အူအတက်ရောင်ခြင်းအကြောင်းသိကောင်းစရာ

အူအတက်ဆိုတာ အူမကြီးမှာ တွယ်ကပ်နေတဲ့ ပြွန်ပုံစံ အင်္ဂါအစိတ်အပိုင်း သေးသေးလေးဖြစ်ပါတယ်။ ၎င်းက ဗိုက်အောက်ပိုင်းညာဘက်ခြမ်းမှာ တည်ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ ၎င်းက ဘာမှမလုပ်ပေမဲ့ ပိတ်ဆို့မှု ဖြစ်သွားတဲ့ အခါမှာတော့ ခန္ဓာကိုယ်ကို ဒုက္ခပေးလာနိုင်ပြီး အသက်အန္တရာယ်ပါရှိလာနိုင်ပါတယ်။
အူအတက်ရောင်တာက အသက်အရွယ်မရွေးဖြစ်နိုင်တဲ့ အဖြစ်များတဲ့ ရောဂါဖြစ်ပါတယ်။
 
အူအတက်ရောင်ရင် အောက်ပါလက္ခဏာတွေခံစားရနိုင်ပါတယ်
-ချက်ရဲ့ အနီးအပေါ်အလယ်ပိုင်းမှာ စပြီးအောင့်လေ့ရှိပါတယ်။ ၎င်းနာတာက တဖြည်းဖြည်းနဲ့ ဝမ်းဗိုက်၏ ညာအောက်ပိုင်းထောင့်တစ်နေရာထိ ရွေ့သွားတတ်ပါတယ်။
- ချောင်းဆိုးတယ်၊ လမ်းလျှောက်တယ် ဒါမှမဟုတ် လှုပ်လှုပ်ရှားရှားလုပ်လိုက်ရင်ပိုအောင့်မယ်
- ပျို့တက်ပြီးအော့အန်မယ်
- အစာစားချင်စိတ်မရှိဖြစ်မယ်
- အူအတက်စစရောင်ချိန်မှာငွေ့ငွေ့ဖျားမယ်၊ ပိုရောင်လာလေအဖျားပိုတက်လေဖြစ်မယ်
- ဝမ်းချုပ်မယ် ဒါမှမဟုတ် ဝမ်းလျှောမယ်
- ဗိုက်ထဲမှာလေပွနေမယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။
 
တစ်ခုမှတ်ထားရမှာက လူနာရဲ့အသက်အရွယ်နဲ့ အူအတက်တည်နေရာပေါ်မူတည်ပြီး နာကျင်တဲ့နေရာကွဲပြားနိုင်ပါတယ်( ဥပမာပြောရရင် ကိုယ်ဝန်ရှိနေတဲ့အမျိုးသမီးတစ်ယောက်အူအတက်ရောင်ရင် ဝမ်းဗိုက်အပေါ်ဖက်နားကနာကျင်မှုခံစားရနိုင်ပါတယ်။)
 
ဘာကြောင့်ဖြစ်တာလဲ။
အူအတက်ရောင်ခြင်းကို အဓိကဖြစ်စေတာကတော့ ပိတ်ဆို့မှုကြောင့်ဖြစ်ပါတယ်။ 
ပိတ်ဆို့မှုက မစင်ကြောင့်၊ တခြားပြင်ပအရာ သို့ ကင်ဆာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ပိတ်ဆို့မှု ဖြစ်လျှင် ဘက်တီးရီးယားပိုးတွေက ကြီးထွားပြီး ပွားများလာနိုင်ပါတယ်။ ဒီလိုဖြစ်ခြင်းက အူအတက်ကို ရောင်စေပြီး ပြည်တွေနဲ့ ပြည့်စေပါတယ်။ 
အူအတက်ပေါက်သွားလျှင် ဘက်တီးရီးယားတွေက ပြန့်နှံ့သွားပြီး ခန္ဓာကိုယ်မှ တခြားအစိတ်အပိုင်းတွေကို ကူးစက်စေပါတယ်။ တချို့လူနာတွေမှာ အူအတက်က ရောဂါပိုးတခုခုကြောင့်လဲ ရောင်တတ်ပါတယ်။
 
အူအတက်ရောင်တာဟုတ်မဟုတ်အောက်ပါစစ်ဆေးမှုတွေပြုလုပ်ရပါတယ်။
• သင့်ရဲ့ နာကျင်တဲ့ နေရာကို သိနိုင်ရန် လက်တွေ့ စမ်းသပ်ခြင်း
• ရောဂါပိုးရှိမရှိ သွေးစစ်ခြင်း
• သင့်ရဲ့ နာကျင်မှုက ဆီးလမ်းကြောင်းပိုးဝင်ခြင်း သို့ ကျောက်တည်ခြင်းကြောင့် ဟုတ်မဟုတ် ဆီးစစ်ကြည့်ခြင်း
ဓာတ်မှန်၊ ဝမ်းဗိုက်အက်ထရာဆောင်း သို့ ကွန်ပြူတာဓာတ်မှန်တွေလဲ ရိုက်ကြည့်နိုင်ပါတယ်။
 
အူအတက်ဖြစ်တာသေချာပြီဆိုရင်တော့ ကုသမှုဆက်ခံယူရပါမယ်။ များသောအားဖြင့် ခွဲစိတ်ကုသမှု (ရောင်နေတဲ့အူအတက်ကို ဖယ်ရှားခြင်း - appendectomy )ပြုလုပ်ရင် ပျောက်ကင်းသွားနိုင်ပါတယ်။
အသုံးများတဲ့ အူအတက်ခွဲခြင်း ၂ မျိုးရှိပါတယ်။
• Laparoscopic appendectomy - မှန်ပြောင်းပါတဲ့ ပြွန်ချောင်းလေးကို ဝမ်းဗိုက်တွင်း ထည့်ကြည့်ပြီး အူအတက်ကို ဖယ်ရှားတဲ့ နည်းဖြစ်ပါတယ်။
• Open appendectomy - ဝမ်းဗိုက်ညာဘက်ပိုင်းမှာ ခွဲရာပေးပြီး အူအတက်ကို လှီးထုတ်ခြင်းဖြစ်ပါတယ်။
ဆရာဝန်တွေက ရောဂါပိုးအတွက် ပဋိဇီဝဆေးများပေးခြင်း၊ အနာသက်သာဆေးများ နှင့် ဝမ်းချုပ်ခြင်းတွေ အတွက် ဝမ်းပျော့ဆေးများပေးနိုင်ပါတယ်။
 
ပုံမှန်ဆိုလျှင် လူနာအများစုက ဆေးရုံမှာ တစ်ရက်လောက်သာနေရပြီး ခွဲစိပ်ပြီးတဲ့နေ့မှာပဲ အိမ်ပြန်လို့ ရလေ့ရှိပါတယ်။ ပိုဆိုးတဲ့ အူအတက်ပေါက်ပြဲသွားတဲ့ အခြေအနေတွေဆိုလျှင်တော့ ဆေးရုံတက်ရက်တွေ ပိုမို ကြာနိုင်ပြီး အကြောထဲသို့ ပဋိဇီဝဆေးတွေ သွင်းရနိုင်ပါတယ်။ဆရာဝန်က နောက်ဆက်တွဲရောဂါတွေ ရှိမရှိ စောင့်ကြည့်ပါလိမ့်မယ်။
 
ကျန်းမာပျော်ရွှင်ကြပါစေ။
အူအတက္ေရာင္ျခင္းအေၾကာင္းသိေကာင္းစရာ
 
အူအတက္ဆိုတာ အူမၾကီးမွာ တြယ္ကပ္ေနတဲ့ ျပြန္ပံုစံ အဂၤါအစိတ္အပိုင္း ေသးေသးေလးျဖစ္ပါတယ္။ ၄င္းက ဗိုက္ေအာက္ပိုင္းညာဘက္ျခမ္းမွာ တည္ရွိပါတယ္။ ပံုမွန္အားျဖင့္ေတာ့ ၄င္းက ဘာမွမလုပ္ေပမဲ့ ပိတ္ဆို႔မွဳ ျဖစ္သြားတဲ့ အခါမွာေတာ့ ခႏၶာကိုယ္ကို ဒုကၡေပးလာနိုင္ျပီး အသက္အႏၱရာယ္ပါရွိလာနိုင္ပါတယ္။
အူအတက္ေရာင္တာက အသက္အရြယ္မေရြးျဖစ္နိုင္တဲ့ အျဖစ္မ်ားတဲ့ ေရာဂါျဖစ္ပါတယ္။
 
အူအတက္ေရာင္ရင္ ေအာက္ပါလကၡဏာေတြခံစားရႏုိင္ပါတယ္
-ခ်က္ရဲ့ အနီးအေပၚအလယ္ပိုုင္းမွာ စျပီးေအာင့္ေလ့ရွိပါတယ္။ ၄င္းနာတာက တျဖည္းျဖည္းနဲ့ ၀မ္းဗိုက္၏ ညာေအာက္ပိုင္းေထာင့္တစ္ေနရာထိ ေရြ႕သြားတတ္ပါတယ္။
- ေခ်ာင္းဆိုးတယ္၊ လမ္းေလွ်ာက္တယ္ ဒါမွမဟုတ္ လႈပ္လႈပ္ရွားရွားလုပ္လုိက္ရင္ပိုေအာင့္မယ္
- ပ်ဳိ႕တက္ၿပီးေအာ့အန္မယ္
- အစာစားခ်င္စိတ္မရွိျဖစ္မယ္
- အူအတက္စစေရာင္ခ်ိန္မွာေငြ႔ေငြ႔ဖ်ားမယ္၊ ပိုေရာင္လာေလအဖ်ားပိုတက္ေလျဖစ္မယ္
- ၀မ္းခ်ဳပ္မယ္ ဒါမွမဟုတ္ ၀မ္းေလွ်ာမယ္
- ဗုိက္ထဲမွာေလပြေနမယ္ စတဲ့လကၡဏာေတြခံစားရႏိုင္ပါတယ္။
 
တစ္ခုမွတ္ထားရမွာက လူနာရဲ႕အသက္အရြယ္နဲ႔ အူအတက္တည္ေနရာေပၚမူတည္ၿပီး နာက်င္တဲ့ေနရာကဲြျပားႏိုင္ပါတယ္( ဥပမာေျပာရရင္ ကုိယ္၀န္ရွိေနတဲ့အမ်ဳိးသမီးတစ္ေယာက္အူအတက္ေရာင္ရင္ ၀မ္းဗိုက္အေပၚဖက္နားကနာက်င္မႈခံစားရႏိုင္ပါတယ္။)
 
ဘာေျကာင့္ျဖစ္တာလဲ။
အူအတက္ေရာင္ျခင္းကို အဓိကျဖစ္ေစတာကေတာ့ ပိတ္ဆို႔မွဳေၾကာင့္ျဖစ္ပါတယ္။ 
ပိတ္ဆို႔မွုက မစင္ေၾကာင့္၊ တျခားျပင္ပအရာ သို႔ ကင္ဆာေၾကာင့္လဲ ျဖစ္နိုင္ပါတယ္။ ပိတ္ဆို႕မွဳ ျဖစ္လွ်င္ ဘက္တီးရီးယားပိုးေတြက ၾကီးထြားျပီး ပြားမ်ားလာနိုင္ပါတယ္။ ဒီလိုျဖစ္ျခင္းက အူအတက္ကို ေရာင္ေစျပီး ျပည္ေတြနဲ့ ျပည့္ေစပါတယ္။ 
အူအတက္ေပါက္သြားလွ်င္ ဘက္တီးရီးယားေတြက ျပန္႔ႏွံ႔သြားျပီး ခႏၶာကိုယ္မွ တျခားအစိတ္အပိုင္းေတြကို ကူးစက္ေစပါတယ္။ တခ်ိဳ႕လူနာေတြမွာ အူအတက္က ေရာဂါပိုးတခုခုေၾကာင့္လဲ ေရာင္တတ္ပါတယ္။
 
အူအတက္ေရာင္တာဟုတ္မဟုတ္ေအာက္ပါစစ္ေဆးမႈေတြျပဳလုပ္ရပါတယ္။
• သင့္ရဲ့ နာက်င္တဲ့ ေနရာကို သိနိုင္ရန္ လက္ေတြ႔ စမ္းသပ္ျခင္း
• ေရာဂါပိုးရွိမရွိ ေသြးစစ္ျခင္း
• သင့္ရဲ့ နာက်င္မွဳက ဆီးလမ္းေၾကာင္းပိုး၀င္ျခင္း သို႔ ေက်ာက္တည္ျခင္းေၾကာင့္ ဟုတ္မဟုတ္ ဆီးစစ္ၾကည့္ျခင္း
ဓာတ္မွန္၊ ၀မ္းဗိုက္အက္ထရာေဆာင္း သို႔ ကြန္ျပဴတာဓာတ္မွန္ေတြလဲ ရိုက္ၾကည့္နိုင္ပါတယ္။
 
အူအတက္ျဖစ္တာေသခ်ာၿပီဆိုရင္ေတာ႔ ကုသမႈဆက္ခံယူရပါမယ္။ မ်ားေသာအားျဖင့္ ခဲြစိတ္ကုသမွဳ (ေရာင္ေနတဲ့အူအတက္ကို ဖယ္ရွားျခင္း - appendectomy )ျပဳလုပ္ရင္ ေပ်ာက္ကင္းသြားႏိုင္ပါတယ္။
အသံုးမ်ားတဲ့ အူအတက္ခြဲျခင္း ၂ မ်ိဳးရွိပါတယ္။
• Laparoscopic appendectomy - မွန္ေျပာင္းပါတဲ့ ျပြန္ေခ်ာင္းေလးကို ၀မ္းဗိုက္တြင္း ထည့္ၾကည့္ျပီး အူအတက္ကို ဖယ္ရွားတဲ့ နည္းျဖစ္ပါတယ္။
• Open appendectomy - ၀မ္းဗိုက္ညာဘက္ပိုင္းမွာ ခြဲရာေပးျပီး အူအတက္ကို လွီးထုတ္ျခင္းျဖစ္ပါတယ္။
ဆရာ၀န္ေတြက ေရာဂါပိုးအတြက္ ပဋိဇီ၀ေဆးမ်ားေပးျခင္း၊ အနာသက္သာေဆးမ်ား နွင့္ ၀မ္းခ်ဳပ္ျခင္းေတြ အတြက္ ၀မ္းေပ်ာ့ေဆးမ်ားေပးနိုင္ပါတယ္။
 
ပံုမွန္ဆိုလွ်င္ လူနာအမ်ားစုက ေဆးရံုမွာ တစ္ရက္ေလာက္သာေနရျပီး ခြဲစိပ္ျပီးတဲ့ေန့မွာပဲ အိမ္ျပန္လို႔ ရေလ့ရွိပါတယ္။ ပိုဆိုးတဲ့ အူအတက္ေပါက္ျပဲသြားတဲ့ အေျခအေနေတြဆိုလွ်င္ေတာ့ ေဆးရံုတက္ရက္ေတြ ပိုမို ၾကာနိုင္ျပီး အေၾကာထဲသို႔ ပဋိဇီ၀ေဆးေတြ သြင္းရနိုင္ပါတယ္။ဆရာ၀န္က ေနာက္ဆက္တြဲေရာဂါေတြ ရွိမရွိ ေစာင့္ၾကည့္ပါလိမ့္မယ္။
 
က်န္းမာေပ်ာ္ရႊင္ၾကပါေစ။