"သွေးလေးဖက်နာ (Rheumatoid Arthritis) အကြောင်းသိကောင်းစရာ"

"သွေးလေးဖက်နာ (Rheumatoid Arthritis) အကြောင်းသိကောင်းစရာ"

      ဖြစ်ရတဲ့အကြောင်းရင်းနဲ့ ရောဂါလက္ခဏာတွေပေါ်မူတည်ပြီး အမျိုးအစားတွေခွဲထားပါတယ်။ ဥပမာ လည်ပင်းရောင်စေတဲ့ ဘက်တီးရီးယား (Streptococcus) ကြောင့် ဖြစ်ရင် ပိုးလေးဖက်နာ

(Rheumatic arthritis)၊ အရေပြားမှာဖြစ်ရင် အရေပြားလေးဖက်နာ (SLE) စသည်ဖြင့်ခေါ်ကြပါတယ်။အခုဆွေးနွေးမဲ့ သွေးလေးဖက်နာကိုတော့ ဆေးပညာအခေါ်အဝေါ်အရ Rheumatoid arthritis

လို့ခေါ်ပါတယ်။သူကတော့ အော်တိုအင်မြူးရောဂါ (Autoimmune disorder) တစ်မျိုးဖြစ်ပြီး နာတာရှည်ဖြစ်လေ့ရှိပါတယ် (Long-lasting)။ အဓိကအနေနဲ့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ခုခံအားစနစ်တွေချို့ယွင်းသွားလို့ ဖြစ်ရတဲ့ရောဂါလို့ပြောနိုင်ပါတယ်။

 အမျိုးသမီး (၃) ဦးဖြစ်ရင် အမျိုးသားက (၁) ယောက်ပဲဖြစ်တော့ အမျိုးသမီးတွေမှာ သိသိသာသာအဖြစ်များတဲ့ ရောဂါတစ်ခုလို့ဆိုနိုင်ပါတယ်။ အမျိုးသမီးတွေမှာတောင်မှ ကလေးမွေးပြီးစအချိန်နဲ့ နို့တိုက်နေတဲ့အချိန်တွေမှာ ပိုပြီးရောဂါဆိုးလေ့ရှိတော့ အမျိုးသမီးဟိုမုန်းတွေပေါ်မှာလည်းသံသယရှိနေပါတယ်။

 ဒီရောဂါဖြစ်ပွားရတဲ့ အကြောင်းရင်းတိတိကျကျ မပြောနိုင်သေးပေမဲ့ ရှာဖွေလေ့လာမှုတွေအရ မျိုးဗီဇ (Genetic factor) နဲ့ ပတ်ဝန်းကျင် (Environmental factor) နှစ်ခုပေါင်းဆုံပြီးဖြစ်ရတာလို့ ပညာရှင်များက ယူဆထားကြပါတယ်။

(က) မျိုးဗီဇကြောင့်ဖြစ်ရခြင်း
 ရောဂါဖြစ်သူရဲ့မိဘ၊ ညီအစ်ကိုမောင်နှမနဲ့ ဆွေမျိုးရင်းချာတွေမှာပါ ဖြစ်ပွားလေ့ရှိကြောင်း တွေ့ရပါတယ်။

(ခ) ပတ်ဝန်းကျင်ကြောင့်ဖြစ်ရခြင်း

(၁) ရောဂါပိုးမွှားများဝင်ရောက်မှုကြောင့်ဖြစ်ရခြင်း (Infections)
(၂) ဆေးလိပ်သောက်ခြင်း (Smoking)
(၃) ဟိုမုန်းများကြောင့်ဖြစ်ရခြင်း (Hormonal factor)
(၄) အူတွင်းရှိအကျိုးပြုအဏုဇီဝများ ချို့ယွင်းမှုကြောင့်ဖြစ်ရခြင်း (Change in intestinal microflora)

 ရောဂါလက္ခဏာတွေမှာ အဓိကအပိုင်း (၂) ပိုင်းပါဝင်ပါတယ်။ ပထမပိုင်းအနေနဲ့ အရိုးအဆစ်တွေ ရောင်ရမ်းတဲ့လက္ခဏာဖြစ်ပြီး နောက်တစ်ပိုင်းအနေနဲ့ ကျန်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ထိခိုက်ပျက်စီးစေတဲ့အပိုင်းပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် သွေးလေးဖက်နာဖြစ်ရင် အရိုးအဆစ်ရောင်ရုံပဲဆိုပြီး ပေါ့ပေါ့ဆဆမနေသင့်ကြောင်း အဓိကပြောချင်ပါတယ်။

(က) အရိုးအဆစ်များရောင်ရမ်းခြင်း လက္ခဏာများ (Articular manifestations)
 များသောအားဖြင့် လက်ဆစ်လေးတွေ၊ လက်ကောက်ဝတ်အဆစ်လေးတွေ စတင်ရောင်လေ့ရှိပြီး နှစ်ဖက်စလုံးမှာ တပြိုင်တည်းဖြစ်လေ့ရှိပါတယ်။ တချို့ပိုဆိုးတဲ့သူတွေကျတော့ ခြေထောက်မှာရှိတဲ့ ခြေချောင်းအဆစ်လေးတွေ၊

ခြေချင်းဝတ်အဆစ်တွေပါ ဖြစ်နိုင်ပါတယ်။ မနက်ပိုင်းအိပ်ယာအထမှာ ပိုဖြစ်လေ့ရှိပါတယ်။ နားပြီးရင်ပိုဆိုးတတ်လို့ တစ်ညလုံးနားပြီး မနက်အိပ်ယာအထမှာပိုဆိုးရခြင်း ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ဖြစ်လိုက်ပျောက်လိုက်ဖြစ်တော့

ကြာရင်အရိုးအဆစ်တွေပျက်စီးပြီး ကွေးကောက်ကုန်ပါတယ် (Deformity)

(ခ) တခြားခန္ဓာကိုယ်အစိတ်အပိုင်းများ၌ရောင်ရမ်းပျက်စီးသည့်လက္ခဏာများ (Extra-articular manifestation)
(၁) တစ်ကိုယ်လုံးအတိုင်းအတာအရကြည့်ရင် မစားချင်မသောက်ချင် ဖြစ်လာတတ်ပါတယ် (Anorexia)ပင်ပန်းလွယ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ခန္ဓာကိုယ်အလေးချိန်ကျဆင်းခြင်းတို့ တွေ့ရတတ်ပါတယ်။

(၂) အရေပြားပေါ်မှာ အကျိတ်အဖုလေးတွေ ပေါ်လာတတ်ပါတယ် (Rheumatoid nodules) အထူးသဖြင့် လက်မှာဆိုရင် ဖိမိတတ်တဲ့နေရာ (Rheumatoid modules) တွေမှာ ပိုဖြစ်လေ့ရှိပါတယ။်

(၃) တစ်ကိုယ်လုံးမှာရှိတဲ့ သွေးကြောလေးတွေရောင်ရမ်းတတ်ပါတယ် (Vasculitis) အထူးသဖြင့် လက်ထိပ်ခြေထိပ်ကလေးတွေကိုသွားတဲ့ သွေးကြောလေးတွေရောင်ခဲ့ရင် သွေးကြောကသေးတော့ ပိတ်သွားတတ်ပါတယ်။

အဲ့ဒီအခါလက်ထိပ်ခြေထိပ်ကလေးတွေကို သွေးမလျှောက်တော့တဲ့အတွက် ပုပ်သွားတတ်ပါတယ် (Nail-fold infarcts).. ပိုဆိုးရင်အရေပြားအောက်မှာရှိတဲ့ သွေးကြောလေးတွေ ပိတ်သွားလို့ အကွက်လိုက်၊ အကွက်လိုက် အရေပြားပျက်စီးပြီး

အနာဖြစ်နိုင်ပါတယ် (Skin necrosis and ulceration)။

(၄) မျက်စိနဲ့ပတ်သတ်ပြီးတော့လည်း ဖြစ်လေ့ရှိပါတယ်။မျက်ခမ်းရောင်ခြင်း (Keratoconjunctivitis sicca)၊ မျက်ကြည်လွှာရောင်ခြင်း (Scleritis) တွေ ဖြစ်တတ်ပါတယ်။

မျက်ကြည်လွှာတဖြည်းဖြည်းပါးလာတတ်ပါတယ် (Scleromalacia) မျက်စိကြည့်လို့မကောင်းတာ၊ မျက်စိကျိမ်းတာ၊ မျက်ရည်မထွက်ဘဲ ခြောက်သွားတာတွေဖြစ်တတ်ပါတယ်။

(၅) နှလုံးနဲ့ပတ်သက်လို့ဖြစ်ရင် ပိုအရေးကြီးပါတယ်။နှလုံးအမြှေးပါးရောင်တာ (Pericarditis) နှလုံးအမြှေးနှစ်ခုကြားမှာ အရည်တွေစုလာတာ (Pericardial effusion) တွေဖြစ်တတ်ပါတယ်။

(၆) အဆုတ်နဲ့ပတ်သက်ရင် အဆုတ်အမြှေးပါးရောင်တာ၊ မောတာ၊ အသက်ရှူမကောင်းတာ ဖြစ်တတ်ပါတယ်။အဆုတ်ထဲမှာလည်း Rheumatoid nodule လို့ ခေါ်တဲ့ အလုံးတွေ ထွက်တတ်ပါတယ်။ ဓာတ်မှန်ရိုက်ရင် ကင်ဆာနဲ့မှားနိုင်ပါတယ်။

(၇) အာရုံကြောစနစ်ကိုလည်း ထိခိုက်စေပါတယ်။ လက်ဆစ်တွေ ရောင်လာတဲ့အတွက် လက်ဖဝါးနဲ့ လက်ထိပ်တွေကိုသွားတဲ့ အာရုံကြောကို ညပ်စေပြီး လက်တွေကျဉ်တာ၊ ထုံတာ၊ ပစ္စည်းတွေကိုင်မရတာ ဖြစ်တတ်ပါတယ်။

Carpal tunnel syndrome လို့ခေါ်ပါတယ်။အလားတူပဲ ခြေထောက်မှာရှိတဲ့ အကြောညပ်ပြီး ခြေထောက်တစ်ခုလုံး ထုံတာ၊ ကျဉ်တာ၊ နာတာဖြစ်ရင် Tarsal tunnel syndrome လို့ ခေါ်ပါတယ်။
 
လူနာရဲ့အခြေအနေနဲ့ ခန္ဓာကိုယ်ထိခိုက်မှု အနေအထားပေါ်မူတည်ပြီး လုပ်ရတဲ့ Test တွေလည်း အနည်းအများ ကွာခြားပါတယ်။ အခြေခံစမ်းသပ်မှုတွေနဲ့ လုပ်လေ့ရှိတာကတော့
 
(က) RA test - သွေးလေးဖက်နာရှိသူရဲ့ ၇၀% လောက်မှာ Rheumatoid factor လို့ခေါ်တဲ့ Antibody (+) ဖြစ်လေ့ရှိပါတယ်။ ကျန်ရောဂါရှိသူ ၃၀%မှာတော့ (-) ပြတတ်ပါတယ်။ဒါကို Sero-negative RA လို့ ခေါ်ပါတယ်။

တစ်ခါတစ်လေ RA (+) ဖြစ်တိုင်းလည်း သွေးလေးဖက်နာလို့ တစ်ထစ်ချပြောလို့မရပါဘူး။ဘာဖြစ်လို့လဲဆိုတော့ အချို့ရောဂါမရှိသူတွေထဲမှာလည်း ၁၀% က (+) ဖြစ်တတ်လို့ဖြစ်ပါတယ်။

(ခ) ESR နဲ့ CRP - ရောင်ရမ်းမှုအခြေအနေကို သိနိုင်ပါတယ်။

(ဂ) ACPA (Anti-citrullinated peptide antibodies) - ဒီ test ကတော့ ပိုပြီးတိကျပါတယ်။သွေးလေးဖက်နာဖြစ်နေသူတွေရဲ့ ၇၀%မှာ (+) ပြပါတယ်။သူ (+) ပြရင်တော့ သွေးလေးဖက်နာ ဖြစ်နေပြီလို့ ပြောနိုင်ပါတယ်။တချို့ရောဂါလက္ခဏာမပြသေးပေမယ့် ACPA (+) ဖြစ်နေပြီဆိုရင် မကြာခင်ရောဂါလက္ခဏာပြတော့မယ်ဆိုတာ ကြိုသိနိုင်ပါတယ်။

(ဃ) Plain X ray - ရောင်နေတဲ့အဆစ်တွေကို ဓာတ်မှန်ရိုက်ကြည့်နိုင်ပါတယ်။ အရိုးအဆစ် ပျက်စီးမှုကို သေသေချာချာသိနိုင်ပါတယ်။ လိုအပ်ရင် လည်ပင်းရိုး၊ ခါးရိုးတွေပါ ရိုက်ရလေ့ ရှိပါတယ်။ သွေးလေးဖက်နာကြောင့် ကျောရိုးထိခိုက်ပျက်စီးပြီး အလယ်မှာရှိတဲ့ Spinal cord ကို ဖိမိတဲ့လက္ခဏာတွေပေါ်နေရင်တော့ MRI လုပ်ကြည့်ရင် ပိုပြီးသိသာပါတယ်။

့် လူနာကို ကုသမှုရဲ့ အဓိကရည်ရွယ်ချက်အနေနဲ့ လုပ်ပေးနိုင်တာကတော့ သူ့ရဲ့ ခံစားနေရတဲ့ရောဂါလက္ခဏာတွေ သက်သာစေဖို့ ဥပမာ အဆစ်အမြစ်တွေရောင်နေ၊ ကိုက်ခဲ နေရင်၊ အရောင်ကျအောင်လုပ်ပေးဖို့၊ အကိုက်သက်သာအောင်လုပ်ပေးဖို့်၊

ရောဂါကြွမလာအောင် ထိန်းထားပေးဖို့ (Flare-ups) ၊ ရောဂါသက်သာနေရာကနေ ပြန်မဖြစ်အောင် လုပ်ထားပေးဖို့်၊ ဒီလိုကုသရာမှာ အဓိကအစိတ်အပိုင်း (၂) ခုပါဝင်ပါတယ်..
(၁) အနောက်တိုင်းဆေးဝါးများဖြင့် ကုသခြင်း (Drug treatment)
(၂) အစားအသောက်နဲ့ နေထိုင်မှုပုံသဏ္ဍန်ကို မှန်ကန်အောင်ပြုပြင်ပေးခြင်း (Life-style modification)
 

 အဓိကအသုံးပြုတဲ့ဆေးတွေကတော့
(က) Disease-modifying anti-rheumatic drugs (DMARDs) ဥပမာ - Methotrexate - Hydroxychloroquine - Leflunomide - Sulfasalazine (SSZ)
(ခ) Corticosteroids - Prednisolone - Methylprednisolone
(ဂ) Biological therapies (ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အဓိကသုံး) - Anti-TNF-a(eg. Etanercept) - Anti-b-cell therapy (eg. Rituximab) - Inhibitor of T-cell activation (eg. Abatacept) - Anti-IL6 (eg. Tocilizumab) - Anti-IL7 (eg. Anakinra)

စတဲ့ဆေးတွေဖြစ်ပါတယ်။ အဲ့ဒီဆေးတွေဟာ ဘေးထွက်ဆိုးကျိုးရှိတဲ့အတွက် မိမိသဘောအတိုင်း လုံးဝ မသုံးရပါဘူး။ကျွမ်းကျင်တဲ့ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်းတိတိကျကျ လိုက်နာသောက်သုံးရပါမယ်

အနေအထိုင်၊ အစားအသောက်ကို မှန်ကန်အောင် ပြုမူနေထိုင်စားသောက်ရင် ရောဂါသက်သာပျောက်ကင်းဖို့ အများကြီးအထောက်အကူပြုပါတယ်။
 
(က) ဆေးလိပ်သောက်ရင် ဆေးလိပ်ဖြတ်ရပါမယ်။ဆေးလိပ်ဟာ ရောဂါကို ပိုဆိုးစေတဲ့အပြင် နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါတွေ၊ ခြေလက်များကို သွေးမလျှောက်လို့ ပုပ်သွားတာတွေကိုဖြစ်စေဖို့ အားပေးပါတယ်။

(ခ) အဆစ်အမြစ်တွေရောင်နေတဲ့အချိန်မှာ ရောင်နေတဲ့အဆစ်တွေကို အနားပေးရပါမယ်။လိုအပ်ရင် အရောင်ကျဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေသုံးပြီး သက်သာအောင်ကုသရပါမယ်။

(ဂ) နားတာနဲ့ တစ်ဆက်တည်းလုပ်ရမှာက လေ့ကျင့်ခန်းဖြစ်ပါတယ်။ နားလို့သက်သာလာပြီဆိုတာနဲ့ ခုနကနားထားတဲ့အဆစ်တွေကို လေ့ကျင့်ခန်းတဖြည်းဖြည်းချင်း လုပ်ပေးရပါမယ်။ ဒါမှမဟုတ်ရင် အဆစ်တွေဟာခိုင်သွားပြီး နောက်ပိုင်းမှာ လှုပ်ရှားလို့မရဖြစ်တတ်ပါတယ်။

ဒါ့ကြောင့် လိုအပ်ရင် နားလည်တတ်ကျွမ်းတဲ့ပညာရှင် (Physiotherapist) နဲ့ တိုင်ပင်ပြီး ပြုလုပ်ရပါမယ်။

(ဃ) အစားအစာအနေနဲ့ အာဟာရပြည့်ဝအောင် စားရပါမယ်။

 

 

"ေသြးေလးဖက္နာ (Rheumatoid Arthritis) အေၾကာင္းသိေကာင္းစရာ"

      ျဖစ္ရတဲ့အေၾကာင္းရင္းနဲ႔ ေရာဂါလကၡဏာေတြေပၚမူတည္ၿပီး အမ်ိဳးအစားေတြခြဲထားပါတယ္။ ဥပမာ လည္ပင္းေရာင္ေစတဲ့ ဘက္တီးရီးယား (Streptococcus) ေၾကာင့္ ျဖစ္ရင္ ပိုးေလးဖက္နာ (Rheumatic arthritis)၊

အေရျပားမွာျဖစ္ရင္ အေရျပားေလးဖက္နာ (SLE) စသည္ျဖင့္ေခၚၾကပါတယ္။အခုေဆြးေႏြးမဲ့ ေသြးေလးဖက္နာကိုေတာ့ ေဆးပညာအေခၚအေဝၚအရ Rheumatoid arthritis လို႔ေခၚပါတယ္။သူကေတာ့ ေအာ္တိုအင္ျမဴးေရာဂါ

(Autoimmune disorder) တစ္မ်ိဳးျဖစ္ၿပီး နာတာ႐ွည္ျဖစ္ေလ့႐ွိပါတယ္ (Long-lasting)။ အဓိကအေနနဲ႔ ခႏၶာကိုယ္အတြင္းမွာ႐ွိတဲ့ ခုခံအားစနစ္ေတြခ်ိဳ႕ယြင္းသြားလို႔ ျဖစ္ရတဲ့ေရာဂါလို႔ေျပာႏိုင္ပါတယ္။

 အမ်ိဳးသမီး (၃) ဦးျဖစ္ရင္ အမ်ိဳးသားက (၁) ေယာက္ပဲျဖစ္ေတာ့ အမ်ိဳးသမီးေတြမွာ သိသိသာသာအျဖစ္မ်ားတဲ့ ေရာဂါတစ္ခုလို႔ဆိုႏိုင္ပါတယ္။ အမ်ိဳးသမီးေတြမွာေတာင္မွ ကေလးေမြးၿပီးစအခ်ိန္နဲ႔ ႏို႕တိုက္ေနတဲ့အခ်ိန္ေတြမွာ

ပိုၿပီးေရာဂါဆိုးေလ့႐ွိေတာ့ အမ်ိဳးသမီးဟိုမုန္းေတြေပၚမွာလည္းသံသယ႐ွိေနပါတယ္။

 ဒီေရာဂါျဖစ္ပြားရတဲ့ အေၾကာင္းရင္းတိတိက်က် မေျပာႏိုင္ေသးေပမဲ့ ႐ွာေဖြေလ့လာမႈေတြအရ မ်ိဳးဗီဇ (Genetic factor) နဲ႔ ပတ္ဝန္းက်င္ (Environmental factor) ႏွစ္ခုေပါင္းဆံုၿပီးျဖစ္ရတာလို႔ ပညာ႐ွင္မ်ားက ယူဆထားၾကပါတယ္။

(က) မ်ိဳးဗီဇေၾကာင့္ျဖစ္ရျခင္း
 ေရာဂါျဖစ္သူရဲ႕မိဘ၊ ညီအစ္ကိုေမာင္ႏွမနဲ႔ ေဆြမ်ိဳးရင္းခ်ာေတြမွာပါ ျဖစ္ပြားေလ့႐ွိေၾကာင္း ေတြ႕ရပါတယ္။

(ခ) ပတ္ဝန္းက်င္ေၾကာင့္ျဖစ္ရျခင္း

(၁) ေရာဂါပိုးမႊားမ်ားဝင္ေရာက္မႈေၾကာင့္ျဖစ္ရျခင္း (Infections)
(၂) ေဆးလိပ္ေသာက္ျခင္း (Smoking)
(၃) ဟိုမုန္းမ်ားေၾကာင့္ျဖစ္ရျခင္း (Hormonal factor)
(၄) အူတြင္း႐ွိအက်ိဳးျပဳအဏုဇီဝမ်ား ခ်ိဳ႕ယြင္းမႈေၾကာင့္ျဖစ္ရျခင္း (Change in intestinal microflora)

 ေရာဂါလကၡဏာေတြမွာ အဓိကအပိုင္း (၂) ပိုင္းပါဝင္ပါတယ္။ ပထမပိုင္းအေနနဲ႔ အ႐ိုးအဆစ္ေတြ ေရာင္ရမ္းတဲ့လကၡဏာျဖစ္ၿပီး ေနာက္တစ္ပိုင္းအေနနဲ႕ က်န္တဲ့ခႏၶာကိုယ္အစိတ္အပိုင္းေတြကို ထိခိုက္ပ်က္စီးေစတဲ့အပိုင္းပဲ ျဖစ္ပါတယ္။

ဒါ့ေၾကာင့္ ေသြးေလးဖက္နာျဖစ္ရင္ အ႐ိုးအဆစ္ေရာင္႐ံုပဲဆိုၿပီး ေပါ့ေပါ့ဆဆမေနသင့္ေၾကာင္း အဓိကေျပာခ်င္ပါတယ္။

(က) အ႐ိုးအဆစ္မ်ားေရာင္ရမ္းျခင္း လကၡဏာမ်ား (Articular manifestations)
 မ်ားေသာအားျဖင့္ လက္ဆစ္ေလးေတြ၊ လက္ေကာက္ဝတ္အဆစ္ေလးေတြ စတင္ေရာင္ေလ့႐ွိၿပီး ႏွစ္ဖက္စလံုးမွာ တၿပိဳင္တည္းျဖစ္ေလ့႐ွိပါတယ္။ တခ်ိဳ႕ပိုဆိုးတဲ့သူေတြက်ေတာ့ ေျခေထာက္မွာ႐ွိတဲ့ ေျခေခ်ာင္းအဆစ္ေလးေတြ၊

ေျခခ်င္းဝတ္အဆစ္ေတြပါ ျဖစ္ႏိုင္ပါတယ္။ မနက္ပိုင္းအိပ္ယာအထမွာ ပိုျဖစ္ေလ့႐ွိပါတယ္။ နားၿပီးရင္ပိုဆိုးတတ္လို႔ တစ္ညလံုးနားၿပီး မနက္အိပ္ယာအထမွာပိုဆိုးရျခင္း ျဖစ္ပါတယ္။ တျဖည္းျဖည္းနဲ႔ ျဖစ္လိုက္ေပ်ာက္လိုက္ျဖစ္ေတာ့ ၾကာရင္အ႐ိုးအဆစ္ေတြပ်က္စီးၿပီး

ေကြးေကာက္ကုန္ပါတယ္ (Deformity)

(ခ) တျခားခႏၶာကိုယ္အစိတ္အပိုင္းမ်ား၌ေရာင္ရမ္းပ်က္စီးသည့္လကၡဏာမ်ား (Extra-articular manifestation)
(၁) တစ္ကိုယ္လံုးအတိုင္းအတာအရၾကည့္ရင္ မစားခ်င္မေသာက္ခ်င္ ျဖစ္လာတတ္ပါတယ္ (Anorexia)ပင္ပန္းလြယ္ျခင္း၊ ေမာပန္းႏြမ္းနယ္ျခင္း၊ ခႏၶာကိုယ္အေလးခ်ိန္က်ဆင္းျခင္းတို႔ ေတြ႕ရတတ္ပါတယ္။

(၂) အေရျပားေပၚမွာ အက်ိတ္အဖုေလးေတြ ေပၚလာတတ္ပါတယ္ (Rheumatoid nodules) အထူးသျဖင့္ လက္မွာဆိုရင္ ဖိမိတတ္တဲ့ေနရာ (Rheumatoid modules) ေတြမွာ ပိုျဖစ္ေလ့႐ွိပါတယ။္

(၃) တစ္ကိုယ္လံုးမွာ႐ွိတဲ့ ေသြးေၾကာေလးေတြေရာင္ရမ္းတတ္ပါတယ္ (Vasculitis) အထူးသျဖင့္ လက္ထိပ္ေျခထိပ္ကေလးေတြကိုသြားတဲ့ ေသြးေၾကာေလးေတြေရာင္ခဲ့ရင္ ေသြးေၾကာကေသးေတာ့ ပိတ္သြားတတ္ပါတယ္။အဲ့ဒီအခါလက္ထိပ္ေျခထိပ္ကေလးေတြကို

ေသြးမေလွ်ာက္ေတာ့တဲ့အတြက္ ပုပ္သြားတတ္ပါတယ္ (Nail-fold infarcts).. ပိုဆိုးရင္အေရျပားေအာက္မွာ႐ွိတဲ့ ေသြးေၾကာေလးေတြ ပိတ္သြားလို႔ အကြက္လိုက္၊ အကြက္လိုက္ အေရျပားပ်က္စီးၿပီး အနာျဖစ္ႏိုင္ပါတယ္ (Skin necrosis and ulceration)။

(၄) မ်က္စိနဲ႔ပတ္သတ္ၿပီးေတာ့လည္း ျဖစ္ေလ့႐ွိပါတယ္။မ်က္ခမ္းေရာင္ျခင္း (Keratoconjunctivitis sicca)၊ မ်က္ၾကည္လႊာေရာင္ျခင္း (Scleritis) ေတြ ျဖစ္တတ္ပါတယ္။မ်က္ၾကည္လႊာတျဖည္းျဖည္းပါးလာတတ္ပါတယ္ (Scleromalacia) မ်က္စိၾကည့္လို႔မေကာင္းတာ၊

မ်က္စိက်ိမ္းတာ၊ မ်က္ရည္မထြက္ဘဲ ေျခာက္သြားတာေတြျဖစ္တတ္ပါတယ္။

(၅) ႏွလံုးနဲ႔ပတ္သက္လို႔ျဖစ္ရင္ ပိုအေရးႀကီးပါတယ္။ႏွလံုးအေျမႇးပါးေရာင္တာ (Pericarditis) ႏွလံုးအေျမႇးႏွစ္ခုၾကားမွာ အရည္ေတြစုလာတာ (Pericardial effusion) ေတြျဖစ္တတ္ပါတယ္။

(၆) အဆုတ္နဲ႔ပတ္သက္ရင္ အဆုတ္အေျမႇးပါးေရာင္တာ၊ ေမာတာ၊ အသက္႐ွဴမေကာင္းတာ ျဖစ္တတ္ပါတယ္။အဆုတ္ထဲမွာလည္း Rheumatoid nodule လို႔ ေခၚတဲ့ အလံုးေတြ ထြက္တတ္ပါတယ္။ ဓာတ္မွန္႐ိုက္ရင္ ကင္ဆာနဲ႔မွားႏိုင္ပါတယ္။

(၇) အာ႐ံုေၾကာစနစ္ကိုလည္း ထိခိုက္ေစပါတယ္။ လက္ဆစ္ေတြ ေရာင္လာတဲ့အတြက္ လက္ဖဝါးနဲ႔ လက္ထိပ္ေတြကိုသြားတဲ့ အာ႐ံုေၾကာကို ညပ္ေစၿပီး လက္ေတြက်ဥ္တာ၊ ထံုတာ၊ ပစၥည္းေတြကိုင္မရတာ ျဖစ္တတ္ပါတယ္။ Carpal tunnel syndrome

လို႔ေခၚပါတယ္။အလားတူပဲ ေျခေထာက္မွာ႐ွိတဲ့ အေၾကာညပ္ၿပီး ေျခေထာက္တစ္ခုလံုး ထံုတာ၊ က်ဥ္တာ၊ နာတာျဖစ္ရင္ Tarsal tunnel syndrome လို႔ ေခၚပါတယ္။
 
လူနာရဲ႕အေျခအေနနဲ႔ ခႏၶာကိုယ္ထိခိုက္မႈ အေနအထားေပၚမူတည္ၿပီး လုပ္ရတဲ့ Test ေတြလည္း အနည္းအမ်ား ကြာျခားပါတယ္။ အေျခခံစမ္းသပ္မႈေတြနဲ႔ လုပ္ေလ့႐ွိတာကေတာ့
 
(က) RA test - ေသြးေလးဖက္နာ႐ွိသူရဲ႕ ၇၀% ေလာက္မွာ Rheumatoid factor လို႔ေခၚတဲ့ Antibody (+) ျဖစ္ေလ့႐ွိပါတယ္။ က်န္ေရာဂါ႐ွိသူ ၃၀%မွာေတာ့ (-) ျပတတ္ပါတယ္။ဒါကို Sero-negative RA လို႔ ေခၚပါတယ္။တစ္ခါတစ္ေလ RA (+) ျဖစ္တိုင္းလည္း

ေသြးေလးဖက္နာလို႔ တစ္ထစ္ခ်ေျပာလို႔မရပါဘူး။ဘာျဖစ္လို႔လဲဆိုေတာ့ အခ်ိဳ႕ေရာဂါမ႐ွိသူေတြထဲမွာလည္း ၁၀% က (+) ျဖစ္တတ္လို႔ျဖစ္ပါတယ္။

(ခ) ESR နဲ႔ CRP - ေရာင္ရမ္းမႈအေျခအေနကို သိႏိုင္ပါတယ္။

(ဂ) ACPA (Anti-citrullinated peptide antibodies) - ဒီ test ကေတာ့ ပိုၿပီးတိက်ပါတယ္။ေသြးေလးဖက္နာျဖစ္ေနသူေတြရဲ႕ ၇၀%မွာ (+) ျပပါတယ္။သူ (+) ျပရင္ေတာ့ ေသြးေလးဖက္နာ ျဖစ္ေနၿပီလို႔ ေျပာႏိုင္ပါတယ္။တခ်ိဳ႕ေရာဂါလကၡဏာမျပေသးေပမယ့္

ACPA (+) ျဖစ္ေနၿပီဆိုရင္ မၾကာခင္ေရာဂါလကၡဏာျပေတာ့မယ္ဆိုတာ ႀကိဳသိႏိုင္ပါတယ္။

(ဃ) Plain X ray - ေရာင္ေနတဲ့အဆစ္ေတြကို ဓာတ္မွန္႐ိုက္ၾကည့္ႏိုင္ပါတယ္။ အ႐ိုးအဆစ္ ပ်က္စီးမႈကို ေသေသခ်ာခ်ာသိႏိုင္ပါတယ္။ လိုအပ္ရင္ လည္ပင္း႐ိုး၊ ခါး႐ိုးေတြပါ ႐ိုက္ရေလ့ ႐ွိပါတယ္။ ေသြးေလးဖက္နာေၾကာင့္ ေက်ာ႐ိုးထိခိုက္ပ်က္စီးၿပီး

အလယ္မွာ႐ွိတဲ့ Spinal cord ကို ဖိမိတဲ့လကၡဏာေတြေပၚေနရင္ေတာ့ MRI လုပ္ၾကည့္ရင္ ပိုၿပီးသိသာပါတယ္။

့္ လူနာကို ကုသမႈရဲ႕ အဓိကရည္႐ြယ္ခ်က္အေနနဲ႔ လုပ္ေပးႏိုင္တာကေတာ့ သူ႔ရဲ႕ ခံစားေနရတဲ့ေရာဂါလကၡဏာေတြ သက္သာေစဖို႔ ဥပမာ အဆစ္အျမစ္ေတြေရာင္ေန၊ ကိုက္ခဲ ေနရင္၊ အေရာင္က်ေအာင္လုပ္ေပးဖို႔၊ အကိုက္သက္သာေအာင္လုပ္ေပးဖို႔္၊

ေရာဂါၾကြမလာေအာင္ ထိန္းထားေပးဖို႔ (Flare-ups) ၊ ေရာဂါသက္သာေနရာကေန ျပန္မျဖစ္ေအာင္ လုပ္ထားေပးဖို႔္၊ ဒီလိုကုသရာမွာ အဓိကအစိတ္အပိုင္း (၂) ခုပါဝင္ပါတယ္..
(၁) အေနာက္တိုင္းေဆးဝါးမ်ားျဖင့္ ကုသျခင္း (Drug treatment)
(၂) အစားအေသာက္နဲ႔ ေနထိုင္မႈပံုသ႑န္ကို မွန္ကန္ေအာင္ျပဳျပင္ေပးျခင္း (Life-style modification)
 

 အဓိကအသံုးျပဳတဲ့ေဆးေတြကေတာ့
(က) Disease-modifying anti-rheumatic drugs (DMARDs) ဥပမာ - Methotrexate - Hydroxychloroquine - Leflunomide - Sulfasalazine (SSZ)
(ခ) Corticosteroids - Prednisolone - Methylprednisolone
(ဂ) Biological therapies (ဖြံ႕ၿဖိဳးၿပီးႏိုင္ငံေတြမွာ အဓိကသံုး) - Anti-TNF-a(eg. Etanercept) - Anti-b-cell therapy (eg. Rituximab) - Inhibitor of T-cell activation (eg. Abatacept) - Anti-IL6 (eg. Tocilizumab) - Anti-IL7 (eg. Anakinra)

စတဲ့ေဆးေတြျဖစ္ပါတယ္။ အဲ့ဒီေဆးေတြဟာ ေဘးထြက္ဆိုးက်ိဳး႐ွိတဲ့အတြက္ မိမိသေဘာအတိုင္း လံုးဝ မသံုးရပါဘူး။ကြ်မ္းက်င္တဲ့ဆရာဝန္ရဲ႕ ၫႊန္ၾကားခ်က္အတိုင္းတိတိက်က် လိုက္နာေသာက္သံုးရပါမယ္

အေနအထိုင္၊ အစားအေသာက္ကို မွန္ကန္ေအာင္ ျပဳမူေနထိုင္စားေသာက္ရင္ ေရာဂါသက္သာေပ်ာက္ကင္းဖို႔ အမ်ားႀကီးအေထာက္အကူျပဳပါတယ္။
 
(က) ေဆးလိပ္ေသာက္ရင္ ေဆးလိပ္ျဖတ္ရပါမယ္။ေဆးလိပ္ဟာ ေရာဂါကို ပိုဆိုးေစတဲ့အျပင္ ေနာက္ဆက္တြဲျပႆနာေတြျဖစ္တဲ့ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါေတြ၊ ေျခလက္မ်ားကို ေသြးမေလွ်ာက္လို႔ ပုပ္သြားတာေတြကိုျဖစ္ေစဖို႔ အားေပးပါတယ္။

(ခ) အဆစ္အျမစ္ေတြေရာင္ေနတဲ့အခ်ိန္မွာ ေရာင္ေနတဲ့အဆစ္ေတြကို အနားေပးရပါမယ္။လိုအပ္ရင္ အေရာင္က်ေဆးေတြ၊ အကိုက္အခဲေပ်ာက္ေဆးေတြသံုးၿပီး သက္သာေအာင္ကုသရပါမယ္။

(ဂ) နားတာနဲ႔ တစ္ဆက္တည္းလုပ္ရမွာက ေလ့က်င့္ခန္းျဖစ္ပါတယ္။ နားလို႔သက္သာလာၿပီဆိုတာနဲ႔ ခုနကနားထားတဲ့အဆစ္ေတြကို ေလ့က်င့္ခန္းတျဖည္းျဖည္းခ်င္း လုပ္ေပးရပါမယ္။ ဒါမွမဟုတ္ရင္ အဆစ္ေတြဟာခိုင္သြားၿပီး ေနာက္ပိုင္းမွာ လႈပ္႐ွားလို႔မရျဖစ္တတ္ပါတယ္။

ဒါ့ေၾကာင့္ လိုအပ္ရင္ နားလည္တတ္ကြ်မ္းတဲ့ပညာ႐ွင္ (Physiotherapist) နဲ႔ တိုင္ပင္ၿပီး ျပဳလုပ္ရပါမယ္။

(ဃ) အစားအစာအေနနဲ႔ အာဟာရျပည့္ဝေအာင္ စားရပါမယ္။