အာဟာရတန်ဖိုးအပြည့်ဝဆုံး ကြက်ဥအကြောင်းတစေ့တစောင်း

 
 ကြက်ဥကိုဆေးပညာအရပြောရမယ်ဆိုရင် အာဟာရတန်ဖိုး ၁၀၀ % အပြည့် ပါဝင်တဲ့ အစားအစာတစ်မျိုးပါ။ ကြက်ဥမှာ ကယ်လိုရီပမာဏ ၇၈ ပဲရှိပါတယ်။
ကြက်ဥအစိမ်းတစ်လုံးမှာ Vitamin C မှလွဲ၍ အခြား Vitamin နှင့် Mineral များစွာပါဝင်ပါတယ်။
ကြက်ဥအကာတွင် ပရိုတင်းဓာတ် ၆၀% ပါသလို အနှစ်တွင်လည်း ပရိုတင်းဓာတ် ၄၀ % ပါဝင်တဲ့အပြင် ကယ်စီယမ်၊မက်နီစီယမ် ၊ သံဓာတ်၊ ဖော့စဖောရတ်၊ ဇင့်၊ ဖောလစ်အက်စစ်၊
Vitamin B1, B6, B12, B9, Biotin, A , D , E , Omega 3 , Choline , Lutein နှင့် Zeaxanthin တို့ ပါရှိပါတယ်။
 
 ကြက်ဥအနှစ်မှာ Cholestrol ပါတယ်ဆိုပြီး တစ်ချို့လူတွေက မစားကြပါဘူး။ ခန္ဓာကိုယ်ဟာ Cholestrol တစ်နေ့ကို 300 mg ခန့်လိုအပ်ပါတယ်။ကြက်ဥမှာပါတဲ့ Cholestrol က
ကျန်းမာရေးအတွက် ဆိုးကျိုးမပေးတဲ့ Cholestrol ပါ။ ကြက်ဥမှာ Cholestrol 220 mg ပဲပါတဲ့အတွက် Cholesterol တက်မှာကြောက်စရာမလိုတော့ဘူးပေါ့။
 
 ကြက်ဥမှာ Omega 3 Fatty Acid ပါဝင်တာကြောင့် နှလုံးရောဂါဖြစ်ပွားမှုကို လျော့ချပေးပါတယ်။ 
 
 ကြက်ဥမှာပါတဲ့ Choline ဓာတ်ဟာ ဉာဏ်ရည်ဖွံ့ဖြိုးစေပြီး မှတ်ဉာဏ်အားကောင်းစေပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါဖြစ်ပွားနှုန်းကိုလည်း လျော့ချပေးပါတယ်။ 
 
ကျွန်တော်တို့ရဲ့မျက်စိထဲကို နေရောင်ခြည်နဲ့အတူ ခရမ်းလွန်ရောင်ခြည်တွေပါ ပါလာတဲ့အတွက် မျက်စိမှာရှိတဲ့ မှန်ဘီလူးခုံးနဲ့ မျက်ကြည်လွှာဟာ အသက်ကြီးတဲ့အခါမှာ တဖြည်းဖြည်းပျက်စီးလာပါတယ်။
ကြက်ဥမှာ Carotenoid တွေဖြစ်တဲ့ Lutein နဲ့ Zeaxanthin ဓာတ်တိုးကာကွယ်ပစ္စည်းများပါဝင်ပါတယ်။Carotenoid က Retina နဲ့ Macular မှာဆိုရင် Lutein (လူတင်း) ရှိနေပြီး
Fovea မှာ Zeaxanthin (ဇီဇန်သင်း) ရှိပါတယ်။သူတို့တွေ လုံလုံလောက်လောက်ရှိနေရင် UV ရဲ့ဒဏ်ကနေ ကာကွယ်ပေးထားလို့  Cataract လို့ခေါ်တဲ့ မျက်စိတိမ်စွဲတာတို့၊
AMD (Age-related Macular Degeneration) မျက်စိကွယ်ခြင်း
မဖြစ်အောင် ကာကွယ်ပေးပါတယ်။  အလင်းရောင်အန္တရာယ်မှ ကာကွယ်ပေးပြီး မျက်စိအမြင်ကို ကြည်လင်ပြတ်သားအောင် ကာကွယ်ပေးပါတယ်။
 
 ကြက်ဥထဲမှာပါတဲ့ Vitamin D ဟာ ကယ်စီယမ်ဓာတ်ကို ပိုမိုစုပ်ယူပေးတာကြောင့် အရိုးနဲ့သွားတွေကို ခိုင်မာစေပါတယ်။
 
ကြက်ဥမှာ Vitamin B9 (Folic acid ) ပါဝင်ခြင်းကြောင့် သန္ဓေသားဖြစ်တည်မှုနဲ့ ကြီးထွားဖွံ့ဖြိုးမှုအားကောင်းစေတဲ့အတွက် ကြက်ဥပုံမှန်စားသုံးပေးခြင်းက အထောက်အကူပြုပါတယ်။
အသက် ၆ လမှစပြီး ကြက်ဥတစ်လုံးကို ဖြည့်စွက်စာအနေနဲ့ ကျွေးခြင်းဖြင့် ကလေးကြီးထွားနှုန်းမှာ အထောက်အကူပြုပါတယ်။
 
အလှအပအတွက်ဆိုရင်တော့ ကြက်ဥထဲမှာပါတဲ့ Biotin နဲ့ Protein ဟာ အသားအရေကို တင်းရင်းကြည်လင်ဝင်းပစေရုံမက ဆံပင်ကိုပါ သန်စွမ်းစေပါတယ်။ ကြက်ဥအကာနှင့် သံလွင်ဆီ ရောပြီး
၁ ပတ် ၂ ခါ  ၁၅ မိနစ်မှမိနစ်၂၀ အထိ ပေါင်းတင်ပေးခြင်းအားဖြင့် ဆံပင်ကျွတ်ခြင်းကို သက်သာစေပါတယ်။
 
 
ကြက်ဥစားရင်အနှစ်ပါစားမှ အကျိုးများမှာဖြစ်ပါတယ် လို့အကြံပြုလိုက်ပါတယ်။
 
 
ကျန်းမာပျော်ရွှင်ကြပါစေ။
 ဇီ၀ကဆေး (၁)