တွေ လက်ထက်ကတည်းက
အသုံးပြုနေကြလိမ့်မယ်လို့ ခန့်မှန်းလို့ရပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ရိုးရာတိုင်းရင်းဆေးပညာဖြစ်တဲ့ အာယုဗေဒ (Ayurvedic medicine) မှာ စတင်သုံးခဲ့တာ ဒီနေ့အထိ တွင်တွင်ကျယ်ကျယ်
အသုံးပြုနေဆဲဖြစ်ပါတယ်။
အဓိကအသုံးပြုနေတဲ့ရောဂါတွေကတော့
(၁) အစာမကြေ (indigestion) ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ လေထိုးလေအောင့်၊ ပျို့ချင်အန်ချင်တဲ့အခါမှာ ထိရောက်စွာသက်သာပျောက်ကင်းစေခြင်း။
* လိုတာထက်ပိုစားရင်တော့ အစာအိမ်အချဉ်ရေထွက်တာ များစေတဲ့အတွက် ရင်ပူတတ် (Heart burn) ပါတယ်။အစာအိမ်ရောင်တဲ့အခြေအနေနဲ့
အစာအိမ်မှာ အနာပေါက်တဲ့အခြေအနေမျိုးတွေမှာ လုံးဝမစားသင့်ပါ။*
(၂) အအေးမိ၊ နှာစေးချောင်းဆိုး၊ တုတ်ကွေးရောဂါတွေ ကိုလဲသက်သာစေခြင်း
(၃)circulation (ခ) ကိုယ်ခန္ဓာသွေးလည်ပတ်ခြင်းကို
ကောင်းမွန်စေခြင်း
(၄) Motion sickness လို့ခေါ်တဲ့ ကားစီး၊
လေယာဉ်ပျံစီး၊သင်္ဘောစီးရင်မူးတာတွေကို သိသိသာသာ သက်သာပျောက်ကင်းစေခြင်း
(၅)အမျိုးသမီးတွေမှာ ဓမ္မတာမမှန်တာတို့၊ ဓမ္မာတာလာစဉ် ကိုက်ခဲတာတို့ကို သက်သာပျောက်ကင်းစေခြင်း
(၆) ခေါင်းကိုက်တာ၊ ကိုယ်လက်ကိုက်တာ၊ အဆစ်အမြစ်ကိုက်တာတွေပါ သက်သာစေခြင်း(Pain killing effect )
(၇)အမျိုးသားတွေအနေနဲ့ sex tonic အဖြစ်အသုံးပြုနိုင်ခြင်း
*အကြုံပြုချက်*
ရေသန့်သန့်လေးနဲ့ဆေးပြီး ပါးပါးလှီး အစိမ်းအတိုင်းဝါးစားတာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အပူနဲ့တွေ့ရင် ဂျင်းမှာပါတဲ့ gingerol တွေဟာ
zingerone အဖြစ်ပြောင်းကုန်လို့ အာနိသင်လျော့သွားပါတယ်။ဆိုလိုတာက ဟင်းချက်စားရင် ဆေးဖက်ဝင်တဲ့အာနိသင် မရနိုင်ပါဘူး။
ကျန်းမာပျော်ရွှင်ကြပါစေ။
ဇီဝက ဆေး (၁)
မီးဖိုချောင်သုံးဂျင်းနှင့်ကျန်းမာရေး ကောင်းကျိုး
*အကြုံပြုချက်*
ဇီဝက ဆေး (၁)