【အလှအပနှင့်ကျန်းမာရေး】“ ဆီးကျိတ်ကြီးခြင်း (Benign Prostatic Hyperplasia)”

【အလှအပနှင့်ကျန်းမာရေး】“ ဆီးကျိတ်ကြီးခြင်း (Benign Prostatic Hyperplasia)”

ဆီးကျိတ် ဂလင်း( prostate gland) ဟာအမျိုးသားများရဲ့ ဆီးလမ်းကြောင်းနှင့်ဝမ်းလမ်းကြောင်းကြားမှာ ရှိတဲ့ဂလင်း ဖြစ်ပါတယ်။  ဆီးကျိတ်ဂလင်းကြီးလာတဲ့အခါဆီးလမ်းကြောင်းကိုဖိရာကနေ ဆီးသွားရခက်ခဲ ခြင်းကို စတင်ခံစားရတတ်ပါတယ်။ဆီးကျိတ်ကြီးခြင်း ဟာအသက်အရွယ်ကြီးတဲ့ အမျိုးသားများမှာ ဖြစ်လေ့ ရှိပါတယ်။

ဆီးကျိတ်ကြီးခြင်းကြောင့်ခံစားရတဲ့လက္ခဏာတွေကတော့,.......

၁- မကြာခဏဆီးသွားခြင်း၊ဆီးမထိန်းနိုင်ခြင်း

၂- ညအိပ်ချိန်တွင်မကြာခဏအိပ်ရာထ၍ဆီးသွားခြင်း

၃- ဆီးစသွားရန်အချိန်ယူရခြင်း၊ဆီးစသွားရန်ခက်ခဲခြင်း

၄- ဆီးသွားသောအခါဆီးအနည်းငယ်သာထွက်ပြီး၊

ဆီးလုံးသေးခြင်း၊ဆီးသွားရာတွင် ပြတ်တောင်းပြတ်တောင်းဖြစ်ခြင်း

၅- ဆီးသွားရန်ညှစ်ပြီးဆီးသွားရခြင်း

၆- ဆီးသွားပြီးနောက်တစ်စက်တစ်စက်ကျန်ခြင်း

၇- ဆီးကျန်နေသည်ဟုခံစားရခြင်း တို့ပဲဖြစ်ပါတယ်။

 

ဆီးကျိတ်ကြီးခြင်းကိုကုသမှုမခံယူပါက နောက်ဆက်တွဲလက္ခဏာတွေခံစားရနိုင်ပါတယ်။

ဆီးကျိတ်ကြီးခြင်းကြောင့်ဖြစ်တဲ့နောက်ဆက်တွဲလက္ခဏာများကတော့......

၁- ဆီးလမ်းကြောင်းပိုးဝင်ခြင်း

၂- ဆီးလမ်းကြောင်းတွင်ကျောက်တည်ခြင်း

၃- ဆီးသွားရာတွင်သွေးပါခြင်း

၄- ကျောက်ကပ်ပျက်စီးခြင်း တို့ပဲဖြစ်ပါတယ်။

ဆီးကျိတ်ကြီးခြင်းကို ဆေးဝါးနှင့်ကုသခြင်း နှင့် ခွဲစိတ်ကုသခြင်းနည်းဟူ၍ နည်းနှစ်မျိုးနဲ့ကုသနိုင် ပါတယ်။ဒါကြောင့်မိမိမှာဆီးကျိတ်ကြီးတဲ့လက္ခဏာတွေကိုခံစားရပါက တတ်ကျွမ်းနားလည်တဲ့ဆရာဝန်ထံမှာ ပြသ၍ မိမိနဲ့သင့်‌ တော်တဲ့ကုသမှုကိုရယူသင့်ပါတယ်။

 

Dr.Phyu

Photo credit - thekidneydr.com