အကြောပြတ်ခြင်း

 အကြောပြတ်ခြင်း

ခန္ဓာကိုယ်ပေါ်ကအကြောပြတ်တယ်ဆိုတာရောဂါမဟုတ်ပါဘူး။

အရေပြားမှာ အဖြူ စင်းကြောင်း လိုင်းလေးတွေ ပေါ်တာကို အကြောပြတ်တယ်(stretch marks)လို့ ခေါ်ပါတယ်။  ပေါင်၊ ရင်သား၊ တင်ပါး၊ လက်မောင်း၊ ဒူး စတဲ့နေရာတွေမှာလည်းဖြစ်ကြတယ်။ ကိုယ်ခန္ဓာအနှံ့အပြားမှာတွေ့ရတတ်ပါတယ်။ အများစုက  ဗိုက်ကြောပြတ်တာ (abdominal stretch marks) ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အဝလွန်သူတွေမှာ တွေ့ရတယ်။ မိန်းကလေးတွေမှာ ပေါင် အကြောပြတ်ရင် အလှပြတ်သလို အားငယ်စိတ်တွေဝင်စေပါတယ်။
လူ့အရေပြားမှာ အလွှာသုံးလွှာရှိတယ်။အပေါ်ယံအရေပြား (Epidermis)၊ အလယ်လွှာ (Dermis) နဲ့ အောက်လွှာ(Hypodermic) ဆိုပြီး သုံးလွှာရှိတယ်။ အကြောပြတ်တယ်ဆိုတာ အပေါ်ယံအရေပြားရဲ့အောက် Dermis(အလယ်လွှာ)မှာရှိတဲ့ဆဲလ်တွေ ပုံမှန်ထက် ရုန်းဆန့်ရတာကနေ ဖြစ်ပေါ်လာတယ်။ ဥပမာ သားရေကွင်းတကွင်းကို မူလ ခံနိုင်တာထက် ပိုဆွဲဆန့်လိုက်ရင် ကွင်းကျယ်လာတယ်။ ဒီသဘောပါပဲ။ အရေပြားမှာ ကိုလာဂျင်တွေနဲ့ ဖွဲ့စည်းထားတာမို့ တွယ်ဆက်လွှာ(connective tissue)တွေက လိုအပ်တာထက်ပိုရုန်းဆံ့ရရင် အကြောပြတ်လာတယ်။ဖြစ်ကာစမှာ ပန်းရောင်အစင်းကြောင်းတွေအရင်ပေါ်လာပြီး အချိန် ကြာတာနဲ့အမျှ ငွေရောင်အစင်းကြောင်းတွေပေါ်လာတယ်။ အဲလိုအခါမျိုးမှာ ပျောက်ဖို့ခက်လာတယ်။

တကယ်တော့ အကြောပြတ်တာ ရောဂါတခုမဟုတ်ပါဘူး၊ သို့သော် လူမြင်ကွင်းလိုနေရာမှာဖြစ်ရင် ရှက်ရွံ့စရာ ၊ အားငယ်စရာ ဖြစ်ကောင်း ဖြစ်နေတတ်တယ်။ အကြောမပြတ်အောင် လုပ်တဲ့ လက်တွေ့နည်းတွေရှိတယ်။  အိမ်သုံးနည်းထဲမှာ အလွယ်ဆုံးက မြင်းခွာရွက်ကို ညက်အောင်ကြိတ်ပြီး လိမ်းပေးရတာဖြစ်တယ်။ နောက်တနည်းက သံလွင်ဆီတဇွန်း၊ ကြက်သွန်နီတခြမ်းနဲ့ ရှားစောင်းလက်ပပ်အနှစ်ကို ရောထောင်းပြီး အကြောပြတ်တဲ့နေရာ အုံပေးရင် သုံးလအတွင်း သိသိသာသာ သက်သာလာသတဲ့။အဆိုပါနည်းတွေက stretch marks အကြောပြတ်စ အခြေအနေမှာ ကောင်းတယ်။ အဲဒါမှမရရင် လိမ်းဆေးတွေလိုလာတယ်။ လိမ်းဆေးသုံးမျိုးရှိတယ်။ နည်းနည်းတော့ ဈေးကြီးတယ်။

(၁) ဗိုက်ကြောပြတ်တာအတွက် - pregnacare တနေ့ နှစ်ကြိမ်
(၂) ဒူး၊လက်မောင်းအကြောပြတ်ရင် - scarlet X တနေ့ နှစ်ကြိမ်
(၃) ခပ်သေးသေး သိပ်မသိသာတဲ့နေရာတွေမှာ အကြောပြတ်ရင် - scagel တနေ့တကြိမ် လိမ်းခိုင်းတယ်။ အကြောပြတ်တာအတွက် ဆေးတွေလိမ်းတဲ့အခါ သုံးလ-ခြောက်လထိ လိမ်းပေးဖို့လိုပါတယ်။ ဖြည့်စွက်ဆေးအနေနဲ့ vitamin E 400mg နဲ့ biotin 5mg  နေ့စဉ်ပေးရတယ်။ ဒီလိုသောက်ပေးခြင်းက အရေပြားအတွက်သာမက အကြောပြတ်ခြင်းကို ကာကွယ်ပေးတယ်။

လူဆိုတာမွေးတုန်းကထက်စာရင် ပိုလှချင်ကြသူတွေချည်းပါဘဲ။ အကြောပြတ်ခြင်းကို ကာကွယ် ဖို့ဆိုရင် အသား၊ငါး အသီးအနှံနှင့် အစိမ်းရောင် ရှိတဲ့ဟင်းသီးဟင်းရွက်တွေ ကိုစုံအောင်စားပေးခြင်းဖြင့် အကြောပြတ်ခြင်းကို ကာကွယ်နိုင်ပါလိမ့်မယ်။ 

(   Zawgyi  )

 ခႏၶာကိုယ္ေပၚကအေၾကာျပတ္တယ္ဆိုတာေရာဂါမဟုတ္ပါဘူး။

အေရျပားမွာ အျဖဴ စင္းေၾကာင္း လိုင္းေလးေတြ ေပၚတာကို အေၾကာျပတ္တယ္(stretch marks)လို႔ ေခၚပါတယ္။  ေပါင္၊ ရင္သား၊ တင္ပါး၊ လက္ေမာင္း၊ ဒူး စတဲ့ေနရာေတြမွာလည္းျဖစ္ၾကတယ္။ ကိုယ္ခႏၶာအႏွံ႔အျပားမွာေတြ႕ရတတ္ပါတယ္။ အမ်ားစုက  ဗိုက္ေၾကာျပတ္တာ (abdominal stretch marks) ျဖစ္ပါတယ္။ ကိုယ္ဝန္ေဆာင္မိခင္ေတြနဲ႔ အဝလြန္သူေတြမွာ ေတြ႕ရတယ္။ မိန္းကေလးေတြမွာ ေပါင္ အေၾကာျပတ္ရင္ အလွျပတ္သလို အားငယ္စိတ္ေတြဝင္ေစပါတယ္။
လူ႔အေရျပားမွာ အလႊာသုံးလႊာရွိတယ္။အေပၚယံအေရျပား (Epidermis)၊ အလယ္လႊာ (Dermis) နဲ႔ ေအာက္လႊာ(Hypodermic) ဆိုၿပီး သုံးလႊာရွိတယ္။ အေၾကာျပတ္တယ္ဆိုတာ အေပၚယံအေရျပားရဲ႕ေအာက္ Dermis(အလယ္လႊာ)မွာရွိတဲ့ဆဲလ္ေတြ ပုံမွန္ထက္ ႐ုန္းဆန႔္ရတာကေန ျဖစ္ေပၚလာတယ္။ ဥပမာ သားေရကြင္းတကြင္းကို မူလ ခံႏိုင္တာထက္ ပိုဆြဲဆန႔္လိုက္ရင္ ကြင္းက်ယ္လာတယ္။ ဒီသေဘာပါပဲ။ အေရျပားမွာ ကိုလာဂ်င္ေတြနဲ႔ ဖြဲ႕စည္းထားတာမို႔ တြယ္ဆက္လႊာ(connective tissue)ေတြက လိုအပ္တာထက္ပို႐ုန္းဆံ့ရရင္ အေၾကာျပတ္လာတယ္။ျဖစ္ကာစမွာ ပန္းေရာင္အစင္းေၾကာင္းေတြအရင္ေပၚလာၿပီး အခ်ိန္ ၾကာတာနဲ႔အမွ် ေငြေရာင္အစင္းေၾကာင္းေတြေပၚလာတယ္။ အဲလိုအခါမ်ိဳးမွာ ေပ်ာက္ဖို႔ခက္လာတယ္။

တကယ္ေတာ့ အေၾကာျပတ္တာ ေရာဂါတခုမဟုတ္ပါဘူး၊ သို႔ေသာ္ လူျမင္ကြင္းလိုေနရာမွာျဖစ္ရင္ ရွက္႐ြံ႕စရာ ၊ အားငယ္စရာ ျဖစ္ေကာင္း ျဖစ္ေနတတ္တယ္။ အေၾကာမျပတ္ေအာင္ လုပ္တဲ့ လက္ေတြ႕နည္းေတြရွိတယ္။  အိမ္သုံးနည္းထဲမွာ အလြယ္ဆုံးက ျမင္းခြာ႐ြက္ကို ညက္ေအာင္ႀကိတ္ၿပီး လိမ္းေပးရတာျဖစ္တယ္။ ေနာက္တနည္းက သံလြင္ဆီတဇြန္း၊ ၾကက္သြန္နီတျခမ္းနဲ႔ ရွားေစာင္းလက္ပပ္အႏွစ္ကို ေရာေထာင္းၿပီး အေၾကာျပတ္တဲ့ေနရာ အုံေပးရင္ သုံးလအတြင္း သိသိသာသာ သက္သာလာသတဲ့။အဆိုပါနည္းေတြက stretch marks အေၾကာျပတ္စ အေျခအေနမွာ ေကာင္းတယ္။ အဲဒါမွမရရင္ လိမ္းေဆးေတြလိုလာတယ္။ လိမ္းေဆးသုံးမ်ိဳးရွိတယ္။ နည္းနည္းေတာ့ ေဈးႀကီးတယ္။

(၁) ဗိုက္ေၾကာျပတ္တာအတြက္ - pregnacare တေန႔ ႏွစ္ႀကိမ္
(၂) ဒူး၊လက္ေမာင္းအေၾကာျပတ္ရင္ - scarlet X တေန႔ ႏွစ္ႀကိမ္
(၃) ခပ္ေသးေသး သိပ္မသိသာတဲ့ေနရာေတြမွာ အေၾကာျပတ္ရင္ - scagel တေန႔တႀကိမ္ လိမ္းခိုင္းတယ္။ အေၾကာျပတ္တာအတြက္ ေဆးေတြလိမ္းတဲ့အခါ သုံးလ-ေျခာက္လထိ လိမ္းေပးဖို႔လိုပါတယ္။ ျဖည့္စြက္ေဆးအေနနဲ႔ vitamin E 400mg နဲ႔ biotin 5mg  ေန႔စဥ္ေပးရတယ္။ ဒီလိုေသာက္ေပးျခင္းက အေရျပားအတြက္သာမက အေၾကာျပတ္ျခင္းကို ကာကြယ္ေပးတယ္။

လူဆိုတာေမြးတုန္းကထက္စာရင္ ပိုလွခ်င္ၾကသူေတြခ်ည္းပါဘဲ။ အေၾကာျပတ္ျခင္းကို ကာကြယ္ ဖို႔ဆိုရင္ အသား၊ငါး အသီးအႏွံႏွင့္ အစိမ္းေရာင္ ရွိတဲ့ဟင္းသီးဟင္း႐ြက္ေတြ ကိုစုံေအာင္စားေပးျခင္းျဖင့္ အေၾကာျပတ္ျခင္းကို ကာကြယ္ႏိုင္ပါလိမ့္မယ္။