ရင်ဘတ်အောင့်ခြင်းနှင့် နှလုံးသွေးကြောကျဉ်းရောဂါ အကြောင်းသိကောင်းစရာ

ရင်ဘတ်အောင့်ခြင်းနှင့် နှလုံးသွေးကြောကျဉ်းရောဂါ အကြောင်းသိကောင်းစရာ

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရင်ဘတ်အောင့်ပြီး နှလုံးခုန်ရုတ်တရက် ရပ်သေဆုံးခြင်း (heart attack) ကို ကြားဖူးကြမှာပါ။
နှလုံးဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သွေးပမာဏကို နေ့စဉ် မရပ်မနား စည်းချက်မှန်မှန် ညှစ်ထုတ်ပေးနေရသည့် အလွန်အရေးကြီးသည့် အဂါၤတခုဖြစ်သည်။
နှလုံးပုံမှန် အလုပ်လုပ်နိုင်ဖို့ နှလုံးကြွက်သားအတွက် အောက်စီဂျင်နဲ့ အာဟာရကို နှလုံးသွေးကြောတွေက အထောက်အပံ့ပေးရတယ်။ထို နှလုံးသွေးကြော
နံရံမှာ အဆီတွေစုပုံလာကာ ကျဉ်းမြောင်းလာပြီး နှလုံးကြွက်သားအတွက် လိုအပ်တဲ့
အောက်စီဂျင်နဲ့ အာဟာရ လုံလောက်အောင်မပေးနိုင်သောကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ (IHD) ဖြစ်လာရပါတယ်။
 
နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်စေသော အဓိကအကြောင်းရင်းများ -
၁)ဆေးလိပ်သောက်ခြင်း
၂)သွေးတိုးရောဂါ ရှိသူ
၃)ဆီးချိုရောဂါရှိသူများ 
၄)သွေးတွင်းအဆီဓါတ်များခြင်း
၅)အဝလွန်ခြင်း 
၆)ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း တို့ဖြစ်သည်။
 
နှလုံးသွေးကြောကျဉ်းခြင်းရဲ့ အဓိက လက္ခဏာကတော့ ရင်ဘတ်အောင့်ခြင်းဖြစ်တယ်။အခြားသော ရင်ဘတ်အောင့်ရခြင်း အကြောင်းရင်းများနဲ့မတူဘဲ
ရင်ဘတ်အလယ်တည့်တည့်မှာ ဆွဲညှစ်ထားသလို ခံစားရခြင်း ၊
လက်မောင်း ပုခုံး မေးစေ့ လည်ပင်းနဲ့ 
နောက်ကျောအထိ ပျံ့နှံ့အောင့်ခြင်း တို့ဖြစ်တယ်။ စက္ကန့် ၃၀မှ ၅မိနစ်အထိ ကြာတတ်သည်။မောခြင်း၊မူးဝေခြင်း၊ပျို့အန်ခြင်း၊ချွေးစေးပြန်ခြင်း တို့နှင့်လည်း တွဲတတ်သည်။
 
နှလုံးသွေးကြောကျဉ်းခြင်းကြောင့် 
 ရင်ဘတ်အောင့်ခြင်းနှစ်မျိုးရှိတယ်။
၁.Stable Angina
လှုပ်ရှားရင် ရင်ဘတ်အောင့်တတ်ပြီး အနားယူလိုက်ရင် သက်သာသွားတဲ့ အမျိုးအစားဖြစ်သည်။
၂.Unstable Angina
အနားယူလိုက်ရင် မသက်သာပဲ အချိန်အတော်ကြာတဲ့ထိ အောင့်တတ်ပါတယ်။နှလုံးသွေးကြောပိတ်၍ နှလုံးကြွက်သားပုပ်ခြင်း (Myocardial infarct) ဖြစ်နိုင်ချေ risk များသည်။
 
် စစ်ဆေးနိုင်တဲ့အဓိကစမ်းသပ်မှုများကတော့
(၁) ECG
(၂) Threadmill Stress test (Exercise ECG) - ပြေးစက်ပေါ်ပြေးခိုင်းပြီး နှလုံးရဲ့အမောခံနိုင်မှုကိုစမ်းခြင်း
(၃) Echocardiogram - အသံလှိုင်းအသုံးပြုပြီးနှလုံးရဲ့ပုံရိပ်ကိုဖမ်းယူကြည့်ရှူခြင်း
(၄) CT Angiogram - နှလုံးကိုကွန်ပြူတာဓာတ်မှန်ပုံရိပ်ရိုက်ကူးခြင်း
(၅) Coronary Angiography - နှလုံးသွေးကြောဓာတ်မှန်ရိုက်ခြင်း
(၆) Nuclear Perfusion Scan
 
ကုသမှုအနေနဲ့ 
၁)ရင်ဘတ်အောင့်တာ သက်သာစေတဲ့ လျှာအောက်ငုံဆေး(nitrol) 
၂)Aspirin, Clopidogrel, Warfarin စတဲ့
သွေးကျဲဆေးများ
၃)သွေးကြောကျယ်စေပြီးသွေးဖိအားကျဆေးများ ACEI,CCB
၄)Beta blockers နှလုံးခုန်နှေးဆေး
၅)Cholesterol-lowering medications 
ကိုလက်စထောကျဆေး
 
အထက်ပါ နည်းလမ်းများနှင့် မသက်သာပဲလိုအပ်ပါက 
၁)Angioplasty and stenting ကျဉ်းနေတဲ့သွေးလွှတ်ကြောထဲမှာ သေးငယ်တဲ့ ပိုက်ငယ်လေးထည့်ထားခြင်း၊
၂)Coronary artery bypass surgery ခွဲစိတ်ပြီးနှလုံးသွေးကြောဖြတ်ဆက်ကုသခြင်းများပြုလုပ်နိုင်ပါတယ်။
 
ကာကွယ်နည်းများ
၁.ဆေးလိပ်ဖြတ်ပါ
၂.ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ပါ
၃.အဆီများသော အစားအသောက်များရှောင်ကြဉ်ပါ
၄.ဆီးချို နှင့် သွေးတိုးရောဂါကို စနစ်တကျ ဆေးကုသမှုခံယူပါ
၅.စိတ်ဖိစီးမှု လျော့နည်းအောင်နေပါ
 
ကျန်းမာပျော်ရွှင်ကြပါစေ။
 
ဇီ၀က ေဆး(၁)
 
ရင္ဘတ္ေအာင့္ျခင္းနွင့္ နွလံုးေသြးေျကာက်ဥ္းေရာဂါ အေျကာင္းသိေကာင္းစရာ
 
က်ြန္ေတာ္တို့ ပတ္ဝန္းက်င္မွာ ရင္ဘတ္ေအာင့္ျပီး နွလံုးခုန္ရုတ္တရက္ ရပ္ေသဆံုးျခင္း (heart attack) ကို ျကားဖူးျကမွာပါ။
နွလံုးဟာ ခႏၶာကိုယ္အတြက္ လိုအပ္တဲ႔ ေသြးပမာဏကို ေန့စဥ္ မရပ္မနား စည္းခ်က္မွန္မွန္ ညွစ္ထုတ္ေပးေနရသည့္ အလြန္အေရးျကီးသည့္ အဂါၤတခုျဖစ္သည္။
နွလံုးပံုမွန္ အလုပ္လုပ္နိုင္ဖို့ နွလံုးျကြက္သားအတြက္ ေအာက္စီဂ်င္နဲ႕ အာဟာရကို နွလံုးေသြးေျကာေတြက အေထာက္အပံ႔ေပးရတယ္။ထို နွလံုးေသြးေျကာ
နံရံမွာ အဆီေတြစုပံုလာကာ က်ဥ္းေျမာင္းလာၿပီး နွလံုးျကြက္သားအတြက္ လိုအပ္တဲ့
ေအာက္စီဂ်င္နဲ႕ အာဟာရ လံုေလာက္ေအာင္မေပးနိုင္ေသာေျကာင့္ နွလံုးေသြးေျကာက်ဥ္းေရာဂါ (IHD) ျဖစ္လာရပါတယ္။
 
နွလံုးေသြးေျကာက်ဥ္းေရာဂါ ျဖစ္ေစေသာ အဓိကအေျကာင္းရင္းမ်ား -
၁)ေဆးလိပ္ေသာက္ျခင္း
၂)ေသြးတိုးေရာဂါ ႐ွိသူ
၃)ဆီးခ်ိဳေရာဂါရွိသူမ်ား 
၄)ေသြးတြင္းအဆီဓါတ္မ်ားျခင္း
၅)အဝလြန္ျခင္း 
၆)ကိုယ္လက္လႈပ္ရွားမႈနည္းျခင္း တို့ျဖစ္သည္။
 
နွလံုးေသြးေျကာက်ဥ္းျခင္းရဲ႕ အဓိက လကၡဏာကေတာ့ ရင္ဘတ္ေအာင့္ျခင္းျဖစ္တယ္။အျခားေသာ ရင္ဘတ္ေအာင့္ရျခင္း အေျကာင္းရင္းမ်ားနဲ႕မတူဘဲ
ရင္ဘတ္အလယ္တည့္တည့္မွာ ဆြဲညွစ္ထားသလို ခံစားရျခင္း ၊
လက္ေမာင္း ပုခံုး ေမးေစ့ လည္ပင္းနဲ႕ 
ေနာက္ေက်ာအထိ ပ်ံ႕ႏွံ႕ေအာင့္ျခင္း တို့ျဖစ္တယ္။ စကၠန့္ ၃၀မွ ၅မိနစ္အထိ ျကာတတ္သည္။ေမာျခင္း၊မူးေဝျခင္း၊ပ်ိဳ႕အန္ျခင္း၊ေခ်ြးေစးျပန္ျခင္း တို့နွင့္လည္း တြဲတတ္သည္။
 
နွလံုးေသြးေျကာက်ဥ္းျခင္းေျကာင့္ 
 ရင္ဘတ္ေအာင့္ျခင္းနွစ္မ်ိဳးရွိတယ္။
၁.Stable Angina
လႈပ္ရွားရင္ ရင္ဘတ္ေအာင့္တတ္ျပီး အနားယူလိုက္ရင္ သက္သာသြားတဲ႔ အမ်ိဳးအစားျဖစ္သည္။
၂.Unstable Angina
အနားယူလိုက္ရင္ မသက္သာပဲ အခ်ိန္အေတာ္ျကာတဲ႔ထိ ေအာင့္တတ္ပါတယ္။နွလံုးေသြးေျကာပိတ္၍ နွလံုးျကြက္သားပုပ္ျခင္း (Myocardial infarct) ျဖစ္နိုင္ေခ် risk မ်ားသည္။
 
္ စစ္ေဆးႏိုင္တဲ့အဓိကစမ္းသပ္မႈမ်ားကေတာ့
(၁) ECG
(၂) Threadmill Stress test (Exercise ECG) - ေျပးစက္ေပၚေျပးခိုင္းၿပီး ႏွလံုးရဲ႕အေမာခံႏိုင္မႈကိုစမ္းျခင္း
(၃) Echocardiogram - အသံလိႈင္းအသံုးျပဳၿပီးႏွလံုးရဲ႕ပံုရိပ္ကိုဖမ္းယူၾကည့္႐ွဴျခင္း
(၄) CT Angiogram - ႏွလံုးကိုကြန္ျပဴတာဓာတ္မွန္ပံုရိပ္႐ိုက္ကူးျခင္း
(၅) Coronary Angiography - ႏွလံုးေသြးေၾကာဓာတ္မွန္႐ိုက္ျခင္း
(၆) Nuclear Perfusion Scan
 
ကုသမႈအေနနဲ႕ 
၁)ရင္ဘတ္ေအာင့္တာ သက္သာေစတဲ႔ လ်ွာေအာက္ငံုေဆး(nitrol) 
၂)Aspirin, Clopidogrel, Warfarin စတဲ့
ေသြးက်ဲေဆးမ်ား
၃)ေသြးေၾကာက်ယ္ေစျပီးေသြးဖိအားက်ေဆးမ်ား ACEI,CCB
၄)Beta blockers ႏွလံုးခုန္ေႏွးေဆး
၅)Cholesterol-lowering medications 
ကိုလက္စေထာက်ေဆး
 
အထက္ပါ နည္းလမ္းမ်ားနွင့္ မသက္သာပဲလိုအပ္ပါက 
၁)Angioplasty and stenting က်ဥ္းေနတဲ့ေသြးလႊတ္ေၾကာထဲမွာ ေသးငယ္တဲ့ ပိုက္ငယ္ေလးထည့္ထားျခင္း၊
၂)Coronary artery bypass surgery ခြဲစိတ္ၿပီးႏွလံုးေသြးေၾကာျဖတ္ဆက္ကုသျခင္းမ်ားျပဳလုပ္ႏိုင္ပါတယ္။
 
ကာကြယ္နည္းမ်ား
၁.ေဆးလိပ္ျဖတ္ပါ
၂.ကိုယ္လက္လႈပ္ရွားအားကစားျပဳလုပ္ပါ
၃.အဆီမ်ားေသာ အစားအေသာက္မ်ားေရွာင္ျကဥ္ပါ
၄.ဆီးခ်ိဳ နွင့္ ေသြးတိုးေရာဂါကို စနစ္တက် ေဆးကုသမႈခံယူပါ
၅.စိတ္ဖိစီးမႈ ေလ်ာ့နည္းေအာင္ေနပါ
 
က်န္းမာေပ်ာ္ရႊင္ၾကပါေစ။

ဇီ၀က ေဆး(၁)