အစာအိမ်ကို ဒုက္ခပေးတတ်သော H.Polyri အစာအိမ်ပိုးအကြောင်း

အစာအိမ်ကို ဒုက္ခပေးတတ်သော H.Polyri အစာအိမ်ပိုးအကြောင်း
 
H.pylori ဟုခေါ်သောအစာအိမ်ပိုးသည် အခြားသောဘတ်တီးရီးယားပိုးများနှင့်မတူညီသည့်အချက်မှာအစာအိမ်မှထုတ်သောအက်စစ်ထဲတွင်ရှင်သန်နိုင်ပြီး အစာအိမ်ကိုဒုက္ခပေးနိုင်သောကြောင့်ဖြစ်ပါသည်။
H.pylori ပိုးသည် အစားအသောက်မှတစ်ဆင့်ကူးစက်နေတတ်သောကြောင့် အလွယ်တကူကူးစက်နိုင်ပြီး အစာအိမ်ထဲတွင် လက္ခဏာထူးထူးခြားခြားမပေးဘဲနှစ်ပေါင်းများစွာရှိနေနိုင်ပါသည်။ 
 
အစာအိမ်ပိုးဖြစ်ပွားနှုန်း
 
အစာအိမ်ပိုးဟုခေါ်သော H.pylori သည် ကမ္ဘာပေါ်ရှိလူထက်ဝက်ကျော်ခန့်၏အစာအိမ်ထဲတွင် ကူးစက်ခံထားရပြီးပေါက်ဖွားနေပြီး ပိုးရှိသူအားလုံးတွင်တော့ရောဂါလက္ခဏာမပြတတ်ပေ။
သို့သော် အစာအိမ်လေနာခြင်း၊ ဗိုက်အောင့်ခြင်းကိုဖြစ်စေတတ်သောရောဂါတစ်မျိုးဖြစ်သည့် အူသိမ်အနာရှိသူအားလုံး နှင့် အစာအိမ်အနာရှိသူ ၆၀ ရာခိုင်နှုန်းခန့် တွင်အစာအိမ်ပိုးကူးစက်နေကြောင်းတွေ့ရှိရပါသည်။
H.pylori ပိုးရှိလျှင်လည်းအစာအိမ်ကင်ဆာဖြစ်နိုင်နှုန်းသည် ပိုးမရှိသူထက် ၆ဆပို၍ များကြောင်းတွေ့ရှိရပါသည်။
 
အစာအိမ်ကင်ဆာရောဂါတစ်မျိုးဖြစ်သည့် gastric mucosa associated lymphoma ( MALT) ရောဂါဆိုလျှင် ရှားပါးသော်လည်း H.pylori နှင့်များစွာသက်ဆိုင်မှုရှိပြီး H.pylori ပိုးသတ်ဆေးသောက်ခြင်းဖြင့်
အဆိုပါကင်ဆာရှိသူ၏၇၅ရာခိုင်နှုန်းသည် ရောဂါသက်သာသွားကြောင်းတွေ့ရှိရပါသည်။
 
H. pylori ပိုးရှိနေခြင်း၏ရောဂါလက္ခဏာများ
 
H.pylori ရှိနေခြင်းသည်လက္ခဏာမပြဘဲရှိတတ်သကဲ့သို့ 
၁။ အစာမကြေခြင်း၊
၂။  ဗိုက်ကြီးတင်းနေခြင်း၊ 
၃။ အစာစားချင်စိတ်မရှိဘဲ နည်းနည်းစားရုံဖြင့် ဗိုက်ပြည့်နေသလိုဖြစ်ခြင်း၊ 
၄။ ပျို့ချင်၊အန်ချင်ခြင်း
၅။ ဗိုက်အောင့်ခြင်း
၆။ ရင်ပူခြင်း
၇။ ပါးစပ်မှအနံ့နံခြင်း
၈။ မနက်စောစော တွင် ဆာလောင်ခြင်းစသည့် လက္ခဏာများလည်းရှိနိုင်ပါသည်။
 
H.pylori  သည် မည်သို့အစာအိမ်ကိုဒုက္ခပေးသနည်း။
 
H.pylori သည် အစာအိမ်ကိုရေရှည်အစာအိမ်ရောင်ခြင်းကို ဖြစ်စေပြီးထိုမှတစ်ဆင့်အူသိမ်အနာ၊ အစာအိမ်အနာများနှင့် နောက်ပိုင်းတွင် အစာအိမ်ကင်ဆာ၊ MALToma ကင်ဆာတို့ကိုဖြစ်စေပါသည်။
ရေရှည်အစာအိမ်ရောင်ခြင်းဖြစ်ပေါ်ပုံမှာ H.pylori ပိုးသည် တိုက်ရိုက်အစာအိမ်နံရံကိုတိုက်ခိုက် ဝင်ရောက်ခြင်းမျိုးမဟုတ်ဘဲ H.pylori ပိုးနှင့်ထိတွေ့သောအစာအိမ်နံရံရှိ ဆဲလ် များသည် ရောင်ရမ်းဓာတ်များထုတ်လုပ်ပြီး
အစာအိမ်နံရံရောင်ခြင်းဖြစ်ပေါ်ပါသည်။
 
ALARMS signs အရေးကြီးသောလက္ခဏာ များ
(အစာအိမ်မှန်ပြောင်းမဖြစ်မနေကြည့်ရမည့် အချက်များ)
 
၁။ အသက် ၅၅ နှစ်ကျော်
၂။ ကိုယ်အလေးချိန်ကျသွားခြင်း၊ ပိန်သွားခြင်း
၃။ သွေးအားနည်းခြင်း(ဖြုဖျော့ခြင်း၊ မောပန်းလွယ်ခြင်း)
၄။ ရင်ခေါင်းတောင့်ခြင်း၊ မအီမသာဖြစ်ခြင်း သည် အရင် နှင့် မတူဘဲ ပိုဆိုးလာခြင်း
၅။ ရင်ခေါင်းတောင့်ခြင်း၊ မအီမသာဖြစ်ခြင်း သည် တစ်ခါမှမဖြစ်ဖူးပဲ ခုမှစဖြစ်လာခြင်း
၆။ ဝမ်းမဲမဲသွားခြင်းသို့မဟုတ် ဝမ်းထဲတွင်သွေးပါခြင်း
၇။ အစာမျိုရခက်ခဲခြင်း၊ နင်ခြင်း
၈။ သွေးအန်ခြင်း
 
အထက်ပါလက္ခဏာများသည် သာမန်အစာအိမ်လေနာခြင်းထက်ပို၍ဆိုးသောကင်ဆာလက္ခဏာ၏ရှေ့ပြေးနိမိတ်များဖြစ်သောကြောင့် အထက်ပါလက္ခဏာတစ်မျိုးမျိုးရှိနေပါကအစာအိမ်နှင့်
အူလမ်းကြောင်းအထူးကုသမားတော် နှင့် အမြန်ပြ၍ လိုအပ်ပါက 
အစာအိမ်မှန်ပြောင်းချက်ချင်းကြည့်ရန်လမ်းညွှန်ထားပါသည်။
 
အစာအိမ်မှန်ပြောင်းကြည့်ခြင်းသည်အစာအိမ်ထဲသို့ကင်မရာဖြင့်ရိုက်ကူးခြင်းဖြစ်ပြီး အစာအိမ်ထဲတွင် အလုံးအကြိတ်များရှိနေခြင်း၊ အနာများရှိနေခြင်း၊ရောင်ရမ်းခြင်းများရှိနေခြင်း၊ အစာအိမ်ထွက်ပေါက်မှတစ်ဆင့်
အူသိမ်ဦးပိုင်းအထိကြည့်ရှုနိုင်သဖြင့် အူသိမ်ဦးပိုင်း အနာများကိုတွေ့နိုင်ရုံသာမက အစာအိမ်နံရံမှအသားစယူစစ်ဆေးပြီး ကင်ဆာဆဲလ်များပြောင်းနေမပြောင်းနေကြည့်ရှုခြင်းအပြင် အစာအိမ်ပိုး H.pylori ကို
အသားစမှစစ်ဆေးခြင်းသည်အတိကျဆုံးဖြစ်သဖြင့် အစာအိမ်ပိုးပါစစ်ဆေးပြီး ပိုးရှိပါက ပိုးသတ်ဆေးကို  ၂ ပတ် သောက်ရပါသည်။ 
 
H.pylori ပိုးအားရှာဖွေခြင်းနည်းလမ်းများ
 
၁။ ဝမ်းထဲတွင် H.pylori  ပိုးပါမပါစစ်ဆေးခြင်း (H.pylori fecal antigen)
၂။ လေမှုတ်၍ စစ်ဆေးခြင်း
  အစာအိမ်ပိုးသည် အစာအိမ်တွင်းတွင် urease ဟုခေါ်သောအင်ဇိုင်းတစ်မျိုးကိုထုတ်လုပ်သဖြင့် ထိုအင်ဇိုင်းဓာတ်ပြုချေဖျက်ရာမှထွက်လာသော carbon  သည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့်
ရှူထုတ်သောလေထဲတွင် ပါလာသည်။ ထို Carbon ကို စစ်ဆေးခြင်းဖြင့် H.pylori  ပိုးကူးစက်ခံထားမထားသိနိုင်ပါသည်။
၃။ သွေးဖောက်စစ်ဆေးခြင်း( H.pylori serology)
၄။ အစာအိမ်မှန်ပြောင်းကြည့်ရှုပြီး အသားစယူစစ်ဆေးခြင်း
ရောဂါအဆင့်သတ်မှတ်ခြင်း
အစာအိမ်တွင်ပြောင်းလဲမှုအဆင့်ဆင့်မှအစာအိမ်ကင်ဆာထိပြောင်းလဲသွားနိုင်သောအဆင့်များရှိပါသည်။ 
 
၁။ နာတာရှည်အစာအိမ်ရောင်ခြင်း( Chronic gastritis)
၂။ နံရံပါးလာသော အစာအိမ်ရောင်ခြင်း အဆင့် ( Atrophic gastritis)
၃။ ဆဲလ်ပြောင်းလဲလာသောအဆင့် ( Metaplsia to dysplasia)
၄။ ကင်ဆာအဆင့် 
H.pylori ပိုးကုသခြင်း
 H.pylori ပိုးကို ကုသရန်မှာ အများအားဖြင့်ပိုးသတ်ဆေးနှစ်မျိုးနှင့် အစာအိမ်ဆေးကိုတွဲဖက်သောက်သုံးရလေ့ ရှိပြီး ၂ ပတ်သောက်ရန်လိုအပ်ပါသည်။ပိုးရှိနေရုံသက်သက်ဖြင့်  ခွဲစိတ်ကုသရန်မလိုအပ်ပေ။ 
 
သက်ရှည်ကျန်းမာကြပါစေ။

(Zawgyi font)

အစာအိမ္ကုိ ဒုကၡေပးတတ္ေသာ H.Polyri အစာအိမ္ပုိးအေၾကာင္း
 
H.pylori ဟုေခၚေသာအစာအိမ္ပိုးသည္ အျခားေသာဘတ္တီးရီးယားပိုးမ်ားနွင့္မတူညီသည့္အခ်က္မွာအစာအိမ္မွထုတ္ေသာအက္စစ္ထဲတြင္ရွင္သန္နုိင္ျပီး အစာအိမ္ကိုဒုကၡေပးနုိင္ေသာေၾကာင့္ျဖစ္ပါသည္။
H.pylori ပိုးသည္ အစားအေသာက္မွတစ္ဆင့္ကူးစက္ေနတတ္ေသာေၾကာင့္ အလြယ္တကူကူးစက္နုိင္ျပီး အစာအိမ္ထဲတြင္ လကၡဏာထူးထူးျခားျခားမေပးဘဲနွစ္ေပါင္းမ်ားစြာရိွေနနုိင္ပါသည္။ 
 
အစာအိမ္ပိုးျဖစ္ပြားနႈန္း
 
အစာအိမ္ပိုးဟုေခၚေသာ H.pylori သည္ ကမၻာေပၚရိွလူထက္၀က္ေက်ာ္ခန္႔၏အစာအိမ္ထဲတြင္ ကူးစက္ခံထားရျပီးေပါက္ဖြားေနျပီး ပိုးရိွသူအားလံုးတြင္ေတာ့ေရာဂါလကၡဏာမျပတတ္ေပ။
သို႔ေသာ္ အစာအိမ္ေလနာျခင္း၊ ဗုိက္ေအာင့္ျခင္းကိုျဖစ္ေစတတ္ေသာေရာဂါတစ္မ်ိဳးျဖစ္သည့္ အူသိမ္အနာရိွသူအားလံုး နွင့္ အစာအိမ္အနာရိွသူ ၆၀ ရာခိုင္နႈန္္းခန္႔ တြင္အစာအိမ္ပိုးကူးစက္ေနေၾကာင္းေတြ႔ရိွရပါသည္။
H.pylori ပိုးရိွလ်ွင္လည္းအစာအိမ္ကင္ဆာျဖစ္နုိင္နႈန္းသည္ ပိုးမရိွသူထက္ ၆ဆပို၍ မ်ားေၾကာင္းေတြ႔ရိွရပါသည္။
 
အစာအိမ္ကင္ဆာေရာဂါတစ္မ်ိဳးျဖစ္သည့္ gastric mucosa associated lymphoma ( MALT) ေရာဂါဆုိလ်ွင္ ရွားပါးေသာ္လည္း H.pylori နွင့္မ်ားစြာသက္ဆိုင္မႈရိွျပီး H.pylori ပိုးသတ္ေဆးေသာက္ျခင္းျဖင့္
အဆုိပါကင္ဆာရိွသူ၏၇၅ရာခုိင္နႈန္းသည္ ေရာဂါသက္သာသြားေၾကာင္းေတြ႔ရိွရပါသည္။
 
H. pylori ပိုးရိွေနျခင္း၏ေရာဂါလကၡဏာမ်ား
 
H.pylori ရိွေနျခင္းသည္လကၡဏာမျပဘဲရိွတတ္သကဲ့သို႔ 
၁။ အစာမေၾကျခင္း၊
၂။  ဗုိက္ၾကီးတင္းေနျခင္း၊ 
၃။ အစာစားခ်င္စိတ္မရိွဘဲ နည္းနည္းစားရံုျဖင့္ ဗုိက္ျပည့္ေနသလိုျဖစ္ျခင္း၊ 
၄။ ပ်ိဳ႔ခ်င္၊အန္ခ်င္ျခင္း
၅။ ဗုိက္ေအာင့္ျခင္း
၆။ ရင္ပူျခင္း
၇။ ပါးစပ္မွအနံ႔နံျခင္း
၈။ မနက္ေစာေစာ တြင္ ဆာေလာင္ျခင္းစသည့္ လကၡဏာမ်ားလည္းရိွနုိင္ပါသည္။
 
H.pylori  သည္ မည္သို႔အစာအိမ္ကိုဒုကၡေပးသနည္း။
 
H.pylori သည္ အစာအိမ္ကိုေရရွည္အစာအိမ္ေရာင္ျခင္းကို ျဖစ္ေစျပီးထုိမွတစ္ဆင့္အူသိမ္အနာ၊ အစာအိမ္အနာမ်ားနွင့္ ေနာက္ပိုင္းတြင္ အစာအိမ္ကင္ဆာ၊ MALToma ကင္ဆာတို႔ကိုျဖစ္ေစပါသည္။
ေရရွည္အစာအိမ္ေရာင္ျခင္းျဖစ္ေပၚပံုမွာ H.pylori ပိုးသည္ တုိက္္ရိုက္အစာအိမ္နံရံကိုတိုက္ခိုက္ ၀င္ေရာက္ျခင္းမ်ိဳးမဟုတ္ဘဲ H.pylori ပိုးနွင့္ထိေတြ႔ေသာအစာအိမ္နံရံရိွ ဆဲလ္ မ်ားသည္
ေရာင္ရမ္းဓာတ္မ်ားထုတ္လုပ္ျပီး အစာအိမ္နံရံေရာင္ျခင္းျဖစ္ေပၚပါသည္။
 
ALARMS signs အေရးၾကီးေသာလကၡဏာ မ်ား
(အစာအိမ္မွန္ေျပာင္းမျဖစ္မေနၾကည့္ရမည့္ အခ်က္မ်ား)
 
၁။ အသက္ ၅၅ နွစ္ေက်ာ္
၂။ ကိုယ္အေလးခ်ိန္က်သြားျခင္း၊ ပိန္သြားျခင္း
၃။ ေသြးအားနည္းျခင္း(ျဖဳေဖ်ာ႔ျခင္း၊ ေမာပန္းလြယ္ျခင္း)
၄။ ရင္ေခါင္းေတာင့္ျခင္း၊ မအီမသာျဖစ္ျခင္း သည္ အရင္ နွင့္ မတူဘဲ ပိုဆိုးလာျခင္း
၅။ ရင္ေခါင္းေတာင့္ျခင္း၊ မအီမသာျဖစ္ျခင္း သည္ တစ္ခါမွမျဖစ္ဖူးပဲ ခုမွစျဖစ္လာျခင္း
၆။ ၀မ္းမဲမဲသြားျခင္းသို႔မဟုတ္ ၀မ္းထဲတြင္ေသြးပါျခင္း
၇။ အစာမ်ိဳရခက္ခဲျခင္း၊ နင္ျခင္း
၈။ ေသြးအန္ျခင္း
 
အထက္ပါလကၡဏာမ်ားသည္ သာမန္အစာအိမ္ေလနာျခင္းထက္ပို၍ဆုိးေသာကင္ဆာလကၡဏာ၏ေရွ႔ေျပးနိမိတ္မ်ားျဖစ္ေသာေၾကာင့္ အထက္ပါလကၡဏာတစ္မ်ိဳးမ်ိဳးရိွေနပါကအစာအိမ္နွင့္
အူလမ္းေၾကာင္းအထူးကုသမားေတာ္ နွင့္ အျမန္ျပ၍ လိုအပ္ပါက 
အစာအိမ္မွန္ေျပာင္းခ်က္ခ်င္းၾကည့္ရန္လမ္းညႊန္ထားပါသည္။
 
အစာအိမ္မွန္ေျပာင္းၾကည့္ျခင္းသည္အစာအိမ္ထဲသို႔ကင္မရာျဖင့္ရိုက္ကူးျခင္းျဖစ္ျပီး အစာအိမ္္ထဲတြင္ အလံုးအၾကိတ္မ်ားရိွေနျခင္း၊ အနာမ်ားရိွေနျခင္း၊ေရာင္ရမ္းျခင္းမ်ားရိွေနျခင္း၊
အစာအိမ္ထြက္ေပါက္မွတစ္ဆင့္အူသိမ္ဦးပိုင္းအထိၾကည့္ရွဳနုိင္သျဖင့္ အူသိမ္ဦးပိုင္း အနာမ်ားကိုေတြ႔နိုင္ရံုသာမက အစာအိမ္နံရံမွအသားစယူစစ္ေဆးျပီး ကင္ဆာဆဲလ္မ်ားေျပာင္းေနမေျပာင္းေနၾကည့္ရွဳျခင္းအျပင္
အစာအိမ္ပိုး H.pylori ကုိ အသားစမွစစ္ေဆးျခင္းသည္အတိက်ဆံုးျဖစ္သျဖင့္ အစာအိမ္ပိုးပါစစ္ေဆးျပီး ပိုးရိွပါက ပိုးသတ္ေဆးကို  ၂ ပတ္ ေသာက္ရပါသည္။ 
 
H.pylori ပိုးအားရွာေဖြျခင္းနည္းလမ္းမ်ား
 
၁။ ၀မ္းထဲတြင္ H.pylori  ပိုးပါမပါစစ္ေဆးျခင္း (H.pylori fecal antigen)
၂။ ေလမႈတ္၍ စစ္ေဆးျခင္း
  အစာအိမ္ပိုးသည္ အစာအိမ္တြင္းတြင္ urease ဟုေခၚေသာအင္ဇုိင္းတစ္မ်ိဳးကိုထုတ္လုပ္သျဖင့္ ထိုအင္ဇိုင္းဓာတ္ျပဳေခ်ဖ်က္ရာမွထြက္လာေသာ carbon  သည္ အသက္ရွဴလမ္းေၾကာင္းမွတစ္ဆင့္
ရွဴထုတ္ေသာေလထဲတြင္ ပါလာသည္။ ထုိ Carbon ကို စစ္ေဆးျခင္းျဖင့္ H.pylori  ပိုးကူးစက္ခံထားမထားသိႏုိင္ပါသည္။
၃။ ေသြးေဖာက္စစ္ေဆးျခင္း( H.pylori serology)
၄။ အစာအိမ္မွန္ေျပာင္းၾကည့္ရွဳျပီး အသားစယူစစ္ေဆးျခင္း
ေရာဂါအဆင့္သတ္မွတ္ျခင္း
အစာအိမ္တြင္ေျပာင္းလဲမႈအဆင့္ဆင့္မွအစာအိမ္ကင္ဆာထိေျပာင္းလဲသြားနုိင္ေသာအဆင့္မ်ားရိွပါသည္။ 
 
၁။ နာတာရွည္အစာအိမ္ေရာင္ျခင္း( Chronic gastritis)
၂။ နံရံပါးလာေသာ အစာအိမ္ေရာင္ျခင္း အဆင့္ ( Atrophic gastritis)
၃။ ဆဲလ္ေျပာင္းလဲလာေသာအဆင့္ ( Metaplsia to dysplasia)
၄။ ကင္ဆာအဆင့္ 
H.pylori ပိုးကုသျခင္း
 H.pylori ပိုးကို ကုသရန္မွာ အမ်ားအားျဖင့္ပိုးသတ္ေဆးနွစ္မ်ိဳးနွင့္ အစာအိမ္ေဆးကိုတြဲဖက္ေသာက္သံုးရေလ႔ ရိွျပီး ၂ ပတ္ေသာက္ရန္လိုအပ္ပါသည္။ပိုးရိွေနရံုသက္သက္ျဖင့္  ခြဲစိတ္ကုသရန္မလိုအပ္ေပ။ 
 
သက္ရွည္က်န္းမာၾကပါေစ။