【အလှအပနှင့်ကျန်းမာရေး】“ သွေးအားနည်းရောဂါ (Anaemia)”

【အလှအပနှင့်ကျန်းမာရေး】“ သွေးအားနည်းရောဂါ (Anaemia)”

သွေးအားနည်းရောဂါဆိုတာကတော့ ခန္ဓာကိုယ်ထဲကသွေးကြောထဲမှ သွေးနီဥထဲမှ‌ ဟေမိုဂလိုဘင်လို့‌ ခေါ်တဲ့ ပမာဏနည်းခြင်းကြောင့်‌ ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။
 
ဘာကြောင့်သွေးအားနည်းရောဂါဖြစ်ရတာလဲ?
 
၁- သွေးနီဥထုတ်လုပ်မှုနည်းခြင်း၊ ရိုးတွင်းခြင်ဆီမှ သွေးနီဥထုတ်လုပ်မှုနည်းခြင်း
 
၂- ခန္ဓာကိုယ်မှသွေးဆုံးရှုံးမှုများခြင်း
 
(ဥပမာ -နှာခေါင်းသွေးလျှံခြင်း၊သွားဖုံးသွေးယိုခြင်း၊ ဝမ်းသွားလျှင်သွေးပါခြင်း၊ အမျိုးသမီးများတွင် ဓမ္မတာရာသီသွေးများခြင်း)
 
၃- ခန္ဓာကိုယ်မှ သွေးနီဥကို ဖျက်ဆီးမှုများခြင်း စတာတွေကြောင့် သွေးအားနည်းရောဂါဖြစ်နိုင်ပါတယ်။
 
သွေးအားနည်းရောဂါရဲ့ရောဂါလက္ခဏာတွေကတော့
 
၁- ပင်ပန်းနွမ်းနယ်ခြင်း
 
၂- အားမရှိဘဲ နုံးချိနေခြင်း
 
၃- အသားအရောင်ဖြူဖျော့လာခြင်း
 
၄- မောခြင်း၊အသက်ရှူမဝခြင်း
 
၅- ရင်ဘတ်အောင့်ခြင်း
 
၆- ရင်တုန်ခြင်း
 
၇- ခေါင်းမူးခြင်း၊မူးမေ့ခြင်း
 
၈- ခေါင်းကိုက်ခြင်း စတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။
 
ဘယ်လိုလူတွေမှာသွေးအားနည်းရောဂါဖြစ်နိုင်ချေများသလဲ?
 
၁- အာဟာရပြည့်ဝအောင်မစားသူများ
 
၂- အကြောင်းအမျိုးမျိုးကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းဖြတ်တောက်ခွဲစိတ်ထားသူများ
 
၃- ရာသီသွေးပမာဏများသူအမျိုးသမီးများ
 
၄- ကိုယ်ဝန်ဆောင်များ
 
၅- နာတာရှည်ကျောက်ကပ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ
 
၆- မိသားစုမျိုးရိုးထဲတွင်သွေးအားနည်းရောဂါရှိသူများ စတဲ့သူတွေမှာ သွေးအားနည်းရောဂါ အဖြစ်များပါတယ်။
 
သွေးအားနည်းခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ?
 
၁- သံဓါတ်ကြွယ်ဝသော အနီရောင်အသားများ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များကို စားသုံးပါ။
 
၂- ဗိုက်တာမင်ဘီ 12 ကြွယ်ဝသော အစားအသောက်များဖြစ်သည့် အသားများ၊နို့ထွက်ပစ္စည်းများ ကိုစားသောက်ပါ။
 
၃- ဗိုက်တာမင်စီကြွယ်ဝသော ချဉ်၍အရည်ရွှမ်းသော အသီးများကို စားသောက်ခြင်းဖြင့် သံဓါတ်စုပ်ယူမှုကိုအား‌ကောင်းစေပါတယ်။
 
၄- ဖောလစ်အက်စစ်ကြွယ်ဝသော ပဲအမျိုးမျိုး၊အစေ့အဆန်များ၊ အသီးအနှံများကိုစားသောက်ပါ။
 
သွေးအားနည်းရောဂါရှိမရှိသိရဖို့အတွက် သွေးဖောက်စစ်ဆေးခြင်းဖြင့် သိရှိနိုင်ပါတယ်။
 
ဒါကြောင့် မိမိမှာသွေးအားနည်းရောဂါရဲ့ရောဂါလက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ နီးစပ်ရာဆေးရုံ၊ဆေးခန်းတွင် သွားရောက်စစ်ဆေး ကုသသင့်ပါတယ်။
 
Dr.Phyu

Photo Credit: The Pharmaceutical Journal